
တောင်ကြီး  စက်တင်ဘာ  ၁၅

165






+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖွင့်ပွဲ

တောင်ကြီး  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊ ပင်စိမ်းပင်ကျေးရွာနှင့်ဆီးကျ အင်း ကျေးရွာတို့တွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖွင့်လှစ်ပွဲကို ပင်စိမ်းပင်ကျေးရွာနှင့်ဆီးကျအင်းကျေးရွာ ရှိဆိုင်းဘုတ်ရှေ့တွင်ကျင်းပပြုခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဖွင့်ပွဲသို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌဦးအာကာလင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံဓနုတိုင်းရင်းသားများ၊ တောရိုးတိုင်းရင်းသားများ၊ ကျေးရွာနေပြည်သူလူထု များနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

ခရီးသွားလုပ်ငန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဗမာတိုင်းရင်းသသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပြည်နယ်ဥပဒေချုပ်ဦးတင်ဦးတို့က ပင်စိမ်းပင်ကျေးရွာနှင့်ဆီးကျအင်းကျေးရွာ၊ ခရီးသွား         အဆောက်အဦရှေ့Community Based Tourism (CBT)တွင်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးဖွင့်ပွဲအထိမ်းအမှတ် သစ်ပင်များစိုက်ပျိုးခြင်းနှင့်အဆောက်အဦအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍မဟာမြိုင်ဘုန်းကြီးကျောင်းတွင်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း Community Based Tourism (CBT)ဖွင့်ပွဲအခမ်းအနားကျင်းပရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း၊ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးတင်အောင်နိုင်၊ဖြူစင်ကုမ္ပဏီဥက္ကဋ္ဌဦးဝေစိုး၊ဓနုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့(DTDSO)ဥက္ကဋ္ဌဦးဝဏ္ဍသိန်းတို့ကအသီးသီးနှုတ်ခွန်ဆက်စကားပြောကြားပေးခဲ့ကြသည်။ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း Community Based Tourism (CBT)ကျေးရွာကော်မတီကိုယ်စား ဦးမြမော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းသိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 74 guests and no members online

Latest Updates