ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ဖလားခရိုင္အလိုက္အသက္(၁၉)ႏွစ္ေအာက္အမ်ိဳးသားေဘာလံုးၿပိဳင္ပြဲ၌ လြိဳင္လင္ခရိုင္အသင္း ဗိုလ္စြဲ

ေတာင္ႀကီး  စက္တင္ဘာ  ၁၅

166

၂၀၁၈ ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ဖလား အသက္(၁၉)ႏွစ္ေအာက္ခရိုင္အလိုက္အမ်ိဳးသား ေဘာလံုးၿပိဳင္ပြဲ ဗိုလ္လုပြဲကို စက္တင္ဘာလ ၁၅ ရက္ေန႔ မြန္းလြဲ ၂ နာရီခဲြက ရွမ္းျပည္နယ္အားကစားကြင္း၌ ေတာင္ႀကီး ခရိုင္အသင္းႏွင့္လိြဳင္လင္ခရိုင္အသင္းတို႔ယွဥ္ၿပိဳင္ကစားၾကရာ လိြဳင္လင္ခရိုင္အသင္း ႏွစ္ဂိုးတစ္ဂိုးျဖင့္အ နိုင္ရ ဗိုလ္စြဲသြားသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ျပည္နယ္လံုျခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးဗုိလ္မွဴး ႀကီးလွဦး၊ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ျပည္နယ္သယံဇာတႏွင့္ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ေက်ာင္းသား/ ေက်ာင္းသူမ်ား၊အားကစားဝါသနာရွင္မ်ားကဗိုလ္လုပြဲ ယွဥ္ၿပိဳင္ကစားမႈကိုတက္ ေရာက္အားေပးၾကည့္ရႈၾကသည္။

ၿပိဳင္ပြဲအၿပီးတြင္း ဆုမ်ားေပးအပ္ရာရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ က ပထမ ဗိုလ္စြဲသည့္ လိြဳင္လင္ခရိုင္အသင္းကို ပထမတံခြန္စိုက္ဆုဖလားႏွင့္ဆုေငြမ်ားခ်ီးျမွင့္ေပးၿပီး၊ျပည္နယ္ဝန္ႀကီးမ်ားႏွင့္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက က်န္ဆုရအသင္းႏွင့္အေကာင္းဆံုးဆုရရွိသူမ်ားကို တာဝန္ရွိသူမ်ားအား ဆုမ်ားေပးအပ္ခဲ့ၾကေၾကာင္း သိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင်အလိုက်အသက်(၁၉)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ၌ လွိုင်လင်ခရိုင်အသင်း ဗိုလ်စွဲ

တောင်ကြီး  စက်တင်ဘာ  ၁၅

၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက်ခရိုင်အလိုက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ရှမ်းပြည်နယ်အားကစားကွင်း၌ တောင်ကြီး ခရိုင်အသင်းနှင့်လွိုင်လင်ခရိုင်အသင်းတို့ယှဉ်ပြိုင်ကစားကြရာ လွိုင်လင်ခရိုင်အသင်း နှစ်ဂိုးတစ်ဂိုးဖြင့်အ နိုင်ရ ဗိုလ်စွဲသွားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီးလှဦး၊ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ကျောင်းသား/ ကျောင်းသူများ၊အားကစားဝါသနာရှင်များကဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှုကိုတက် ရောက်အားပေးကြည့်ရှုကြသည်။

ပြိုင်ပွဲအပြီးတွင်း ဆုများပေးအပ်ရာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က ပထမ ဗိုလ်စွဲသည့် လွိုင်လင်ခရိုင်အသင်းကို ပထမတံခွန်စိုက်ဆုဖလားနှင့်ဆုငွေများချီးမြှင့်ပေးပြီး၊ပြည်နယ်ဝန်ကြီးများနှင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကျန်ဆုရအသင်းနှင့်အကောင်းဆုံးဆုရရှိသူများကို တာဝန်ရှိသူများအား ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 36 guests and no members online

Latest Updates