ကမာၻ႔အိုဇုန္းလႊာထိန္းသိမ္းေရးေန႔အထိမ္းအမွတ္အခမ္းအနားေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး  စက္တင္ဘာ  ၁၆

167

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ရွမ္းျပည္နယ္ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနတို႔ပူးေပါင္းက်င္းပေသာ ကမာၻ႔အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္ အခမ္းအနားကို စက္တင္ဘာလ ၁၆ ရက္ေန႔ နံနက္ ၁၀ နာရီတြင္သစ္ေတာရပ္ကြက္၊ေတာင္ႀကီးၿမိဳ႕၊ၿမိဳ႕ေတာ္ခန္းမ၌က်င္းပခဲ့သည္။

အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ျပည္နယ္လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဗုိလ္မွဴးႀကီး လွဦး၊ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ျပည္နယ္သယံဇာတႏွင့္ပတ္ဝန္း က်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ျပည္နယ္စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္း လံုေက်ာ္၊ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴးဦးစိုးစိုးေဇာ္၊ပအိုဝ္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးဥကၠ႒ ဦးခြန္စံ လြင္၊ဗမာတိုင္းရင္းသားလူမ်ဳိးေရးရာဝန္ႀကီးေဒါက္တာေအာင္သန္းေမာင္၊ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္စာေရးစစ္ခ်ဳပ္ေဒၚနန္းဝုိဟိန္း၊ျပည္နယ္/ခရုိင္/ၿမိဳ႕နယ္အဆင့္ဌာန ဆိုင္ရာမ်ား၊ပညာေရးေကာလိပ္မွေက်ာင္း သားမ်ား၊သူနာျပဳဆရာမမ်ား၊အေျခခံပညာအထက္တန္းေက်ာင္းမွေက်ာင္းသား/ေက်ာင္းသူမ်ား၊အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ား၊ရွမ္းျပည္နယ္ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွညႊန္ၾကားေရးမွဴးႏွင့္ဝန္ထမ္းမ်ား၊ၿမိဳ႕ေပၚရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္အျခားဖိတ္ၾကားထားသူမ်ားတက္ေရာက္ခဲ့ၾကသည္။

အဆိုပါအခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ က ကၽြန္ေတာ္တို႔ လူသားအားလံုး မွီတင္းေနထိုင္ၾကတဲ့ကမာၻႀကီး ေရရွည္ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေစေရး၊ ပစၥဳပၸန္နဲ႔အနာဂတ္မ်ိဳးဆက္သစ္မ်ားအတြက္ ေကာင္းမြန္ၿပီး သန္႔ရွင္းသာယာလွပတဲ့ ပတ္ဝန္းက်င္ကိုလက္ဆင့္ကမ္း ေပးနိုင္ေရးအတြက္ မိမိကိုယ္ကုိကာကြယ္ဖို႔လည္းလိုအပ္သလို ကမာၻ႔ေလထုအတြင္း အိုဇုန္းလႊာပ်က္စီးေစတဲ့ ပတ္ဝန္းက်င္ထိန္းသိမ္းေရးလုပ္ငန္းေတြမွာလည္း ျပည္သူလူထု အားလံုး အသိစိတ္ဓါတ္ရွိရွိျဖင့္ တက္တက္ၾကြၾကြ ပူးေပါင္းပါဝင္ ႀကိဳးပမ္းေဆာင္ရြက္ၾကရမည္။

ျပည္သူလူထုအေနနဲ႔အိုဇုန္းလႊာပ်က္စီးေစတဲ့ ျဒပ္ပစၥည္းမ်ားကိုသံုးစြဲမယ့္အစား အိုဇုန္းလႊာကို မထိခိုက္ေစ တဲ့ ပစၥည္းမ်ားကို အစားထိုးသံုးစြဲျခင္းႏွင့္ေလွ်ာ့ခ်သံုးစြဲျခင္းအားျဖင့္ ကမာၻ႔အပူခ်ိန္ုေလ်ာ့ခ်ဖို႔ ဆက္လက္ေဆာင္ရြက္စို႔ ပူးေပါင္းပါဝင္ သြားၾကဖို႔ အဖြင့္အမွာစကားေျပာၾကာေပးခဲ့သည္။ဆက္လက္၍အိုဇုန္းလႊာ ကာကြယ္ေရးဆုိင္ရာ အသိ ပညာေပး ဗီြဒီယိုျပသခဲ့ၿပီး၊တက္ေရာက္လာၾကေသာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ႏွင့္ဇနီး၊ျပည္နယ္ဝန္ႀကီးမ်ား၊ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ဧည့္သည္ေတာ္မ်ားႏွင့္အတူစုေပါင္း၍အမွတ္တရ ဓါတ္ပံုရိုက္ကူးခဲ့ၾကၿပီး၊ကမာၻ႔အိုဇုန္းလႊာထိန္းသိမ္းေရးေန႔အထိမ္းအမွတ္တြင္ခင္းက်င္းျပသထားေသာ ျပခန္းအားလ်ည့္လည္ၾကည့္ရႈခဲ့ၾကေၾကာင္းသိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင်သစ်တောရပ်ကွက်၊တောင်ကြီးမြို့၊မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှဦး၊ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ပြည်နယ်သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်း လုံကျော်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော်၊ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံ လွင်၊ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်စာရေးစစ်ချုပ်ဒေါ်နန်းဝိုဟိန်း၊ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ပညာရေးကောလိပ်မှကျောင်း သားများ၊သူနာပြုဆရာမများ၊အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား/ကျောင်းသူများ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ကျွန်တော်တို့ လူသားအားလုံး မှီတင်းနေထိုင်ကြတဲ့ကမ္ဘာကြီး ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ပစ္စုပ္ပန်နဲ့အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပတဲ့ ပတ်ဝန်းကျင်ကိုလက်ဆင့်ကမ်း ပေးနိုင်ရေးအတွက် မိမိကိုယ်ကိုကာကွယ်ဖို့လည်းလိုအပ်သလို ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာလည်း ပြည်သူလူထု အားလုံး အသိစိတ်ဓါတ်ရှိရှိဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြရမည်။

ပြည်သူလူထုအနေနဲ့အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းများကိုသုံးစွဲမယ့်အစား အိုဇုန်းလွှာကို မထိခိုက်စေ တဲ့ ပစ္စည်းများကို အစားထိုးသုံးစွဲခြင်းနှင့်လျှော့ချသုံးစွဲခြင်းအားဖြင့် ကမ္ဘာ့အပူချိန်ုလျော့ချဖို့ ဆက်လက်ဆောင်ရွက်စို့ ပူးပေါင်းပါဝင် သွားကြဖို့ အဖွင့်အမှာစကားပြောကြာပေးခဲ့သည်။ဆက်လက်၍အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ဗွီဒီယိုပြသခဲ့ပြီး၊တက်ရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့်ဇနီး၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ဧည့်သည်တော်များနှင့်အတူစုပေါင်း၍အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး၊ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်တွင်ခင်းကျင်းပြသထားသော ပြခန်းအားလျည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 40 guests and no members online

Latest Updates