ရွမ္းျပည္နယ္ၿမိဳ႕နယ္/ၿမိဳ႕နယ္ခြဲမ်ားစည္ပင္သာယာေရးေကာ္မတီမ်ားသို႔ ေထာက္ပံ့ေပးအပ္ေသာယာဥ္၊စက္၊ယနၱရား (၃၄)စီးလႊဲေျပာင္းေပးအပ္ပြဲက်င္းပ

ေတာင္ႀကီး  စက္တင္ဘာ  ၂၁

173

ရွမ္းျပည္နယ္အစိုးရအဖြဲ႕စည္ပင္သာယာေရးဝန္ႀကီးဌာန၊ရွမ္းျပည္နယ္စည္ပင္သာယာေရးေကာ္မတီကြပ္ကဲမႈေအာက္ရွိၿမိဳ႕နယ္/ၿမိဳ႕နယ္ခြဲမ်ားစည္ပင္သာယာေရးေကာ္မတီမ်ားသို႔ ေထာက္ပံ့ေပးအပ္ေသာယာဥ္၊စက္၊ယနၱရား (၃၄)စီးလႊဲေျပာင္းေပးအပ္ပြဲကို စက္တင္ဘာလ ၂၁ ရက္ေန႔ မြန္းလြဲ ၃ နာရီခဲြအခ်ိန္တြင္ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပ ရာရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ျပည္နယ္ဝန္ႀကီးမ်ား၊ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊အလွဴရွင္ကုမၸဏီမ်ားႏွင့္ၿမိဳ႕နယ္/ၿမိဳ႕နယ္ခြဲစည္ပင္သာယာေရးေကာ္မတီမ်ားတက္ေရာက္ခဲ့ၾကသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီးဦးစိုင္းစြံဆိုင္း က ၂၀၁၈-၂၀၁၉ ခု ဘ႑ာေရး ႏွစ္၊အပိုင္း(၁)မွာၿမိဳ႕နယ္/ၿမိဳ႕နယ္ခြဲစည္ပင္သာယာေရးဌာနမ်ားအတြက္ လိုအပ္ေနတဲ့ ယာဥ္၊စက္၊ယ ႏၱရား(၃၄)စီးကို ရွမ္းျပည္နယ္အစိုးရအဖြဲေထာက္ပံ့ေငြ၊ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာနရန္ပံုေငြ၊ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမ်ားရဲ႕ရန္ပံုေငြမ်ားနဲ႕ဝယ္ယူခဲ့ရာ တင္ဒါေအာင္ျမင္တဲ့ ျခဴးကမာၻကုမၸဏီ၊ထြန္းေနဝန္းသစၥာကုမၸဏီ၊ျမန္မာကိုင္ဒုိ ကုမၸဏီႏွင့္MSP CAT ကုမၸဏီတို႔မွၿမိဳ႕နယ္/ၿမိဳ႕နယ္ခြဲစည္ပင္သာယာေရးဌာနမ်ားကိုယာဥ္၊စက္၊ယ ႏၱရား(၃၄)စီးအား လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္သည္။

ၿမိဳ႕နယ္/ၿမိဳ႕နယ္ခြဲစည္ပင္သာယာေရးဌာနမ်ားအေနျဖင့္လည္းမိမိတို႔၏စည္ပင္သာယာေရးဌာနပိုင္ယာဥ္၊ စက္၊ယ ႏၱရားမ်ားကိုစနစ္တက်သံုစြဲဖို႔၊ေရရွည္ၾကံ့ခိုင္ဖို႔အတြက္ျပဳျပင္ထိန္းသိမ္းဖို႔၊စနစ္တက်ထားရွိဖို႔ အဖြင့္စကား ေျပာၾကားခဲ့သည္။

ဆက္လက္၍၊ျမန္မာကိုင္ဒုိ ကုမၸဏီ၊ထြန္းေနဝန္းသစၥာကုမၸဏီႏွင့္MSP CAT ကုမၸဏီတို႔မွတာဝန္ရွိသူမ်ားက မိမိတို႔၏လုပ္ငန္းမ်ားအေၾကာင္းႏွင့္လုိအပ္မည္စက္ပစၥည္းမ်ားကိုအခ်ိန္မွီမာယူနို္င္ေၾကာင္းရွင္းလင္းႏႈတ္ဆက္စကားေျပာၾကားခဲ့ၾကသည္။ထိုေနာက္ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ က ၿမိဳ႕နယ္စည္ပင္ သာယာေရးေကာ္မတီ(၂)ခုအတြက္ေျမတူးစက္(၈)တန္(၂)စီးကိုက်ဳိင္တံုႏွင့္ေက်ာက္မဲၿမိဳ႕မွျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအားလည္းေကာင္း၊ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္စိုက္ပ်ဳိး ေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဦးစိုင္းလံုေက်ာ္ကၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ(၄)ခုေျမတူးစက္(၆)တန္(၄)စီးကိုေပးအပ္ရာျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတို႔ကလက္ခံရယူခဲ့ၾကေၾကာင္း၊ျပည္နယ္ဝန္ႀကီးမ်ားက ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမ်ားအတြက္ အမိႈက္သိမ္းယာဥ္၊လမ္း ႀကိတ္စက္၊ေရသယ္ယာဥ္၊ေရပုပ္စုပ္ယာဥ္၊ကတၱရားဖ်န္းကားတို႔ကိုေပးအပ္ရာျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတို႔ကအသီးသီးလက္ခံရယူခဲ့ၾကသည္။ယင္းေနာက္ၿမိဳ႕ေတာ္ခန္းမဝင္းအတြင္း ရပ္နားထားေသာ ယာဥ္၊စက္၊ယ ႏၱရားမ်ားအားလွည့္လည္ၾကည့္ရႈၿပီးအေမႊးနံ႔သာရည္မ်ားပက္ဖ်န္းေပးခဲ့ၾကေၾကာင္း သိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်မြို့နယ်/မြို့နယ်ခွဲများစည်ပင်သာယာရေးကော်မတီများသို့ ထောက်ပံ့ပေးအပ်သောယာဉ်၊စက်၊ယန္တရား (၃၄)စီးလွှဲပြောင်းပေးအပ်ပွဲကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့စည်ပင်သာယာရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှုအောက်ရှိမြို့နယ်/မြို့နယ်ခွဲများစည်ပင်သာယာရေးကော်မတီများသို့ ထောက်ပံ့ပေးအပ်သောယာဉ်၊စက်၊ယန္တရား (၃၄)စီးလွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် မြို့တော်ခန်းမ၌ ကျင်းပ ရာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊အလှူရှင်ကုမ္ပဏီများနှင့်မြို့နယ်/မြို့နယ်ခွဲစည်ပင်သာယာရေးကော်မတီများတက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း က ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေး နှစ်၊အပိုင်း(၁)မှာမြို့နယ်/မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများအတွက် လိုအပ်နေတဲ့ ယာဉ်၊စက်၊ယ န္တရား(၃၄)စီးကို ရှမ်းပြည်နယ်အစိုးရအဖွဲထောက်ပံ့ငွေ၊ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနရန်ပုံငွေ၊မြို့နယ်စည်ပင်သာယာရေးဌာနများရဲ့ရန်ပုံငွေများနဲ့ဝယ်ယူခဲ့ရာ တင်ဒါအောင်မြင်တဲ့ ခြူးကမ္ဘာကုမ္ပဏီ၊ထွန်းနေဝန်းသစ္စာကုမ္ပဏီ၊မြန်မာကိုင်ဒို ကုမ္ပဏီနှင့်MSP CAT ကုမ္ပဏီတို့မှမြို့နယ်/မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများကိုယာဉ်၊စက်၊ယ န္တရား(၃၄)စီးအား လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

မြို့နယ်/မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများအနေဖြင့်လည်းမိမိတို့၏စည်ပင်သာယာရေးဌာနပိုင်ယာဉ်၊ စက်၊ယ န္တရားများကိုစနစ်တကျသုံစွဲဖို့၊ရေရှည်ကြံ့ခိုင်ဖို့အတွက်ပြုပြင်ထိန်းသိမ်းဖို့၊စနစ်တကျထားရှိဖို့ အဖွင့်စကား ပြောကြားခဲ့သည်။

ဆက်လက်၍၊မြန်မာကိုင်ဒို ကုမ္ပဏီ၊ထွန်းနေဝန်းသစ္စာကုမ္ပဏီနှင့်MSP CAT ကုမ္ပဏီတို့မှတာဝန်ရှိသူများက မိမိတို့၏လုပ်ငန်းများအကြောင်းနှင့်လိုအပ်မည်စက်ပစ္စည်းများကိုအချိန်မှီမာယူန်ိုင်ကြောင်းရှင်းလင်းနှုတ်ဆက်စကားပြောကြားခဲ့ကြသည်။ထိုနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် က မြို့နယ်စည်ပင် သာယာရေးကော်မတီ(၂)ခုအတွက်မြေတူးစက်(၈)တန်(၂)စီးကိုကျိုင်တုံနှင့်ကျောက်မဲမြို့မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီအားလည်းကောင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်ကမြို့နယ်စည်ပင်သာယာရေးကော်မတီ(၄)ခုမြေတူးစက်(၆)တန်(၄)စီးကိုပေးအပ်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ကလက်ခံရယူခဲ့ကြကြောင်း၊ပြည်နယ်ဝန်ကြီးများက မြို့နယ်စည်ပင်သာယာရေးကော်မတီများအတွက် အမှိုက်သိမ်းယာဉ်၊လမ်း ကြိတ်စက်၊ရေသယ်ယာဉ်၊ရေပုပ်စုပ်ယာဉ်၊ကတ္တရားဖျန်းကားတို့ကိုပေးအပ်ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ကအသီးသီးလက်ခံရယူခဲ့ကြသည်။ယင်းနောက်မြို့တော်ခန်းမဝင်းအတွင်း ရပ်နားထားသော ယာဉ်၊စက်၊ယ န္တရားများအားလှည့်လည်ကြည့်ရှုပြီးအမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 48 guests and no members online