(၃၀)မဂၢါဝပ္ ေရအားလၽွပ္စစ္စီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ နားလည္မႈ (MOU) လက္မွတ္ေရးထိုး

ေတာင္ႀကီး စက္တင္ဘာ - ၂၆

177

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ နမ့္ပန္ေခ်ာင္းႏွင့္ နမ့္စီးေဟာ္ေခ်ာင္းဆုံတြင္ နမ့္စီးေဟာ္ (၃၀)မဂၢါဝပ္ေရအားလၽွပ္စစ္စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ၿပီးစီးပါက နမ့္ဟူခါး႐ြာ ပတ္ဝန္းက်င္ ေဒသကို လၽွပ္စစ္မီး မ်ား ျဖန္႔ျဖဴးၿပီး ပိုလွ်ံေသာ လၽွပ္စစ္အားကို ႏိုင္ငံေတာ္သို႔ ေပးသြင္းသြားမည္ ျဖစ္ေၾကာင္း စက္တင္ဘာ (၂၅)ရက္ေန႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး႐ုံးခန္းမ၌ က်င္းပေသာ နားလည္မႈစာခၽြန္လႊာ (MOU) လက္မွတ္ေရးထိုးပြဲတြင္ YS Golden Butterfly Co.Ltd မွ စီမံေရးရာဌာန၊ မန္ေနဂ်ာ ကိုေက်ာ္ဇင္ဦးက ေျပာသည္။

နမ့္စီးေဟာ္ (၃၀)မဂၢါဝပ္ေရအားလၽွပ္စစ္စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ နားလည္မႈစာခၽြန္လႊာ (MOU) လက္မွတ္ေရးထိုးပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္ က အမွာစကား ေျပာၾကားၿပီး၊ နားလည္မႈစာခၽြန္လႊာ (MOU) လက္မွတ္ေရးထိုးျခင္းႏွင့္ပတ္သက္၍ YS Golden Butterfly Co.Ltd မွ တာဝန္ရွိသူတစ္ဦးက စီမံကိန္းၿပီးစီးပါက ၎ေဒသရွိ႐ြာမ်ားကို ပညာေရး၊ က်န္းမာေရး၊ လူမႈေရးကိစၥရပ္မ်ားကို ေဆာင္႐ြက္ေပး သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

“ကၽြန္ေတာ္တို႔ စီမံကိန္းမစတင္မီ ၂၀၁၈ ခုႏွစ္၊ ေမလတြင္စတင္၍ ကြင္းဆင္းေလ့လာၿပီး (၃၀) မဂၢါဝပ္ ေရအား လၽွပ္စစ္စီမံကိန္းတည္ေဆာက္ႏိုင္ရန္ ယခုလို ရွမ္းျပည္နယ္အစိုးရအဖြဲ႕နဲ႔ နားလည္မႈစာခၽြန္လႊာ (MOU) လက္မွတ္ေရးထိုး ရျခင္းျဖစ္ေၾကာင္း”၎ကေျပာသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဘ႑ာေရးဝန္ႀကီး၊ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရး ဝန္ႀကီး၊ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉးႏွင့္ YS Golden Butterfly Co.Ltd တို႔မွ အျပန္အလွန္လက္မွတ္ ေရးထိုးၾကေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၃၀)မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှု (MOU) လက်မှတ်ရေးထိုး

တောင်ကြီး စက်တင်ဘာ - ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းရှိ နမ့်ပန်ချောင်းနှင့် နမ့်စီးဟော်ချောင်းဆုံတွင် နမ့်စီးဟော် (၃၀)မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက နမ့်ဟူခါးရွာ ပတ်ဝန်းကျင် ဒေသကို လျှပ်စစ်မီး များ ဖြန့်ဖြူးပြီး ပိုလွ်ံေသာ လျှပ်စစ်အားကို နိုင်ငံတော်သို့ ပေးသွင်းသွားမည် ဖြစ်ကြောင်း စက်တင်ဘာ (၂၅)ရက်နေ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးရုံးခန်းမ၌ ကျင်းပသော နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲတွင် YS Golden Butterfly Co.Ltd မှ စီမံရေးရာဌာန၊ မန်နေဂျာ ကိုကျော်ဇင်ဦးက ပြောသည်။

နမ့်စီးဟော် (၃၀)မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင် က အမှာစကား ပြောကြားပြီး၊ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ YS Golden Butterfly Co.Ltd မှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းပြီးစီးပါက ၎င်းဒေသရှိရွာများကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ စီမံကိန်းမစတင်မီ ၂၀၁၈ ခုနှစ်၊ မေလတွင်စတင်၍ ကွင်းဆင်းလေ့လာပြီး (၃၀) မဂ္ဂါဝပ် ရေအား လျှပ်စစ်စီမံကိန်းတည်ဆောက်နိုင်ရန် ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုး ရခြင်းဖြစ်ကြောင်း”၎င်းကပြောသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် YS Golden Butterfly Co.Ltd တို့မှ အပြန်အလှန်လက်မှတ် ရေးထိုးကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 46 guests and no members online

Latest Updates