အင္းေလးကန္ စီမံကိန္းသစ္ႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ လာေရာက္ေတြ႕ဆုံ

ေတာင္ႀကီး ေအာက္တိုဘာ - ၁၁

186

ကုလသမဂၢဖြံ႕ၿဖိဳးေရးအစီအစဥ္ (UNDP) ရန္ကုန္႐ုံးမွ Mr. Martin Coiser သည္ ကုလသမဂၢဖြံ႕ၿဖိဳးေရး အစီအစဥ္၏ အင္းေလးကန္စီမံကိန္းသစ္ႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ အင္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာထြန္းလႈိင္၊ အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္၊ သက္ဆိုင္ရာ ျပည္နယ္အဆင့္ ဌာနဆိုင္ရာမ်ားႏွင့္အတူ ေအာက္တိုဘာ (၁၀)ရက္ မြန္းလႊဲ (၂)နာရီက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဧည့္ခန္းမတြင္ လာေရာက္ေတြ႕ဆုံေၾကာင္း သိရွိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က မိတ္ဆက္စကားေျပာၾကားၿပီး တက္ေရာက္ လာသူမ်ားႏွင့္ မိတ္ဆက္ေပးကာ (UNDP) ရန္ကုန္႐ုံးမွ Mr. Martin Coiser က UNDP အေနျဖင့္ အစိုးရအဖြဲ႕အျပင္ အျခားေသာအဖြဲ႕အစည္းမ်ားႏွင့္ လုပ္ငန္းမ်ားေဆာင္႐ြက္ေနေၾကာင္း၊ အင္းေလးေဒသစီမံခန္႔ခြဲမႈ၊ ေစာင့္ေရွာက္မႈမ်ားကို ထိန္းသိမ္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ Project အသစ္ျဖစ္၍ Project အသစ္အေပၚအေျခခံၿပီး ေဆာင္႐ြက္ေန ေၾကာင္း၊ အင္းေလးေဒသကို လြန္ခဲ့ေသာ (၁၅)ႏွစ္က မိမိသည္ ႏိုင္ငံျခားဧည့္သည္အျဖစ္ လာေရာက္ခဲ့ေၾကာင္း၊ ယခု အခါအင္းေလးေဒသအတြက္ ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ားကို ေဆာင္႐ြက္ေနေၾကာင္း၊ အင္းေလးေဒသရွိ ျပည္သူမ်ားကို လည္း အလုပ္အကိုင္၊ အခြင့္အလမ္းမ်ားရရွိေအာင္ ေဆာင္႐ြက္ေပးေစလိုေၾကာင္း၊ စီးပြားေရးအခြင့္အလမ္းမ်ားကိုလည္း ရရွိေအာင္ ကူညီလိုေၾကာင္း၊ မည္သည့္ေနရာတြင္ ကူညီေပးႏိုင္ရန္ သိခ်င္လိုေၾကာင္း၊ Project အသစ္အေပၚမူတည္၍ မိမိအေနျဖင့္ Workshop တစ္ခုေဆာင္႐ြက္လိုေၾကာင္း ေဆြးေႏြးသြားသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အခုလိုလာေရာက္ေတြ႕ဆုံၿပီး အင္းေလးေဒသအတြက္ ကူညီေဆာင္႐ြက္ေပးသည္ကို ေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ အင္းေလးေဒသႏွင့္ပတ္သက္၍ လိုအပ္သည္မ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္ေပးေစလိုေၾကာင္း ေျပာၾကားသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ျပန္/ဆက္ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အင်းလေးကန် စီမံကိန်းသစ်နှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံ

တောင်ကြီး အောက်တိုဘာ - ၁၁

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရန်ကုန်ရုံးမှ Mr. Martin Coiser သည် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၏ အင်းလေးကန်စီမံကိန်းသစ်နှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာ (၁၀)ရက် မွန်းလွှဲ (၂)နာရီက တောင်ကြီးမြို့၊ ပြည်နယ်ဝန်ကြီးချုပ်ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံကြောင်း သိရှိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မိတ်ဆက်စကားပြောကြားပြီး တက်ရောက် လာသူများနှင့် မိတ်ဆက်ပေးကာ (UNDP) ရန်ကုန်ရုံးမှ Mr. Martin Coiser က UNDP အနေဖြင့် အစိုးရအဖွဲ့အပြင် အခြားသောအဖွဲ့အစည်းများနှင့် လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ အင်းလေးဒေသစီမံခန့်ခွဲမှု၊ စောင့်ရှောက်မှုများကို ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ Project အသစ်ဖြစ်၍ Project အသစ်အပေါ်အခြေခံပြီး ဆောင်ရွက်နေ ကြောင်း၊ အင်းလေးဒေသကို လွန်ခဲ့သော (၁၅)နှစ်က မိမိသည် နိုင်ငံခြားဧည့်သည်အဖြစ် လာရောက်ခဲ့ကြောင်း၊ ယခု အခါအင်းလေးဒေသအတွက် ထိန်းသိမ်းစောင့်ရှောက်မှုများကို ဆောင်ရွက်နေကြောင်း၊ အင်းလေးဒေသရှိ ပြည်သူများကို လည်း အလုပ်အကိုင်၊ အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ စီးပွားရေးအခွင့်အလမ်းများကိုလည်း ရရှိအောင် ကူညီလိုကြောင်း၊ မည်သည့်နေရာတွင် ကူညီပေးနိုင်ရန် သိချင်လိုကြောင်း၊ Project အသစ်အပေါ်မူတည်၍ မိမိအနေဖြင့် Workshop တစ်ခုဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အခုလိုလာရောက်တွေ့ဆုံပြီး အင်းလေးဒေသအတွက် ကူညီဆောင်ရွက်ပေးသည်ကို ကျေးဇူးတင်ရှိပါကြောင်းနှင့် အင်းလေးဒေသနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃