ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပမည့္ အေဝရာမီးပုံးပ်ံကြင္းသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး ႏိုဝင္ဘာ ၁၃

207

၂၀၁၈ ခုႏွစ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ကို ႏိုဝင္ဘာ ၁၄ ရက္ေန႔တြင္ က်င္းပမည္ျဖစ္၍ ပြဲေတာ္က်င္းပမည့္ အေဝရာမီးပုံးပ်ံကြင္းသို႔ ႏိုဝင္ဘာလ ၁၃ ရက္ ညေန ၃ နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ပြဲေတာ္က်င္းပေရး ဆပ္ေကာ္မတီဝင္မ်ားႏွင့္အတူ ကြင္းဆင္းၾကည့္႐ႈစစ္ေဆးၾကေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ မီးပုံးပ်ံကြင္း လႊတ္မည့္ေနရာႏွင့္ မီးပုံးပ်ံကြင္း အတြင္း ရွမ္းျပည္နယ္မီးသတ္ဦးစီးဌာနမွ အေရးေပၚမီးၿငိမ္းသတ္မႈ သ႐ုပ္ျပေနမႈကို ၾကည့္႐ႈျခင္းႏွင့္ မီးပုံးပ်ံယမ္း မီးႀကီးေခြခ်ိတ္မည့္ေနရာမ်ား၊ ပြဲေတာ္လာျပည္သူမ်ားအတြက္ ယာဥ္ရပ္နားစခန္းထားရွိမည့္ေနရာမ်ား၊ LED ဘုတ္ ျဖင့္ ထုတ္လႊင့္ျပသမည့္ေနရာမ်ားကို လွည့္လည္ၾကည့္႐ႈျခင္းႏွင့္ တန္ေဆာင္တိုင္ပြဲေတာ္မီးပုံးပ်ံစတင္ပူေဇာ္မည့္ စူဠာမုနိေလာကခ်မ္းသာဘုရားရင္ျပင္ေပၚတြင္ ျပဳျပင္ထားရွိမႈတို႔ကို သြားေရာက္ၾကည့္႐ႈၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပမည့် အဝေရာမီးပုံးပျံကွင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

တောင်ကြီး နိုဝင်ဘာ ၁၃

၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ ပွဲတော်ကျင်းပမည့် အဝေရာမီးပုံးပျံကွင်းသို့ နိုဝင်ဘာလ ၁၃ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပွဲတော်ကျင်းပရေး ဆပ်ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မီးပုံးပျံကွင်း လွှတ်မည့်နေရာနှင့် မီးပုံးပျံကွင်း အတွင်း ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ အရေးပေါ်မီးငြိမ်းသတ်မှု သရုပ်ပြနေမှုကို ကြည့်ရှုခြင်းနှင့် မီးပုံးပျံယမ်း မီးကြီးခွေချိတ်မည့်နေရာများ၊ ပွဲတော်လာပြည်သူများအတွက် ယာဉ်ရပ်နားစခန်းထားရှိမည့်နေရာများ၊ LED ဘုတ် ဖြင့် ထုတ်လွှင့်ပြသမည့်နေရာများကို လှည့်လည်ကြည့်ရှုခြင်းနှင့် တန်ဆောင်တိုင်ပွဲတော်မီးပုံးပျံစတင်ပူဇော်မည့် စူဠာမုနိလောကချမ်းသာဘုရားရင်ပြင်ပေါ်တွင် ပြုပြင်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 72 guests and no members online

Latest Updates