ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ မီးပုံးပ်ံမ်ားလႊတ္တင္ဖြင့္လွစ္

ေတာင္ႀကီး ႏိုဝင္ဘာ - ၁၅

208

၂၀၁၈ ခုႏွစ္ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕တန္ေဆာင္တိုင္ပြဲေတာ္ မီးပုံးပ်ံၿပိဳင္ပြဲကို ႏိုဝင္ဘာ ၁၄ ရက္ ညေန ၅ နာရီက ေတာင္ႀကီးၿမိဳ႕ က်က္သေရေဆာင္ စူဠာမုနိေလာကခ်မ္းသာ ေစတီေတာ္ရင္ျပင္တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က စိန္နားပန္ မီးပုံးပ်ံအား လႊတ္တင္ ပူေဇာ္ ေပးၾကသည္။

ဆက္လက္၍ ေက်ာင္းႀကီးစုရပ္ကြက္ရွိ အေဝရာကုန္းသာယာမီးပုံးပ်ံကြင္း၌ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ဖြင့္ပြဲကို က်င္းပရာ တိုင္းရင္းသား႐ိုးရာ သီခ်င္းမ်ားျဖင့္ တိုင္းရင္းသား ယဥ္ေက်းမႈအကအဖြဲ႕မွ ကျပေဖ်ာ္ေျဖၾကၿပီး၊ ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္က်င္းပေရးဦးစီးေကာ္မတီဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ မီးပုံးပ်ံၿပိဳင္ပြဲ ဖြင့္ပြဲ၊ ပိတ္ပြဲက်င္းပေရးလုပ္ငန္းေကာ္မတီဥကၠဌ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ေဒါက္တာညီညီေအာင္ႏွင့္ တာဝန္ရွိသူမ်ားက ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ မီးပုံးပ်ံၿပိဳင္ပြဲကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ေပးၾကသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္ယဥ္ေက်းမႈအဖြဲ႕က ကိႏၷရီ/ကိႏၷရာအက၊ တိုးနယားအက၊ ဓါးသိုင္းအက၊ ေဒါင္းအက မီးအလွတို႔ျဖင့္ ကျပေဖ်ာ္ေျဖၾကၿပီး၊ ရွမ္းျပည္နယ္ တိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕မ်ားမွ “ကမၻာေက်ာ္တဲ့ပြဲ” တန္ေဆာင္တိုင္ သီခ်င္းျဖင့္ ကျပေဖ်ာ္ေျဖၾကကာ ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္က်င္းပေရးဦးစီးေကာ္မတီနာယက ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က တန္ေဆာင္တိုင္ပြဲေတာ္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးၿပီး မီး႐ႈး၊ မီးပန္းမ်ားပစ္ေဖာက္ကာ ဖြင့္ပြဲအထိမ္းအမွတ္အျဖစ္ စိန္နားပန္မီးပုံးပ်ံအႀကီး(၂)လုံးႏွင့္ မီးပုံးပ်ံ အလုံးငယ္(၄၅၀၀)လုံးတို႔ကို လြတ္တင္ၾကသည္။

အဆိုပါ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ကို ႏိုဝင္ဘာ ၁၄ ရက္မွ ၂၃ ရက္ေန႔အထိ (၁၀)ရက္တိုင္တိုင္ စည္ကား သိုက္ၿမိဳက္စြာက်င္းပသြားမည္ျဖစ္ၿပီး၊ ပြဲေတာ္အတြင္း ညလႊတ္ညမီးႀကီး(၈၁)လုံး၊ စိန္နားပန္(၄၂)လုံးႏွင့္ ေန႔လႊတ္အ႐ုပ္ ေျခႏွစ္ေခ်ာင္း(၁၅၉)လုံး၊ ေျခေလးေခ်ာင္း(၉၀)လုံး၊ အုပ္စု(၄၂)လုံး၊ ညလႊတ္မီးပုံးပ်ံစုစုေပါင္း(၁၂၃)လုံး၊ ေန႔လႊတ္အ႐ုပ္ စုစုေပါင္း(၂၉၁)လုံး၊ စုစုေပါင္းမီးပုံးပ်ံအလုံးေရ(၄၁၄)လုံးတို႔ကို လႊတ္တင္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

+Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံများလွှတ်တင်ဖွင့်လှစ်

တောင်ကြီး နိုဝင်ဘာ - ၁၅

၂၀၁၈ ခုနှစ်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီက တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာ စေတီတော်ရင်ပြင်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က စိန်နားပန် မီးပုံးပျံအား လွှတ်တင် ပူဇော် ပေးကြသည်။

ဆက်လက်၍ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကို ကျင်းပရာ တိုင်းရင်းသားရိုးရာ သီချင်းများဖြင့် တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့မှ ကပြဖျော်ဖြေကြပြီး၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဌ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူများက တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ/ကိန္နရာအက၊ တိုးနယားအက၊ ဓါးသိုင်းအက၊ ဒေါင်းအက မီးအလှတို့ဖြင့် ကပြဖျော်ဖြေကြပြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များမှ “ကမ္ဘာကျော်တဲ့ပွဲ” တန်ဆောင်တိုင် သီချင်းဖြင့် ကပြဖျော်ဖြေကြကာ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး မီးရှုး၊ မီးပန်းများပစ်ဖောက်ကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စိန်နားပန်မီးပုံးပျံအကြီး(၂)လုံးနှင့် မီးပုံးပျံ အလုံးငယ်(၄၅၀၀)လုံးတို့ကို လွတ်တင်ကြသည်။

အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး၊ ပွဲတော်အတွင်း ညလွှတ်ညမီးကြီး(၈၁)လုံး၊ စိန်နားပန်(၄၂)လုံးနှင့် နေ့လွှတ်အရုပ် ခြေနှစ်ချောင်း(၁၅၉)လုံး၊ ခြေလေးချောင်း(၉၀)လုံး၊ အုပ်စု(၄၂)လုံး၊ ညလွှတ်မီးပုံးပျံစုစုပေါင်း(၁၂၃)လုံး၊ နေ့လွှတ်အရုပ် စုစုပေါင်း(၂၉၁)လုံး၊ စုစုပေါင်းမီးပုံးပျံအလုံးရေ(၄၁၄)လုံးတို့ကို လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 78 guests and no members online