ေရခ်ိဳေက်း႐ြာ၊ နတ္ေတာ္ေက်း႐ြာ၊ ထင္း႐ႉးကုန္းေက်း႐ြာ၊ လြယ္ဟတ္ေက်း႐ြာႏွင့္ ေက်ာက္စုေက်း႐ြာ (၅)႐ြာ (၂၄) နာရီ လၽွပ္စစ္မီးရရွိ

ေတာင္ႀကီး ႏိုဝင္ဘာ - ၁၆

209

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးခ႐ိုင္၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၊ ေရခ်ိဳေက်း႐ြာအုပ္စုရွိ ေက်း႐ြာ (၅)႐ြာ လၽွပ္စစ္မီးဖြင့္ပြဲကို ႏိုဝင္ဘာ ၁၆ ရက္ နံနက္၉နာရီက အဆိုပါေက်း႐ြာရွိ ေရခ်ိဳဘုန္းႀကီးေက်ာင္းဝင္း ၌က်င္းပရာ ေက်း႐ြာလၽွပ္စစ္မီးဆိုင္းဘုတ္အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လၽွပ္စစ္ႏွင့္ စြမ္းအင္၊စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ကေလာၿမိဳ႕နယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၿပဳံးေကသီႏိုင္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္ တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က ေရခ်ိဳေက်း႐ြာအုပ္စုရွိ ေရခ်ိဳေက်း႐ြာ၊ နတ္ေတာ္ေက်း႐ြာ၊ ထင္း႐ႉးကုန္းေက်း႐ြာ၊ လြယ္ဟတ္ေက်း႐ြာႏွင့္ ေက်ာက္စုေက်း႐ြာ (၅)႐ြာ (၂၄) နာရီ လၽွပ္စစ္မီး ရရွိျခင္း အခမ္းအနားျဖစ္ၿပီး ေက်း႐ြာ(၅)႐ြာ လၽွပ္စစ္မီးရရွိေရးအတြက္ ရွမ္းျပည္နယ္အစိုးရ၏ ၂၀၁၇-၂၀၁၈ ျပည္နယ္ဘ႑ာရန္ပုံေငြမွ ေငြလုံးေငြရင္းရန္ပုံေငြက်ပ္ (၅၀၀.၄၈၀)သန္း ကုန္က်ခံကာ အေကာင္ အထည္ေဖာ္ တည္ေဆာက္ခဲ့ျခင္းျဖစ္ပါေၾကာင္း၊ ေက်း႐ြာအုပ္စုအတြင္းရွိ အိမ္ေထာင္စု (၄၅၅)စုမွ လူဦးေရ (၁၂၇၅) ဦးသည္ ၂၄ နာရီလၽွပ္စစ္မီး ရရွိသုံးစြဲႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕အေနျဖင့္ ေက်း႐ြာအုပ္စု (၁၇)စုရွိၿပီး ေက်း႐ြာေပါင္း (၈၃)႐ြာရွိသည့္အနက္ ေက်း႐ြာ (၂၃)႐ြာ လၽွပ္စစ္မီးရရွိခဲ့ၿပီးျဖစ္သလို ယခုေက်း႐ြာ(၅)႐ြာ လၽွပ္စစ္မီး ရရွိပါက စုစုေပါင္းေက်း႐ြာ(၂၈)႐ြာ လၽွပ္စစ္မီးရရွိၿပီျဖစ္ေၾကာင္း၊ လၽွပ္စစ္မီးရရွိသည့္အတြက္ ေက်းလက္ေန တိုင္းရင္းသားျပည္သူမ်ား၏ လူမႈေရး၊ က်န္းမာေရး၊ ပညာေရးႏွင့္ စီးပြားေရးအေျခအေနေကာင္းမ်ား ေပၚေပါက္ လာမည္ျဖစ္သလို တိုင္းရင္းသားျပည္သူမ်ားကလည္း ႏိုင္ငံေတာ္၏ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို အားသြန္ ခြန္စိုက္ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ကေလာၿမိဳ႕နယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၿပဳံးေကသီႏိုင္မွ ေက်း႐ြာလၽွပ္စစ္မီးလင္းေရး ဖြင့္ပြဲႏွင့္ ပတ္သက္၍ အမွာစကားေျပာၾကားၿပီး ေဒသခံျပည္သူတစ္ဦးမွ ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားေၾကာင္း သိရသည္။ အဆိုပါအခမ္းအနားသို႔ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၊ ေရခ်ိဳေက်း႐ြာအုပ္စုရွိ ေက်း႐ြာ(၅)႐ြာမွ ေဒသခံ တိုင္းရင္းသားျပည္သူမ်ား၊ ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရေချိုကျေးရွာ၊ နတ်တော်ကျေးရွာ၊ ထင်းရှူးကုန်းကျေးရွာ၊ လွယ်ဟတ်ကျေးရွာနှင့် ကျောက်စုကျေးရွာ (၅)ရွာ 

(၂၄) နာရီ လျှပ်စစ်မီးရရှိ

တောင်ကြီး နိုဝင်ဘာ - ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စုရှိ ကျေးရွာ (၅)ရွာ လျှပ်စစ်မီးဖွင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက်၉နာရီက အဆိုပါကျေးရွာရှိ ရေချိုဘုန်းကြီးကျောင်းဝင်း ၌ကျင်းပရာ ကျေးရွာလျှပ်စစ်မီးဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်၊စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ရေချိုကျေးရွာအုပ်စုရှိ ရေချိုကျေးရွာ၊ နတ်တော်ကျေးရွာ၊ ထင်းရှူးကုန်းကျေးရွာ၊ လွယ်ဟတ်ကျေးရွာနှင့် ကျောက်စုကျေးရွာ (၅)ရွာ (၂၄) နာရီ လျှပ်စစ်မီး ရရှိခြင်း အခမ်းအနားဖြစ်ပြီး ကျေးရွာ(၅)ရွာ လျှပ်စစ်မီးရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၇-၂၀၁၈ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၅၀၀.၄၈၀)သန်း ကုန်ကျခံကာ အကောင် အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၄၅၅)စုမှ လူဦးရေ (၁၂၇၅) ဦးသည် ၂၄ နာရီလျှပ်စစ်မီး ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့် ကလောမြို့နယ်၊ အောင်ပန်းမြို့အနေဖြင့် ကျေးရွာအုပ်စု (၁၇)စုရှိပြီး ကျေးရွာပေါင်း (၈၃)ရွာရှိသည့်အနက် ကျေးရွာ (၂၃)ရွာ လျှပ်စစ်မီးရရှိခဲ့ပြီးဖြစ်သလို ယခုကျေးရွာ(၅)ရွာ လျှပ်စစ်မီး ရရှိပါက စုစုပေါင်းကျေးရွာ(၂၈)ရွာ လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိသည့်အတွက် ကျေးလက်နေ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးအခြေအနေကောင်းများ ပေါ်ပေါက် လာမည်ဖြစ်သလို တိုင်းရင်းသားပြည်သူများကလည်း နိုင်ငံတော်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန် ခွန်စိုက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်မှ ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရေချိုကျေးရွာအုပ်စုရှိ ကျေးရွာ(၅)ရွာမှ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 42 guests and no members online

Latest Updates