ေလာကခ်မ္းသာနားေနေဆာင္၊ ႏိုင္လြန္ကတၱရာရင္ျပင္ေတာ္ ဖြင့္ပြဲႏွင့္ ဂုဏ္ျပဳကမၸည္းေမာ္ကြန္း ေက်ာက္စာတိုင္ ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ - ၁၉

212

ေတာင္ႀကီးၿမိဳ႕၊ စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ရင္ျပင္၌ ႏိုဝင္ဘာ ၁၉ ရက္နံနက္ ၈ နာရီက ေလာက ခ်မ္းသာနားေနေဆာင္၊ ႏိုင္လြန္ကတၱရာရင္ျပင္ေတာ္ဖြင့္ပြဲႏွင့္ ဂုဏ္ျပဳကမၸည္းေမာ္ကြန္းေက်ာက္စာတိုင္ဖြင့္ပြဲကို အဆိုပါရင္ျပင္ေတာ္၌ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ဗိုလ္ခ်ဳပ္ လင္းေအာင္၊ ကေမၻာဇဘဏ္လီမီတက္ နာယက ဝဏၰေက်ာ္ထင္စည္သူ ဦးေအာင္ကိုဝင္း၊ ျပည္နယ္လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္၊ စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ ေဂါပကအဖြဲ႕ဥကၠဌ ဦးၫိုလုံးတို႔က အခမ္းအနားအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပး ၾကေၾကာင္း သိရသည္။

ဆက္လက္၍ ေလာကခ်မ္းသာနားေနေဆာင္ႏွင့္ ႏိုင္လြန္ကတၱရာရင္ျပင္ေတာ္အထိမ္းအမွတ္ ကမၸည္း ေက်ာက္စာတိုင္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က နံ႔သာရည္မ်ား ပတ္ျဖန္းေပးၾကၿပီး စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ ေဂါပကအဖြဲ႕ဒုတိယဥကၠဌ ဦးစိုင္းေဇာ္ေဇာ္က ေက်းဇူးတင္စကားေျပာၾကားရာ ေစတီေတာ္ႀကီး တည္တံ့ခိုင္ၿမဲေရးအတြက္ ေဂါပကအဆက္ဆက္ မွ တိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ခဲ့ၾကၿပီး လက္ရွိေဆာင္႐ြက္ေနေသာ ေဂါပကအဖြဲ႕၏ အခ်င္းခ်င္း စည္းလုံးမႈ၊ ပူးေပါင္းေဆာင္႐ြက္မႈတို႔ေၾကာင့္ ယခုလိုတိုးတက္ေအာင္ျမင္ေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ အမ်ားျပည္သူထည့္ဝင္လႉဒါန္းေငြမ်ားကိုလည္း စနစ္တက်ထိန္းသိမ္းကာ လူမႈေရးအသင္းအဖြဲ႕မ်ား၏ ဝိုင္းဝန္းကူညီမႈႏွင့္ စနစ္တက်ေရတြက္ၿပီး ဘဏ္တြင္ အပ္ႏွံထိန္းသိမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ ရင္ျပင္ေတာ္ ျပန္လည္မြန္းမံျခင္းမ်ား၊ ေဂါပက႐ုံးေျပာင္းေ႐ႊ႕ျခင္းမ်ားကို ေဂါပကအဖြဲ႕အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားႏွင့္အတူ ေဆာင္႐ြက္ခဲ့ၿပီး ပိုမိုေကာင္းမြန္သည့္ ရည္႐ြယ္ခ်က္ျဖင့္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

ထို႔ေနာက္ ၿမိဳ႕မိၿမိဳ႕ဖ တစ္ဦးျဖစ္သူ ရွမ္းျပည္နယ္က်န္းမာေရးဦးစီးဌာန၊ ဒုတိယျပည္နယ္မႉး (အၿငိမ္းစား) ေဒါက္တာထြန္းေအးေဖက ေက်းဇူးတင္စကားျပန္လည္ေျပာၾကားၿပီး အစီအစဥ္အရ ဂုဏ္ျပဳကမၸည္းေမာ္ကြန္း ေက်ာက္စာတိုင္ ျပဳလုပ္ရျခင္း၏ ရည္႐ြယ္ခ်က္အား ေစတီေတာ္ေဂါပကအဖြဲ႕ဥကၠဌ ဦးၫိုလုံးက ဖတ္ၾကား၍ မဂၤလာ အခါေတာ္ၾကားစာတမ္းကို စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ ေဂါပကအဖြဲ႕ဝင္ ဦးသိန္းစိုးက ဖတ္ၾကားကာ ဂုဏ္ျပဳကမၸည္းေမာ္ကြန္းေက်ာက္စာတိုင္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က စက္ခလုတ္ႏွိပ္ဖြင့္လွစ္ ေပးၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က အေမႊးနံ႔သာရည္မ်ား ပတ္ျဖန္းေပးၾကကာ ေစတီေတာ္အား လွည့္လည္ဖူးေမ်ာ္ၾကည္ၫိုၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လောကချမ်းသာနားနေဆောင်၊ နိုင်လွန်ကတ္တရာရင်ပြင်တော် ဖွင့်ပွဲနှင့် ဂုဏ်ပြုကမ္ပည်းမော်ကွန်း ကျောက်စာတိုင် ဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၁၉

တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်ရင်ပြင်၌ နိုဝင်ဘာ ၁၉ ရက်နံနက် ၈ နာရီက လောက ချမ်းသာနားနေဆောင်၊ နိုင်လွန်ကတ္တရာရင်ပြင်တော်ဖွင့်ပွဲနှင့် ဂုဏ်ပြုကမ္ပည်းမော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲကို အဆိုပါရင်ပြင်တော်၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် လင်းအောင်၊ ကမ္ဘောဇဘဏ်လီမီတက် နာယက ဝဏ္ဏကျော်ထင်စည်သူ ဦးအောင်ကိုဝင်း၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ စူဠာမုနိလောကချမ်းသာစေတီတော် ဂေါပကအဖွဲ့ဥက္ကဌ ဦးညိုလုံးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြကြောင်း သိရသည်။

ဆက်လက်၍ လောကချမ်းသာနားနေဆောင်နှင့် နိုင်လွန်ကတ္တရာရင်ပြင်တော်အထိမ်းအမှတ် ကမ္ပည်း ကျောက်စာတိုင်အား ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က နံ့သာရည်များ ပတ်ဖြန်းပေးကြပြီး စူဠာမုနိလောကချမ်းသာစေတီတော် ဂေါပကအဖွဲ့ဒုတိယဥက္ကဌ ဦးစိုင်းဇော်ဇော်က ကျေးဇူးတင်စကားပြောကြားရာ စေတီတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက် ဂေါပကအဆက်ဆက် မှ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြပြီး လက်ရှိဆောင်ရွက်နေသော ဂေါပကအဖွဲ့၏ အချင်းချင်း စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ယခုလိုတိုးတက်အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အများပြည်သူထည့်ဝင်လှူဒါန်းငွေများကိုလည်း စနစ်တကျထိန်းသိမ်းကာ လူမှုရေးအသင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုနှင့် စနစ်တကျရေတွက်ပြီး ဘဏ်တွင် အပ်နှံထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ရင်ပြင်တော် ပြန်လည်မွန်းမံခြင်းများ၊ ဂေါပကရုံးပြောင်းရွှေ့ခြင်းများကို ဂေါပကအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အတူ ဆောင်ရွက်ခဲ့ပြီး ပိုမိုကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။

ထို့နောက် မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ်မှူး (အငြိမ်းစား) ဒေါက်တာထွန်းအေးဖေက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အစီအစဉ်အရ ဂုဏ်ပြုကမ္ပည်းမော်ကွန်း ကျောက်စာတိုင် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား စေတီတော်ဂေါပကအဖွဲ့ဥက္ကဌ ဦးညိုလုံးက ဖတ်ကြား၍ မင်္ဂလာ အခါတော်ကြားစာတမ်းကို စူဠာမုနိလောကချမ်းသာစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသိန်းစိုးက ဖတ်ကြားကာ ဂုဏ်ပြုကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြကာ စေတီတော်အား လှည့်လည်ဖူးမျော်ကြည်ညိုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 66 guests and no members online