ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ အင္ဒိုနီးရွားသံအမတ္ႀကီး ေတြ႕ဆုံ

ေတာင္ႀကီး ႏိုဝင္ဘာ - ၂၀

214

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရး ဝန္ႀကီး ဦးစိုးၫႊန္႔လြင္၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈ ဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္တို႔ႏွင့္အတူ ႏိုဝင္ဘာ ၂၀ ရက္ မြန္းလြဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး Call ခန္းမ၌ အင္ဒိုနီးရွားသံ႐ုံးမွ သံအမတ္ႀကီး H.E. Dr. Iza Fadri ႏွင့္ ေတြ႕ဆုံေၾကာင္းသိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ အင္ဒိုနီးရွားသံအမတ္ႀကီးမွ ယခုလိုရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ေတြ႕ဆုံခြင့္ေပးသည့္ အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ ယေန႔ေတြ႕ဆုံမႈသည္ ျမန္မာႏိုင္ငံ၊ ရွမ္းျပည္နယ္အတြင္းရွိ ခရီးသြားလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ားကို အင္ဒိုနီးရွားႏိုင္ငံအေနျဖင့္ စိတ္ဝင္စားပါေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံသည္ လြတ္လပ္ေရးရရွိမႈမွာ ႏွစ္ကြာျခားမႈမရွိပါေၾကာင္း၊ အင္ဒိုနီးရွားအခက္အခဲေတြ႕ႀကဳံသည့္အခါ ျမန္မာႏိုင္ငံမွ ကူညီေထာက္ပံ့ေပးခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ အခက္အခဲရွိပါက မိမိတို႔ႏိုင္ငံမွ ကူညီေပးႏိုင္ရန္ ရွိပါေၾကာင္း၊ အင္ဒိုနီးရွားႏိုင္ငံရွိ လူမ်ိဳးစုမ်ားသည္ မႏၲေလးႏွင့္ဆက္စပ္မႈရွိေၾကာင္းႏွင့္ မိမိႏိုင္ငံတြင္ မႏၲလာဆိုသည့္ လူမ်ိဳးမ်ားရွိေၾကာင္း၊ ရွမ္းျပည္နယ္ထြက္ ေျပာင္းဖူးကို စိတ္ဝင္စားပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္ရန္ႏွင့္ ခရီးသြားလုပ္ငန္းကို တိုးတက္ရန္ အလားလာရွိပါေၾကာင္း၊ မိမိ၏ ေမြးရပ္ ဇာတိသည္ ေတာေတာင္ေရေျမမ်ားရွိသျဖင့္ ရွမ္းျပည္နယ္ႏွင့္တူပါေၾကာင္း၊ ျမန္မာႏိုင္ငံထြက္ ဆန္စပါးကိုလည္း အင္ဒိုနီးရွားႏိုင္ငံမွ စိတ္ဝင္စားပါေၾကာင္း၊ ရွမ္းျပည္နယ္အထြက္ ဆန္စပါးမ်ား တင္ပို႔မႈကို လိုခ်င္ပါေၾကာင္း၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တြင္ အင္ဒိုနီးရွားႏိုင္ငံမွ ခဲသတၱဳတူးေဖာ္ေရးလုပ္ငန္းတစ္ခုရွိၿပီး ယခုဆို ဆာေဗးလုပ္ငန္း မ်ား ေဆာင္႐ြက္ေနပါေၾကာင္းႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္လိုပါေၾကာင္း၊ ကုမၸဏီမ်ားမွ လည္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကို ဆက္သြယ္ေဆာင္႐ြက္မႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ေဆြးေႏြးသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က ယခုလို သံအမတ္ႀကီး ႏွင့္ ေတြ႕ခြင့္ရသည့္အတြက္ မ်ားစြာဝမ္းသာပါေၾကာင္းႏွင့္ တက္ေရာက္လာသည့္ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ မိတ္ဆက္ ေပးၿပီး ယေန႔ေရာက္ရွိလာေသာ သံအမတ္ႀကီးေရာက္ရွိခ်ိန္တြင္ ရွမ္းျပည္နယ္၏ အထင္ကရျဖစ္ေသာ တန္ေဆာင္တိုင္ ပြဲေတာ္ႏွင့္ တိုက္ဆိုက္မႈရွိေနပါသျဖင့္ ပြဲေတာ္အား လာေရာက္လည္ပတ္ရန္ ဖိတ္ေခၚပါေၾကာင္းႏွင့္ ေပ်ာ္ေပ်ာ္ပါးပါးဆင္ႏႊဲႏိုင္ရန္ ေမၽွာ္လင့္ပါေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ (ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အင်ဒိုနီးရှားသံအမတ်ကြီး တွေ့ဆုံ

တောင်ကြီး နိုဝင်ဘာ - ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးစိုးညွှန့်လွင်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နှင့်အတူ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး Call ခန်းမ၌ အင်ဒိုနီးရှားသံရုံးမှ သံအမတ်ကြီး H.E. Dr. Iza Fadri နှင့် တွေ့ဆုံကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် အင်ဒိုနီးရှားသံအမတ်ကြီးမှ ယခုလိုရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စိတ်ဝင်စားပါကြောင်း၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသည် လွတ်လပ်ရေးရရှိမှုမှာ နှစ်ကွာခြားမှုမရှိပါကြောင်း၊ အင်ဒိုနီးရှားအခက်အခဲတွေ့ကြုံသည့်အခါ မြန်မာနိုင်ငံမှ ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခက်အခဲရှိပါက မိမိတို့နိုင်ငံမှ ကူညီပေးနိုင်ရန် ရှိပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံရှိ လူမျိုးစုများသည် မန္တလေးနှင့်ဆက်စပ်မှုရှိကြောင်းနှင့် မိမိနိုင်ငံတွင် မန္တလာဆိုသည့် လူမျိုးများရှိကြောင်း၊ ရှမ်းပြည်နယ်ထွက် ပြောင်းဖူးကို စိတ်ဝင်စားပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် ခရီးသွားလုပ်ငန်းကို တိုးတက်ရန် အလားလာရှိပါကြောင်း၊ မိမိ၏ မွေးရပ် ဇာတိသည် တောတောင်ရေမြေများရှိသဖြင့် ရှမ်းပြည်နယ်နှင့်တူပါကြောင်း၊ မြန်မာနိုင်ငံထွက် ဆန်စပါးကိုလည်း အင်ဒိုနီးရှားနိုင်ငံမှ စိတ်ဝင်စားပါကြောင်း၊ ရှမ်းပြည်နယ်အထွက် ဆန်စပါးများ တင်ပို့မှုကို လိုချင်ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် အင်ဒိုနီးရှားနိုင်ငံမှ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းတစ်ခုရှိပြီး ယခုဆို ဆာဗေးလုပ်ငန်း များ ဆောင်ရွက်နေပါကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ကုမ္ပဏီများမှ လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်ဆောင်ရွက်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ယခုလို သံအမတ်ကြီး နှင့် တွေ့ခွင့်ရသည့်အတွက် များစွာဝမ်းသာပါကြောင်းနှင့် တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများနှင့် မိတ်ဆက် ပေးပြီး ယနေ့ရောက်ရှိလာသော သံအမတ်ကြီးရောက်ရှိချိန်တွင် ရှမ်းပြည်နယ်၏ အထင်ကရဖြစ်သော တန်ဆောင်တိုင် ပွဲတော်နှင့် တိုက်ဆိုက်မှုရှိနေပါသဖြင့် ပွဲတော်အား လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပါကြောင်းနှင့် ပျော်ပျော်ပါးပါးဆင်နွှဲနိုင်ရန် မျှော်လင့်ပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် (ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 53 guests and no members online