ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္ (၂၁)ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲ က်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ - ၂၀

213

၂၀၁၈ ခုႏွစ္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္အသက္(၂၁)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲဆုခ်ီးျမႇင့္ပြဲကို ညေန ၃ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္အားကစားကြင္း၌ က်င္းပေၾကာင္း သိရသည္။

ဆက္လက္၍ ေနာက္ဆုံးဗိုလ္လုပြဲအျဖစ္ ေတာင္ႀကီးခ႐ိုင္အသင္းႏွင့္ ေက်ာက္မဲခ႐ိုင္အသင္းတို႔ ယွဥ္ၿပိဳင္ ကစားၾကရာ ေတာင္ႀကီးခ႐ိုင္ အသင္းမွ (၄)ဂိုး၊ ဂိုးမရွိ အႏိုင္ရဗိုလ္စြဲသြားၿပီး ဆုခ်ီးျမႇင့္ပြဲက်င္းပရာ ပူးတြဲတတိယဆု ရရွိေသာ လား႐ႈိးခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၂၅၀၀၀ဝိ/-)ကို ရွမ္းျပည္နယ္ ေဘာလုံးဆပ္ေကာ္မတီဥကၠဌ ဦးခင္ေမာင္လြင္ႀကီးမွ ဆုခ်ီးျမႇင့္၍ လည္းေကာင္း၊ ပူးတြဲတတိယဆုရရွိေသာ လြိဳင္လင္ ခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၂၅၀၀၀ဝိ/-)ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးထင္ေက်ာ္ေအးမွ ဆုခ်ီးျမႇင့္၍လည္းေကာင္း၊ ဒုတိယဆုရရွိေသာ ေက်ာက္မဲခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၆၀၀၀၀ဝိ/-)ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္မွ ခ်ီးျမႇင့္ေငြက်ပ္ (၂၀၀၀၀ဝိ/-)တို႔ကို ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္မွ ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ ေနရာအလိုက္ႏွင့္ အေကာင္းဆုံးေဘာလုံးအားကစားသမားဆုရရွိသူမ်ားအား ဆုတံဆိပ္ႏွင့္ ေငြသားက်ပ္ (၅၀၀၀ဝိ/-)တို႔ကို ရွမ္းျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝိုဟိန္းႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္တို႔က ဆုခ်ီးျမႇင့္၍ လည္းေကာင္း၊ ပထမဆုရရွိေသာ ေတာင္ႀကီးခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ကို ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ဆုခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ ေငြသားက်ပ္ (၈၀၀၀၀ဝိ/-)ႏွင့္ ဆုဖလားတို႔ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ဆုခ်ီးျမႇင့္ေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ (ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၂၀

၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက်အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ညနေ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ နောက်ဆုံးဗိုလ်လုပွဲအဖြစ် တောင်ကြီးခရိုင်အသင်းနှင့် ကျောက်မဲခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တောင်ကြီးခရိုင် အသင်းမှ (၄)ဂိုး၊ ဂိုးမရှိ အနိုင်ရဗိုလ်စွဲသွားပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲတတိယဆု ရရှိသော လားရှိုးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၂၅၀၀၀ဝိ/-)ကို ရှမ်းပြည်နယ် ဘောလုံးဆပ်ကော်မတီဥက္ကဌ ဦးခင်မောင်လွင်ကြီးမှ ဆုချီးမြှင့်၍ လည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော လွိုင်လင် ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၂၅၀၀၀ဝိ/-)ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်ကျော်အေးမှ ဆုချီးမြှင့်၍လည်းကောင်း၊ ဒုတိယဆုရရှိသော ကျောက်မဲခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ် (၆၀၀၀၀ဝိ/-)နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ ချီးမြှင့်ငွေကျပ် (၂၀၀၀၀ဝိ/-)တို့ကို ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ နေရာအလိုက်နှင့် အကောင်းဆုံးဘောလုံးအားကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားကျပ် (၅၀၀၀ဝိ/-)တို့ကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့က ဆုချီးမြှင့်၍ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ငွေသားကျပ် (၈၀၀၀၀ဝိ/-)နှင့် ဆုဖလားတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆုချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် (ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃