မသိုးသကၤန္းရက္လုပ္ယွဥ္ၿပိဳင္ဖြင့္ပြဲ ဆက္ကပ္လႉဒါန္းျခင္းႏွင့္ မဟာဘုံကထိန္ေရစက္ခ်တရားေတာ္နာက်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ -၂၂

215

မသိုးသကၤန္းယွဥ္ၿပိဳင္ရက္လုပ္ဖြင့္ပြဲအခမ္းအနားကို ႏိုဝင္ဘာ ၂၁ ရက္ ညေန ၆ နာရီက ေတာင္ႀကီးၿမိဳ႕၊ စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ ရင္ျပင္၌က်င္းပရာ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၏ဇနီး ေဒၚနန္းေ႐ႊျမင့္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ဇနီး ေဒၚသန္းသန္းေအးႏွင့္ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၏ ဇနီး ေဒၚဝင္းဝင္းသန္းတို႔က မသို႔သကၤန္း ယွဥ္ၿပိဳင္ရက္လုပ္ဖြင့္ပြဲကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ေပးကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး တာဝန္ရွိသူတို႔သည္ ရက္ကန္းစင္ အသီးသီးတို႔ လွည့္လည္ၾကည့္႐ႈၾကသည္။

ဆက္လက္၍ ႏိုဝင္ဘာ ၂၂ ရက္ နံနက္ ၄ နာရီတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီးႏွင့္ တာဝန္ရွိသူတို႔သည္ မသိုးသကၤန္းမ်ားကို ကိုင္ေဆာင္ကာ စူဠာမုနိဘုရားရင္ျပင္လက္ယာရစ္ သုံးပတ္လွည့္ပတ္ၿပီး ေစတီေတာ္အတြင္း၌ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အမႉးျပဳသည့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားက ဗုဒၶ႐ုပ္ပြားေတာ္မ်ားအား မသိုးသကၤန္းမ်ားကို ဆက္ကပ္လႉဒါန္းၾကသည္။

ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး တာဝန္ရွိသူတို႔သည္ မသိုးသကၤန္းတရားနာေရစက္ခ်အခမ္းအနား ကို နေမာဒႆ သုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ေတာင္ႀကီးၿမိဳ႕၊ ႏိုင္ငံေတာ္ၾသဝါဒစရိယ အဂၢမဟာ ပ႑ိတ မဟာကမၼဌာနစရိယ စြန္းလြန္းေက်ာက္တိုက္ပဓာန နာယကဆရာေတာ္ ဘဒၵႏၲအဂၢမဟာဘိဝံသ အရွင္ သူျမတ္ထံမွ ငါးပါးသီလေတာ္ျမတ္ကို ခံယူကာ ဆရာေတာ္မ်ား ပြားမ်ားအပ္ေသာ ပရိတ္တရားေတာ္ျမတ္ကို နာယူၾကသည္။ 

၎ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး တာဝန္ရွိသူတို႔သည္ ဆရာေတာ္မ်ားအား လႉဖြယ္ဝတၳဳပစၥည္းမ်ား၊ ဆက္ကပ္လႉဒါန္းၾကကာ မသိုးသကၤန္းရက္လုပ္ယွဥ္ၿပိဳင္ပြဲတြင္ ပထမ၊ ဒုတိယ၊ တတိယဆုရရွိသူမ်ားကို ျပည္နယ္ ဝန္ႀကီးခ်ဳပ္၏ဇနီး ေဒၚနန္းေ႐ႊျမင့္မွ ဆုခ်ီးျမႇင့္ေပးၿပီး လႉဒါန္းမႈအစုစုအတြက္ ေတာင္ႀကီးၿမိဳ႕၊ ႏိုင္ငံေတာ္ ၾသဝါဒစရိယ အဂၢမဟာပ႑ိတ မဟာကမၼဌာနစရိယ စြန္းလြန္းေက်ာက္တိုက္ပဓာန နာယကဆရာေတာ္ ဘဒၵႏၲ အဂၢမဟာဘိဝံသ အရွင္သူျမတ္ထံမွ ေရစက္သြန္းခ်အမၽွေပးေဝကာ အခမ္းအနားကို ဗုဒၶသာသနံ စိရံတိဌတု သုံးႀကိမ္ ႐ြတ္ဆိုဆုေတာင္း႐ုပ္သိမ္း၍ ဆရာေတာ္မ်ားအား အာ႐ုဏ္ဆြမ္းဆက္ကပ္လႉဒါန္းၾကေၾကာင္း သိရသည္။

ယင္းေနာက္ နံနက္ ၉ နာရီခြဲတြင္ အတုလမာရဇိန္ ဆုေတာင္းျပည့္ျမတ္စြာဘုရား ၿမိဳ႕လယ္ဓမၼာ႐ုံ၌ (၇၁)ႀကိမ္ေျမာက္ ၿမိဳ႕လုံးကၽြတ္မဟာဘုံကထိန္ ေရစက္ခ်တရားေတာ္နာက်င္းပရာ အခမ္းအနားကို ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က နေမာတႆသုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး၊ ေတာင္ႀကီးၿမိဳ႕၊ ႏိုင္ငံေတာ္ၾသဝါဒစရိယ အဂၢမဟာပ႑ိတ မဟာကမၼဌာနစရိယ စြန္းလြန္းေက်ာက္တိုက္ပဓာန နာယကဆရာေတာ္ ဘဒၵႏၲ အဂၢမဟာဘိဝံသ အရွင္သူျမတ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ကာ ဆရာေတာ္ သံဃာေတာ္အရွင္သူျမတ္မ်ား ပြားမ်ားအပ္ေသာ ေမတၱာသုတ္ပရိတ္တရားေတာ္ျမတ္ကို နာယူၾကသည္။

ဆက္လက္၍ ၿမိဳ႕လုံးကၽြတ္မဟာဘုံကထိန္ပြဲေတာ္က်င္းပေရးလုပ္ငန္းေကာ္မတီ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ သာသနာေရးတာဝန္ခံ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္က မဟာဘုံကထိန္ ပြဲေတာ္က်င္းပျခင္းႏွင့္ ပတ္သက္၍ တင္ျပေလၽွာက္ထားကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး အမႉးျပဳေသာ အႀကီးအကဲမ်ားမွ ကထိန္လ်ာသကၤန္းမ်ားဆက္ကပ္လႉဒါန္းၾကၿပီး ေရစက္သြန္းခ်အမၽွေပးေဝ၍ အခမ္းအနား ကို ဗုဒၶသာသနံ စိရံတိဌတု သုံးႀကိမ္႐ြတ္ဆိုဆုေတာင္း႐ုပ္သိမ္း၍ ဆရာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းၾက ေၾကာင္း သိရွိရသည္။

အဆိုပါ (၇၁) ႀကိမ္ေျမာက္ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕လုံးကၽြတ္မဟာဘုံကထိန္ပြဲေတာ္ႀကီးတြင္ ပါဝင္လႉဒါန္းၾက သည့္ ပေဒသာပင္ (၂၇၃)ပင္၊ တန္ဖိုးေငြက်ပ္ (၁၃၈၆၄၈၂၆၆)၊ နဝကမၼအလႉေငြက်ပ္ (၂၁၁၄၉၉၀၀)ႏွင့္ ပရိေဘာဂ ပစၥည္းမ်ိဳးစုံ (၁၃)မ်ိဳးပါဝင္ၿပီး တန္ဖိုးေငြက်ပ္ (၁၈၇၅၀၀၀)ျဖစ္၍ လႉဖြယ္ပစၥည္းမ်ားႏွင့္ နဝကမၼအလႉေငြမ်ားကို ယခင္ႏွစ္မ်ားနည္းတူ ကထိန္ခင္းၿပီးေက်ာင္း (၇၅)ေက်ာင္းသို႔ (၄၀)ႏွင့္ ကထိန္မခင္းရေသးေက်ာင္း (၂၄) ေက်ာင္းသို႔ (၆၀)လႉဒါန္းၿပီး နဝကမၼအလႉေငြမ်ားကို အတုလမာရဇိန္ ဆုေတာင္းျပည့္ျမတ္စြာဘုရားႏွင့္ ေက်ာင္းတိုက္ရွိ သံဃာေတာ္အားလုံး (၄၁၂၃)ပါးတို႔အတြက္ အခ်ိဳးက်လႉဒါန္းသြားမည္ျဖစ္ေၾကာင္း၊ ပေဒသာ မ်ားတြင္ပါရွိသည့္ သကၤန္း (၂၂၁၀)စုံကို ကထိန္ခင္းၿပီး ေက်ာင္းတိုက္မ်ားသို႔ ေက်ာင္းအလိုက္ (၁)စုံစီႏွင့္ ကထိန္ မခင္းရေသးေက်ာင္းတိုက္မ်ားသို႔ ေက်ာင္းရွိသံဃာေတာ္ အရွိတိုင္း လႉဒါန္းသြားမည္ျဖစ္ေၾကာင္း၊ ပရိေဘာက ပစၥည္း (၁၃)မ်ိဳးကိုလည္း ေက်ာင္းတိုက္ေပါင္းသို႔ လႉဒါန္းထားရွိၿပီး အႀကိမ္အနည္းအမ်ား၊ သံဃာေတာ္ အနည္းအမ်ားအလိုက္ စာရင္းျပဳစုလ်က္ မဲစနစ္ျဖင့္ လႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။ 

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ဖွင့်ပွဲ ဆက်ကပ်လှူဒါန်းခြင်းနှင့် မဟာဘုံကထိန်ရေစက်ချတရားတော်နာကျင်းပ

တောင်ကြီး နိုဝင်ဘာ -၂၂

မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၏ဇနီး ဒေါ်နန်းရွှေမြင့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး ဒေါ်သန်းသန်းအေးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းသန်းတို့က မသို့သင်္ကန်း ယှဉ်ပြိုင်ရက်လုပ်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူတို့သည် ရက်ကန်းစင် အသီးသီးတို့ လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ နိုဝင်ဘာ ၂၂ ရက် နံနက် ၄ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူတို့သည် မသိုးသင်္ကန်းများကို ကိုင်ဆောင်ကာ စူဠာမုနိဘုရားရင်ပြင်လက်ယာရစ် သုံးပတ်လှည့်ပတ်ပြီး စေတီတော်အတွင်း၌ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဗုဒ္ဓရုပ်ပွားတော်များအား မသိုးသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူတို့သည် မသိုးသင်္ကန်းတရားနာရေစက်ချအခမ်းအနား ကို နမောဒဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်ကြီးမြို့၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်းကျောက်တိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂမဟာဘိဝံသ အရှင် သူမြတ်ထံမှ ငါးပါးသီလတော်မြတ်ကို ခံယူကာ ဆရာတော်များ ပွားများအပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြသည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး တာဝန်ရှိသူတို့သည် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆက်ကပ်လှူဒါန်းကြကာ မသိုးသင်္ကန်းရက်လုပ်ယှဉ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းရွှေမြင့်မှ ဆုချီးမြှင့်ပေးပြီး လှူဒါန်းမှုအစုစုအတွက် တောင်ကြီးမြို့၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်းကျောက်တိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တ အဂ္ဂမဟာဘိဝံသ အရှင်သူမြတ်ထံမှ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းရုပ်သိမ်း၍ ဆရာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ယင်းနောက် နံနက် ၉ နာရီခွဲတွင် အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ၌ (၇၁)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန် ရေစက်ချတရားတော်နာကျင်းပရာ အခမ်းအနားကို ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ တောင်ကြီးမြို့၊ နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနစရိယ စွန်းလွန်းကျောက်တိုက်ပဓာန နာယကဆရာတော် ဘဒ္ဒန္တ အဂ္ဂမဟာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ပွားများအပ်သော မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို နာယူကြသည်။

ဆက်လက်၍ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သာသနာရေးတာဝန်ခံ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က မဟာဘုံကထိန် ပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော အကြီးအကဲများမှ ကထိန်လျာသင်္ကန်းများဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနား ကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းရုပ်သိမ်း၍ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြ ကြောင်း သိရှိရသည်။

အဆိုပါ (၇၁) ကြိမ်မြောက် တောင်ကြီးမြို့၊ မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော်ကြီးတွင် ပါဝင်လှူဒါန်းကြ သည့် ပဒေသာပင် (၂၇၃)ပင်၊ တန်ဖိုးငွေကျပ် (၁၃၈၆၄၈၂၆၆)၊ နဝကမ္မအလှူငွေကျပ် (၂၁၁၄၉၉၀၀)နှင့် ပရိဘောဂ ပစ္စည်းမျိုးစုံ (၁၃)မျိုးပါဝင်ပြီး တန်ဖိုးငွေကျပ် (၁၈၇၅၀၀၀)ဖြစ်၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ယခင်နှစ်များနည်းတူ ကထိန်ခင်းပြီးကျောင်း (၇၅)ကျောင်းသို့ (၄၀)နှင့် ကထိန်မခင်းရသေးကျောင်း (၂၄) ကျောင်းသို့ (၆၀)လှူဒါန်းပြီး နဝကမ္မအလှူငွေများကို အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရားနှင့် ကျောင်းတိုက်ရှိ သံဃာတော်အားလုံး (၄၁၂၃)ပါးတို့အတွက် အချိုးကျလှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ပဒေသာ များတွင်ပါရှိသည့် သင်္ကန်း (၂၂၁၀)စုံကို ကထိန်ခင်းပြီး ကျောင်းတိုက်များသို့ ကျောင်းအလိုက် (၁)စုံစီနှင့် ကထိန် မခင်းရသေးကျောင်းတိုက်များသို့ ကျောင်းရှိသံဃာတော် အရှိတိုင်း လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ပရိဘောက ပစ္စည်း (၁၃)မျိုးကိုလည်း ကျောင်းတိုက်ပေါင်းသို့ လှူဒါန်းထားရှိပြီး အကြိမ်အနည်းအများ၊ သံဃာတော် အနည်းအများအလိုက် စာရင်းပြုစုလျက် မဲစနစ်ဖြင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

မောင်မောင်သန်း (တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 39 guests and no members online

Latest Updates