ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ပိတ္ပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ - ၂၄

216

၂၀၁၈ ခုႏွစ္၊ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ ပိတ္ပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲကို ႏိုဝင္ဘာ ၂၃ ရက္  ညေန ၅ နာရီက ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္ရွိ အေဝရာကုန္းသာယာ မီးပုံးပ်ံကြင္း၌ က်င္းပေၾကာင္းသိရသည္။

အခမ္းအနားတြင္  တိုင္းရင္းသား႐ိုးရာအဖြဲ႕ (၇)ဖြဲ႕မွ တိုင္းရင္းသားအကမ်ားျဖင့္ ကျပေဖ်ာ္ေျဖဧည့္ခံၿပီး ဆုခ်ီးျမႇင့္ပြဲ က်င္းပရာ  တန္ေဆာင္တိုင္ပြဲေတာ္ စာေပၿပိဳင္ပြဲ(ဝတၳဳတို)ပထမ၊ ဒုတိယ၊ တတိယ၊ ႏွစ္သိမ့္ဆုရရွိသူမ်ားကို ျပည္နယ္ကုသေရး ႏွင့္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉး  ဒုတိယၫႊန္ၾကားေရးမႉးမွ ခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ တန္ေဆာင္တိုင္ပြဲေတာ္ စာေပၿပိဳင္ပြဲ(ေဆာင္းပါး)ပထမ၊ ဒုတိယ၊ တတိယဆု ရရွိသူမ်ားကို အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၏ဇနီး မွ ခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ တန္ေဆာင္တိုင္ပြဲေတာ္ စာေပၿပိဳင္ပြဲ(ေဆာင္းပါး) ႏွစ္သိမ့္ဆုရရွိသူမ်ားကို ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ဥကၠဌမွ ခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ တန္ေဆာင္တိုင္ပြဲေတာ္ စာေပၿပိဳင္ပြဲ(ကဗ်ာ)ပထမ၊ ဒုတိယ၊ တတိယဆု ရရွိသူမ်ားကို ျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၏ဇနီး မွ ခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ တန္ေဆာင္တိုင္ပြဲေတာ္ စာေပၿပိဳင္ပြဲ(ကဗ်ာ) ႏွစ္သိမ့္ဆု ရရွိသူမ်ားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉးမွ ခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ တန္ေဆာင္တိုင္ ပြဲေတာ္ စာေပၿပိဳင္ပြဲ(ကာတြန္း)ပထမ၊ ဒုတိယ၊ တတိယဆု ရရွိသူမ်ားကို ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ၏ဇနီးေဒၚနန္းေ႐ႊျမင့္မွ ခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ တန္ေဆာင္တိုင္ပြဲေတာ္ စာေပၿပိဳင္ပြဲ (ကာတြန္း) ႏွစ္သိမ့္ဆု ရရွိသူမ်ားကို ျပည္နယ္စာရင္းစစ္ခ်ဳပ္မွ ခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ မီးပုံးပ်ံၿပိဳင္ပြဲ ဆုရရွိသူမ်ားကို ဆုခ်ီးျမႇင့္ရာ ညမီးႀကီး၊ စိန္နားပန္ စတုတၳ၊ ပၪၥမ၊ ဂုဏ္ျပဳဆုႏွင့္ ႏွစ္သိမ့္ဆုမ်ား၊ ေန႔လႊတ္ ေျခ(၂)ေခ်ာင္း၊ ေျခ(၄)ေခ်ာင္း၊အုပ္စု၊ မသိုးသကၤန္းရက္လုပ္ၿပိဳင္ပြဲ၊ ၿမိဳ႕လုံးကၽြတ္မဟာဘုံကထိန္လွည့္လည္ပြဲ၊ ညမီးပေဒသာလွည့္လည္ပူေဇာ္ပြဲ၊ ဓါတ္ပုံၿပိဳင္ပြဲတြင္ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတၳ၊ ပၪၥမဆုရရွိသူမ်ားႏွင့္ ႏွစ္သိမ့္ဆုရရွိသူမ်ား၊ ဖြင့္ပြဲ၊ ပိတ္ပြဲသီခ်င္းဆိုၿပိဳင္ပြဲ ပထမ ႏွင့္ႏွစ္သိမ့္ဆုရရွိသူမ်ားကို တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဒုတိယဝန္ႀကီး ဦးလွေမာ္ဦး၊ ျပည္နယ္ တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ဆုမ်ားအသီးသီးခ်ီးျမႇင့္ေပး၍ လည္းေကာင္း၊ ညမီးႀကီး ပထမဆုရရွိေသာ လူခန္႔မီးကို ေငြက်ပ္ (၇၀) သိန္း၊ ဒုတိယဆုရရွိေသာ လူပဲ့မီးကို ေငြက်ပ္(၅၄.၅) သိန္း၊ တတိယ ဆုရရွိေသာ ၾကယ္ေျပာင္မီးကို ေငြက်ပ္(၄၉) သိန္းႏွင့္ စိန္နားပန္ပထမဆုရ ပထမဆုရရွိေသာ ေနၾကာေစ့မီးကို ေငြက်ပ္ (၃၀)သိန္း၊ ဒုတိယဆုရရွိေသာ ေရာင္စုံမီးကို ေငြက်ပ္(၂၄.၅)သိန္း၊ တတိယဆုရရွိေသာ မီးအိမ္လူငယ္မီးကို ေငြက်ပ္ (၂၂) သိန္း တို႔ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္တို႔က ဆုမ်ားအသီးသီးခ်ီးျမႇင့္ေပးၾကသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္ယဥ္ေက်းမႈအဖြဲ႕က ကိႏၷရီ၊ ကိႏၷရာအက၊ လက္သိုင္းအကတို႔ျဖင့္ ေဖ်ာ္ေျဖၿပီး၊ တိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕တို႔က တန္ေဆာင္တိုင္ပိတ္ပြဲသီခ်င္းျဖင့္ ကျပေဖ်ာ္ေျဖၾကကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ၁၃၈၀ခုႏွစ္ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္အား ပိတ္သိမ္းေၾကာင္းေၾကျငာၿပီး၊ ပိတ္ပြဲအထိမ္းအမွတ္ မီး႐ႉး၊ မီးပန္းမ်ား ပစ္ေဖာက္ကာ ညမီးႀကီးမီးပုံးပ်ံ(၁)လုံး၊ စိန္နားပန္မီးပုံးပ်ံ(၁)လုံးႏွင့္ Huawei ကုမၸဏီမွ မီးပုံးပ်ံငယ္အလုံး (၂၀၀၀)လုံး တို႔ကိုလႊတ္တင္ခဲ့သည္။

အဆိုပါ ရွမ္ျပည္နယ္၊ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္တြင္ မီးပုံးပ်ံဆုခ်ီးျမႇင့္ေငြစုစုေပါင္းမွာ (၇၆၃၀၀၀၀ဝိ/-) က်ပ္ ခုႏွစ္ရာေျခာက္ဆယ့္သုံးသိန္းတိတိႏွင့္ မီးပေဒသာလွည့္လည္ၿပိဳင္ပြဲတြင္ ခ်ီးျမႇင့္ေငြစုစုေပါင္းမွ(၇၇၀၀၀၀ဝိ/-)က်ပ္ခုႏွစ္ဆယ့္ ခုႏွစ္သိန္းတိတိျဖစ္ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ျပန္/ဆက္

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၂၄

၂၀၁၈ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၂၃ ရက်  ညနေ ၅ နာရီက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင်  တိုင်းရင်းသားရိုးရာအဖွဲ့ (၇)ဖွဲ့မှ တိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေဧည့်ခံပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ  တန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ(ဝတ္ထုတို)ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒုတိယညွှန်ကြားရေးမှူးမှ ချီးမြှင့်ပေး၍လည်းကောင်း၊ တန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ(ဆောင်းပါး)ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး မှ ချီးမြှင့်ပေး၍ လည်းကောင်း၊ တန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ(ဆောင်းပါး) နှစ်သိမ့်ဆုရရှိသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌမှ ချီးမြှင့်ပေး၍ လည်းကောင်း၊ တန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ(ကဗျာ)ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီး မှ ချီးမြှင့်ပေး၍လည်းကောင်း၊ တန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ(ကဗျာ) နှစ်သိမ့်ဆု ရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးမှ ချီးမြှင့်ပေး၍ လည်းကောင်း၊ တန်ဆောင်တိုင် ပွဲတော် စာပေပြိုင်ပွဲ(ကာတွန်း)ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၏ဇနီးဒေါ်နန်းရွှေမြင့်မှ ချီးမြှင့်ပေး၍လည်းကောင်း၊ တန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ (ကာတွန်း) နှစ်သိမ့်ဆု ရရှိသူများကို ပြည်နယ်စာရင်းစစ်ချုပ်မှ ချီးမြှင့်ပေး၍လည်းကောင်း၊ မီးပုံးပျံပြိုင်ပွဲ ဆုရရှိသူများကို ဆုချီးမြှင့်ရာ ညမီးကြီး၊ စိန်နားပန် စတုတ္ထ၊ ပဉ္စမ၊ ဂုဏ်ပြုဆုနှင့် နှစ်သိမ့်ဆုများ၊ နေ့လွှတ် ခြေ(၂)ချောင်း၊ ခြေ(၄)ချောင်း၊အုပ်စု၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ မြို့လုံးကျွတ်မဟာဘုံကထိန်လှည့်လည်ပွဲ၊ ညမီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများ၊ ဖွင့်ပွဲ၊ ပိတ်ပွဲသီချင်းဆိုပြိုင်ပွဲ ပထမ နှင့်နှစ်သိမ့်ဆုရရှိသူများကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေး၍ လည်းကောင်း၊ ညမီးကြီး ပထမဆုရရှိသော လူခန့်မီးကို ငွေကျပ် (၇၀) သိန်း၊ ဒုတိယဆုရရှိသော လူပဲ့မီးကို ငွေကျပ်(၅၄.၅) သိန်း၊ တတိယ ဆုရရှိသော ကြယ်ပြောင်မီးကို ငွေကျပ်(၄၉) သိန်းနှင့် စိန်နားပန်ပထမဆုရ ပထမဆုရရှိသော နေကြာစေ့မီးကို ငွေကျပ် (၃၀)သိန်း၊ ဒုတိယဆုရရှိသော ရောင်စုံမီးကို ငွေကျပ်(၂၄.၅)သိန်း၊ တတိယဆုရရှိသော မီးအိမ်လူငယ်မီးကို ငွေကျပ် (၂၂) သိန်း တို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်တို့က ဆုများအသီးသီးချီးမြှင့်ပေးကြသည်။

ထို့နောက် ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ၊ ကိန္နရာအက၊ လက်သိုင်းအကတို့ဖြင့် ဖျော်ဖြေပြီး၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တို့က တန်ဆောင်တိုင်ပိတ်ပွဲသီချင်းဖြင့် ကပြဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၁၃၈၀ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ပိတ်သိမ်းကြောင်းကြေငြာပြီး၊ ပိတ်ပွဲအထိမ်းအမှတ် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ကာ ညမီးကြီးမီးပုံးပျံ(၁)လုံး၊ စိန်နားပန်မီးပုံးပျံ(၁)လုံးနှင့် Huawei ကုမ္ပဏီမှ မီးပုံးပျံငယ်အလုံး (၂၀၀၀)လုံး တို့ကိုလွှတ်တင်ခဲ့သည်။

အဆိုပါ ရှမ်ပြည်နယ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံဆုချီးမြှင့်ငွေစုစုပေါင်းမှာ (၇၆၃၀၀၀၀ဝိ/-) ကျပ် ခုနှစ်ရာခြောက်ဆယ့်သုံးသိန်းတိတိနှင့် မီးပဒေသာလှည့်လည်ပြိုင်ပွဲတွင် ချီးမြှင့်ငွေစုစုပေါင်းမှ(၇၇၀၀၀၀ဝိ/-)ကျပ်ခုနှစ်ဆယ့် ခုနှစ်သိန်းတိတိဖြစ်ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ခရိုင်ပြန်/ဆက်

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 51 guests and no members online

Latest Updates