ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၂)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (ပထမေန႔) က်င္းပ

ေတာင္ႀကီး ဒီဇင္ဘာ - ၁၂

226

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၂)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (ပထမေန႔)ကို ဒီဇင္ဘာ ၁၂ ရက္ နံနက္ ၁၀နာရီက ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ပထမဦးစြာ ကတိသစၥာမျပဳရေသးေသာ တပ္မေတာ္သား ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၇)ဦးက ကတိသစၥာျပဳရန္အတြက္ ျပည္နယ္လႊတ္ေတာ္ဥကၠဌ ေရွ႕ေမွာက္တြင္ေနရာယူ၍ ကတိသစၥာျပဳလက္မွတ္ေရးထိုးကာ ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္က အစည္းအေဝးတြင္ တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ကိုယ္စားလွယ္ (၁၄၁) ဦးရွိသည့္အနက္ ခြင့္ပန္ၾကားသူ (၁၉)ဦးရွိၿပီး အစည္းအေဝးသို႔ (၁၂၂)ဦးတက္ေရာက္သျဖင့္ (၈၆.၅၂) ရာခိုင္ႏႈန္းရွိေသာေၾကာင့္ အစည္းအေဝးအထေျမာက္ေၾကာင္းႏွင့္ ပထမေန႔အစည္းအေဝးစတင္က်င္းပေၾကာင္း သိရသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၁၉)ဦးတို႔အတြက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စိစစ္ေရးေကာ္မတီဥကၠဌ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြက ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္မွ သေဘာတူေၾကာင္းႏွင့္ အစည္းအေဝးအထေျမာက္မွကို လႊတ္ေတာ္က အတည္ျပဳေၾကာင္း ေၾကညာသည္။

ထို႔ေနာက္ ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္က ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျပည္နယ္လႊတ္ေတာ္သို႔ မိန္႔ခြန္းေျပာၾကားကာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၏ မိန္႔ခြန္းကို ျပည္နယ္လႊတ္ေတာ္က မွတ္တမ္းတင္ေၾကာင္း ျပည္နယ္လႊတ္ေတာ္ဥကၠဌက ေၾကညာၿပီး ႏိုင္ငံေတာ္သမၼတထံမွ ေပးပို႔ေသာ သဝဏ္လႊာကို ျပည္နယ္လႊတ္ေတာ္ဥကၠဌက လႊတ္ေတာ္သို႔ ဖတ္ၾကားတင္ျပ၍ လႊတ္ေတာ္၏ အဆုံးအျဖတ္ရယူရာ လႊတ္ေတာ္က သေဘာတူေၾကာင္း ေၾကညာသည္။

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၂)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (ပထမေန႔)တြင္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ (၉) ဦးမွ ၾကယ္ပြင့္ျပေမးခြန္း (၁၄)ခု ေမးျမန္းျခင္းႏွင့္ အဆို(၁)ခု တင္သြင္းေၾကာင္း သိရႆည္။ အဆိုပါအစည္းအေဝးသို႔ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သားကိုယ္စားလွယ္မ်ား၊ တကၠသိုလ္မွ ပအိုဝ္းေက်ာင္းသား/ေက်ာင္းသူ(ေလ့လာသူ) (၁၈)ဦး တက္ေရာက္ ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁၂

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာ ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ကတိသစ္စာပြုရန်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဌ ရှေ့မှောက်တွင်နေရာယူ၍ ကတိသစ္စာပြုလက်မှတ်ရေးထိုးကာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်က အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၄၁) ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၉)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၂)ဦးတက်ရောက်သဖြင့် (၈၆.၅၂) ရာခိုင်နှုန်းရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ပထမနေ့အစည်းအဝေးစတင်ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦးတို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်းပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်၏ မိန့်ခွန်းကို ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌက ကြေညာပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဥက္ကဌက လွှတ်တော်သို့ ဖတ်ကြားတင်ပြ၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၉) ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၁၄)ခု မေးမြန်းခြင်းနှင့် အဆို(၁)ခု တင်သွင်းကြောင်း သိရဿည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ တက္ကသိုလ်မှ ပအိုဝ်းကျောင်းသား/ကျောင်းသူ(လေ့လာသူ) (၁၈)ဦး တက်ရောက် ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 42 guests and no members online

Latest Updates