
တောင်ကြီး ဒီဇင်ဘာ - ၁၃

228







၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁၃

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပထမဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်က အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၁၄၁) ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ (၁၇)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၄)ဦး တက်ရောက် သဖြင့်(၈၇.၉၄) ရာခိုင်နှုန်းရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် ဒုတိယနေ့အစည်းအဝေး စတင် ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးတို့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဌ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃) ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၁၅)ခု မေးမြန်းခြင်းနှင့် အဆို (၁)ခု တင်သွင်းကြောင်း သိရဿည်။ အဆိုပါအစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 50 guests and no members online

Latest Updates