ေခတ္မီမီးၿငိမ္းသတ္ယာဥ္ႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းသုံးယာဥ္မ်ား သ႐ုပ္ျပ

ေတာင္ႀကီး ဒီဇင္ဘာ - ၁၃

229

ပိုလန္ႏိုင္ငံ၏ Official Development Assistance - ODA အစီအစဥ္ျဖင့္ ရွမ္းျပည္နယ္အတြက္ ရရွိသည့္ ေခတ္မီ မီးၿငိမ္းသတ္ယာဥ္ႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းသုံးယာဥ္မ်ား သ႐ုပ္ျပျခင္းကို ဒီဇင္ဘာ ၁၃ ရက္ မြန္းလြဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕၊ ခ႐ိုင္မီးသတ္ဦးစီးဌာန႐ုံးဝန္း၌ က်င္းပေၾကာင္း သိရသည္။ 

ပိုလန္ႏိုင္ငံ၏ Official Development Assistance - ODA အစီအစဥ္ျဖင့္ အဆင့္ျမင့္ မီးသတ္ယာဥ္ႏွင့္ ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းသုံးယာဥ္အမ်ိဳးအစား (၅)မ်ိဳးအနက္ ရွမ္းျပည္နယ္အတြက္ လက္ခံရရွိသည့္ ေခတ္မီမီးၿငိမ္းသတ္ယာဥ္ ႏွင့္ ရွာေဖြကယ္ဆယ္ေရးအဆင့္ျမင့္လုပ္ငန္းသုံးယာဥ္အမ်ိဳးအစား (၄)မ်ိဳး၊ အစီးေရ (၈)စီး ရရွိခဲ့ၿပီး 25 D Hydraulic Platform ယာဥ္ႏွင့္ ၎ႏွင့္ တြဲဘက္အသုံးျပဳမည့္ယာဥ္သည္ Medium Rescue & Fire Fighting မီးၿငိမ္းသတ္ယာဥ္ ျဖစ္ၿပီး Heavy Rescue & Lifting ကယ္ဆယ္ေရးယာဥ္ျဖစ္ၿပီး Heavy Rescue & Towing (6×6) ယာဥ္တို႔၏ စြမ္းေဆာင္ရည္မ်ားကို သ႐ုပ္ျပသခဲ့ေၾကာင္း သိရသည္။

Volvo (4×4) အမ်ိဳးအစား Medium Rescue & Fire Fighting မီးၿငိမ္းသတ္ယာဥ္သည္ ယာဥ္အေလးခ်ိန္ (၂၁)တန္ျဖစ္ၿပီး ပိုလန္ႏိုင္ငံမွ ထုတ္လုပ္ကာ မီးၿငိမ္းသတ္ေရးလုပ္ငန္းမ်ားႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ ရာတြင္ ထိေရာက္လ်င္ျမန္စြာတုန္႔ျပန္ေဆာင္႐ြက္ႏိုင္၍ ေရဝင္ဆံ့မႈပမာဏ (၅၀၀)လီတာႏွင့္ Foam ဝင္ဆံ့မႈပမာဏ (၆၀၀) လီတာ ပါဝင္ကာ Low Pressure တြင္ 10 bar ျဖင့္ အသုံးျပဳပါက တစ္မိနစ္တြင္ 4000 Lits ႏႈန္းျဖင့္ ေရပက္ဖ်န္းႏိုင္ၿပီး High Pressure တြင္ 40 bar ျဖင့္ အသုံးျပဳပါက တစ္မိနစ္တြင္ 400 Lits ႏႈန္းျဖင့္ ေရပက္ဖ်န္းႏိုင္ေၾကာင္း၊ Low Pressure ႏွင့္ High Pressure အား တၿပိဳင္နက္ထဲ အသုံးျပဳႏိုင္ၿပီး BS type coupling 21/2'' ၊ 11/2'' 3D Nozzle မ်ားျဖင့္ အသုံးျပဳ ပက္ဖ်န္းၿငႇိမ္းသတ္ႏိုင္ေၾကာင္း၊ ရွာေဖြကယ္ဆယ္ေရးပစၥည္းမ်ားျဖစ္သည့္ ယာဥ္မေတာ္တဆမႈ ကယ္ဆယ္ေရးပစၥည္း Hydraulic Rescue Toolsမ်ားထြင္းေဖာက္ျဖတ္ေတာက္ကိရိယာမ်ား ေဘးအႏၲရာယ္လုံၿခဳံမႈပစၥည္းမ်ားလည္း ပါဝင္ေၾကာင္း၊ Volvo (4×2) အမ်ိဳးအစား Hydraulic Platform(25 meter) ယာဥ္သည္ ယာဥ္အေလးခ်ိန္ (၂၀)တန္ျဖစ္ၿပီး အထပ္ျမင့္ မီးၿငိမ္းသတ္ေရးႏွင့္ ကယ္ဆယ္ေရးယာဥ္အမ်ိဳးအစားျဖစ္ကာ 25 meter ထိ ေလွကားဆန္႔ထုတ္ႏိုင္၍ ဆုံလည္ေလွကားမွာ ၃၆၀ ဒီဂရီလွည့္ႏိုင္ကာ 300 Kg တင္ေဆာင္ႏိုင္သည့္ Cage ျဖင့္ မီးၿငိမ္းသတ္ျခင္း၊ လူသယ္ေဆာင္ျခင္းမ်ား ျပဳလုပ္ႏိုင္ပါ ေၾကာင္း၊ အမ်ားဆုံးလူ (၅)ေယာက္တင္ေဆာင္ႏိုင္ၿပီး အျမင့္သို႔ သြားရာတြင္ ၁ မိနစ္လၽွင္ ၁၁ မီတာႏႈန္းျဖင့္ သြားႏိုင္ၿပီး ေအာက္သို႔ခ်ရာတြင္ ၁ မိနစ္လၽွင္ ၂.၅ မီတာႏႈန္းျဖင့္ ဆင္းႏိုင္ပါေၾကာင္း၊ Volvo (8×4) အမ်ိဳးအစား Heavy Rescue & Towing ယာဥ္သည္ ယာဥ္အေလးခ်ိန္ (၄၂)တန္ျဖစ္ၿပီး ငလ်င္ကဲ့သို႔ေသာ သဘာဝေဘးအႏၲရာယ္မ်ားအား ရွာေဖြကယ္ဆယ္ ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေလးလံေသာ အရာဝတၳဳမ်ားအား ဆြဲယူျခင္း၊ မတင္ျခင္း၊ ေ႐ႊ႕ေျပာင္းျခင္းႏွင့္ ယာဥ္မေတာ္ တဆမႈကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ တိမ္းေမွာက္ယာဥ္မ်ားႏွင့္ ေခ်ာက္ထဲက်ေနေသာ ယာဥ္မ်ားအား ဆြဲတင္ျခင္း၊ သယ္ယူ ျခင္းမ်ားေဆာင္႐ြက္ရာတြင္ ထိေရာက္စြာအသုံးျပဳႏိုင္ေသာ ယာဥ္မ်ားျဖစ္ေၾကာင္း၊ Volvo (8×4) အမ်ိဳးအစား Heavy Rescue & Lifting ယာဥ္သည္ ယာဥ္အေလးခ်ိန္ (၄၄)တန္ျဖစ္ၿပီး သဘာဝေဘးအႏၲရာယ္ႏွင့္ အျခားမေတာ္တဆမႈ ျဖစ္စဥ္ မ်ားအတြက္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းသုံးယာဥ္ျဖစ္ေၾကာင္း ျပည္နယ္မီးသတ္ဦးစီးဌာနမွ ျပည္နယ္ဦးစီးမႉးက ရွင္းလင္း သြားေၾကာင္း သိရသည္။

အဆိုပါ ေခတ္မီမီးၿငိမ္းသတ္ယာဥ္ႏွင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းသုံးယာဥ္မ်ား သ႐ုပ္ျပပြဲသို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူတို႔က တက္ေရာက္ေလ့လာၾကည့္႐ႈၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ခေတ်မီမီးငြိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်များ သရုပ်ပြ

တောင်ကြီး ဒီဇင်ဘာ - ၁၃

ပိုလန်နိုင်ငံ၏ Official Development Assistance - ODA အစီအစဉ်ဖြင့် ရှမ်းပြည်နယ်အတွက် ရရှိသည့် ခေတ်မီ မီးငြိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်များ သရုပ်ပြခြင်းကို ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံးဝန်း၌ ကျင်းပကြောင်း သိရသည်။ 

ပိုလန်နိုင်ငံ၏ Official Development Assistance - ODA အစီအစဉ်ဖြင့် အဆင့်မြင့် မီးသတ်ယာဉ်နှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်အမျိုးအစား (၅)မျိုးအနက် ရှမ်းပြည်နယ်အတွက် လက်ခံရရှိသည့် ခေတ်မီမီးငြိမ်းသတ်ယာဉ် နှင့် ရှာဖွေကယ်ဆယ်ရေးအဆင့်မြင့်လုပ်ငန်းသုံးယာဉ်အမျိုးအစား (၄)မျိုး၊ အစီးရေ (၈)စီး ရရှိခဲ့ပြီး 25 D Hydraulic Platform ယာဉ်နှင့် ၎င်းနှင့် တွဲဘက်အသုံးပြုမည့်ယာဉ်သည် Medium Rescue & Fire Fighting မီးငြိမ်းသတ်ယာဉ် ဖြစ်ပြီး Heavy Rescue & Lifting ကယ်ဆယ်ရေးယာဉ်ဖြစ်ပြီး Heavy Rescue & Towing (6×6) ယာဉ်တို့၏ စွမ်းဆောင်ရည်များကို သရုပ်ပြသခဲ့ကြောင်း သိရသည်။

Volvo (4×4) အမျိုးအစား Medium Rescue & Fire Fighting မီးငြိမ်းသတ်ယာဉ်သည် ယာဉ်အလေးချိန် (၂၁)တန်ဖြစ်ပြီး ပိုလန်နိုင်ငံမှ ထုတ်လုပ်ကာ မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ရာတွင် ထိရောက်လျင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်၍ ရေဝင်ဆံ့မှုပမာဏ (၅၀၀)လီတာနှင့် Foam ဝင်ဆံ့မှုပမာဏ (၆၀၀) လီတာ ပါဝင်ကာ Low Pressure တွင် 10 bar ဖြင့် အသုံးပြုပါက တစ်မိနစ်တွင် 4000 Lits နှုန်းဖြင့် ရေပက်ဖျန်းနိုင်ပြီး High Pressure တွင် 40 bar ဖြင့် အသုံးပြုပါက တစ်မိနစ်တွင် 400 Lits နှုန်းဖြင့် ရေပက်ဖျန်းနိုင်ကြောင်း၊ Low Pressure နှင့် High Pressure အား တပြိုင်နက်ထဲ အသုံးပြုနိုင်ပြီး BS type coupling 21/2'' ၊ 11/2'' 3D Nozzle များဖြင့် အသုံးပြု ပက်ဖျန်းငြှိမ်းသတ်နိုင်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ယာဉ်မတော်တဆမှု ကယ်ဆယ်ရေးပစ္စည်း Hydraulic Rescue Toolsများထွင်းဖောက်ဖြတ်တောက်ကိရိယာများ ဘေးအန္တရာယ်လုံခြုံမှုပစ္စည်းများလည်း ပါဝင်ကြောင်း၊ Volvo (4×2) အမျိုးအစား Hydraulic Platform(25 meter) ယာဉ်သည် ယာဉ်အလေးချိန် (၂၀)တန်ဖြစ်ပြီး အထပ်မြင့် မီးငြိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးယာဉ်အမျိုးအစားဖြစ်ကာ 25 meter ထိ လှေကားဆန့်ထုတ်နိုင်၍ ဆုံလည်လှေကားမှာ ၃၆၀ ဒီဂရီလှည့်နိုင်ကာ 300 Kg တင်ဆောင်နိုင်သည့် Cage ဖြင့် မီးငြိမ်းသတ်ခြင်း၊ လူသယ်ဆောင်ခြင်းများ ပြုလုပ်နိုင်ပါ ကြောင်း၊ အများဆုံးလူ (၅)ယောက်တင်ဆောင်နိုင်ပြီး အမြင့်သို့ သွားရာတွင် ၁ မိနစ်လျှင် ၁၁ မီတာနှုန်းဖြင့် သွားနိုင်ပြီး အောက်သို့ချရာတွင် ၁ မိနစ်လျှင် ၂.၅ မီတာနှုန်းဖြင့် ဆင်းနိုင်ပါကြောင်း၊ Volvo (8×4) အမျိုးအစား Heavy Rescue & Towing ယာဉ်သည် ယာဉ်အလေးချိန် (၄၂)တန်ဖြစ်ပြီး ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များအား ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လေးလံသော အရာဝတ္ထုများအား ဆွဲယူခြင်း၊ မတင်ခြင်း၊ ရွှေ့ပြောင်းခြင်းနှင့် ယာဉ်မတော် တဆမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် တိမ်းမှောက်ယာဉ်များနှင့် ချောက်ထဲကျနေသော ယာဉ်များအား ဆွဲတင်ခြင်း၊ သယ်ယူ ခြင်းများဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးပြုနိုင်သော ယာဉ်များဖြစ်ကြောင်း၊ Volvo (8×4) အမျိုးအစား Heavy Rescue & Lifting ယာဉ်သည် ယာဉ်အလေးချိန် (၄၄)တန်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်နှင့် အခြားမတော်တဆမှု ဖြစ်စဉ် များအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်ဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ရှင်းလင်း သွားကြောင်း သိရသည်။

အဆိုပါ ခေတ်မီမီးငြိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်များ သရုပ်ပြပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့က တက်ရောက်လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-mawရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ၊ သီပေါ၊ ကျောက်မဲ နှင့် နမ့်ခမ်း မြို့နယ်များတွင် နေထိုင်ကြပါသည်။

We have 58 guests and no members online

Latest Updates