ပထမအႀကိမ္ ဓႏုအမ်ိဳးသားေန႔က်င္းပ

ေတာင္ႀကီး ဒီဇင္ဘာ - ၁၆

230

ဓႏုတိုင္းရင္းသားတို႔၏ ထူးျခားေသာ ေန႔ထူးေန႔ျမတ္ႀကီးျဖစ္သည့္ ပထမဆုံးအႀကိမ္ က်င္းပေသာ ဓႏု အမ်ိဳးသားေန႔ကို ဒီဇင္ဘာ ၁၅ ရက္ နံနက္ ၉ နာရီခြဲက ႐ြာငံၿမိဳ႕၊ ေ႐ႊပြင့္လင္းကြင္းတြင္ က်င္းပေၾကာင္း သိရသည္။

ဓႏုတိုင္းရင္းသားတို႔၏ ႐ိုးရာေဗ်ာျဖင့္ အခမ္းအနားကို ဖြင့္လွစ္ၿပီး ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အလံႏွင့္ ဓႏုအမ်ိဳးသားအလံအား အေလးျပဳျခင္းကို တက္ေရာက္လာေသာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က ေဆာင္႐ြက္ၾကသည္။

ဆက္လက္၍ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ျပည္သူ႕လႊတ္ေတာ္ဥကၠဌထံမွ ေပးပို႔ေသာ ဓႏုအမ်ိဳးသားေန႔ သဝဏ္လႊာအား ႐ြာငံၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္စိုးမင္းက ဖတ္ၾကားျခင္း၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌထံမွ ေပးပို႔ေသာ ဓႏုအမ်ိဳးသားေန႔ သဝဏ္လႊာအား အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမမေလးက ဖတ္ၾကားျခင္း၊ တိုင္းရင္းသားေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးထံမွေပးပို႔ေသာ ဓႏုအမ်ိဳးသားေန႔ သဝဏ္လႊာ အား ႐ြာငံၿမိဳ႕နယ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးမင္းစိုးက ဖတ္ၾကားၾကေၾကာင္း သိရသည္။ 

႐ြာငံၿမိဳ႕သည္ ဓႏုတိုင္းရင္းသားတို႔၏ ဘူမိနက္သန္ေအာင္ေျမျဖစ္ၿပီး မြန္ဂိုကုန္းေျမျမင့္မွ လမ္းေၾကာင္းႀကီး (၃)သြယ္ျဖင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ဝင္ေရာက္လာသည့္ တိဘက္-ျမန္မာအုပ္စုဝင္ျဖစ္သည့္ ဓႏုတိုင္းရင္းသားတို႔ သည္ ႐ြာငံေဒသတြင္ ပထမဆုံးအေျခခ်ေနထိုင္ခဲ့ေသာ လူမ်ိဳးစုျဖစ္ေၾကာင္း၊ ဓႏုတိုင္းရင္းသားတို႔သည္ ျမန္မာႏိုင္ငံ အႏွံအျပားေနထိုင္ၾကၿပီး ျမန္မာႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီအစိုးရလက္ထက္တြင္ ၂၀၁၀ ခုႏွစ္၊ ဩဂုတ္လ ၂၀ ရက္ေန႔၌ ျမန္မာႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ၏ စာအမွတ္၊ ၃၃/ ၂၀၁၀ျဖင့္ အတြင္းေရးမႉး (၁) ဗိုလ္ခ်ဳပ္ႀကီး သီဟသူရတင္ေအာင္ျမင့္ဦးမွ ပင္းတယၿမိဳ႕နယ္ႏွင့္ ႐ြာငံၿမိဳ႕နယ္တို႔ကို ဓႏုတိုင္းရင္းသားတို႔၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ သတ္မွတ္ေပးခဲ့ေၾကာင္း၊ ဓႏု တမ်ိဳးသားလုံး တစ္စုတစ္စည္း ေတြ႕ဆုံၿပီး ဓႏုအမ်ိဳးသားညီလာခံကို က်င္းပႏိုင္သည့္ ၁၃၇၉ ခု၊ နတ္ေတာ္လဆန္း ၈ ရက္ေန႔တြင္ ဓႏုအမ်ိဳးသား အလံ၊ ဓႏုအမ်ိဳးသားသီခ်င္း၊ ဓႏုတိုင္းရင္းသားဝတ္စုံကို တစ္ေျပးညီ သတ္မွတ္ႏိုင္သည့္ေန႔ကို ဓႏုအမ်ိဳးသားေန႔ဟု သတ္မွတ္ႏိုင္ခဲ့ၿပီး အမ်ိဳးသားေန႔မွ ဓႏု တမ်ိဳးသားလုံးကို ဦးေဆာင္ဦး႐ြက္ျပဳမည့္ ဓႏုတိုင္းရင္းသားေရးရာအဖြဲ႕ခ်ဳပ္ ေပၚေပါက္လာကာ အဖြဲ႕ခ်ဳပ္ကဦးစီး၍ ယခုကဲ့သို႔ ပထမအႀကိမ္ဓႏုအမ်ိဳးသားေန႔ကို ႐ြာငံၿမိဳ႕နယ္တြင္က်င္းပႏိုင္ခဲ့ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကား၌ ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ဓႏုအမ်ိဳးသားေန႔ျဖစ္ေျမာက္ေရးအတြက္ အလႉေငြက်ပ္သိန္း(၂၀) ကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေပးအပ္ရာ ပြဲျဖစ္ေျမာက္ေရးေကာ္မတီတာဝန္ရွိသူတစ္ဦးမွ လက္ခံ ရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားျပန္လည္ေပးအပ္ကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူ တို႔က ဓႏုအမ်ိဳးသားေန႔တြင္ ခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္သူ႕လႊတ္ေတာ္တိုင္းရင္းသား ေရးရာႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈေကာ္မတီဥကၠဌ၊ အမ်ိဳးလႊတ္ေတာ္တိုင္းရင္းသားေရးရာ ေကာ္မတီ ဥကၠဌ၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္ ဒုဥကၠဌ၊ ျပည္သူ႕လႊတ္ေတာ္/ အမ်ိဳးသား လႊတ္ေတာ္/ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဓႏုတိုင္းရင္းသား/ တိုင္းရင္းသူ မိဘျပည္သူမ်ား၊ ဖိတ္ၾကား ထားသည့္ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

Unicode +++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပထမအကြိမ် ဓနုအမျိုးသားနေ့ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၁၆

ဓနုတိုင်းရင်းသားတို့၏ ထူးခြားသော နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် ပထမဆုံးအကြိမ် ကျင်းပသော ဓနု အမျိုးသားနေ့ကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီခွဲက ရွာငံမြို့၊ ရွှေပွင့်လင်းကွင်းတွင် ကျင်းပကြောင်း သိရသည်။

ဓနုတိုင်းရင်းသားတို့၏ ရိုးရာဗျောဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ဓနုအမျိုးသားအလံအား အလေးပြုခြင်းကို တက်ရောက်လာသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆောင်ရွက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဥက္ကဌထံမှ ပေးပို့သော ဓနုအမျိုးသားနေ့ သဝဏ်လွှာအား ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ဖတ်ကြားခြင်း၊ အမျိုးသားလွှတ်တော် ဥက္ကဌထံမှ ပေးပို့သော ဓနုအမျိုးသားနေ့ သဝဏ်လွှာအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးက ဖတ်ကြားခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သော ဓနုအမျိုးသားနေ့ သဝဏ်လွှာ အား ရွာငံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ဖတ်ကြားကြကြောင်း သိရသည်။ 

ရွာငံမြို့သည် ဓနုတိုင်းရင်းသားတို့၏ ဘူမိနက်သန်အောင်မြေဖြစ်ပြီး မွန်ဂိုကုန်းမြေမြင့်မှ လမ်းကြောင်းကြီး (၃)သွယ်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် တိဘက်-မြန်မာအုပ်စုဝင်ဖြစ်သည့် ဓနုတိုင်းရင်းသားတို့ သည် ရွာငံဒေသတွင် ပထမဆုံးအခြေချနေထိုင်ခဲ့သော လူမျိုးစုဖြစ်ကြောင်း၊ ဓနုတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ အနှံအပြားနေထိုင်ကြပြီး မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်တွင် ၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့၌ မြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ စာအမှတ်၊ ၃၃/ ၂၀၁၀ဖြင့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးမှ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့ကို ဓနုတိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးခဲ့ကြောင်း၊ ဓနု တမျိုးသားလုံး တစ်စုတစ်စည်း တွေ့ဆုံပြီး ဓနုအမျိုးသားညီလာခံကို ကျင်းပနိုင်သည့် ၁၃၇၉ ခု၊ နတ်တော်လဆန်း ၈ ရက်နေ့တွင် ဓနုအမျိုးသား အလံ၊ ဓနုအမျိုးသားသီချင်း၊ ဓနုတိုင်းရင်းသားဝတ်စုံကို တစ်ပြေးညီ သတ်မှတ်နိုင်သည့်နေ့ကို ဓနုအမျိုးသားနေ့ဟု သတ်မှတ်နိုင်ခဲ့ပြီး အမျိုးသားနေ့မှ ဓနု တမျိုးသားလုံးကို ဦးဆောင်ဦးရွက်ပြုမည့် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ပေါ်ပေါက်လာကာ အဖွဲ့ချုပ်ကဦးစီး၍ ယခုကဲ့သို့ ပထမအကြိမ်ဓနုအမျိုးသားနေ့ကို ရွာငံမြို့နယ်တွင်ကျင်းပနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား၌ ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဓနုအမျိုးသားနေ့ဖြစ်မြောက်ရေးအတွက် အလှူငွေကျပ်သိန်း(၂၀) ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးအပ်ရာ ပွဲဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူတစ်ဦးမှ လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့က ဓနုအမျိုးသားနေ့တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဌ၊ အမျိုးလွှတ်တော်တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ၊ ပြည်သူ့လွှတ်တော်/ အမျိုးသား လွှတ်တော်/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဓနုတိုင်းရင်းသား/ တိုင်းရင်းသူ မိဘပြည်သူများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 47 guests and no members online

Latest Updates