ရွမ္းျပည္နယ္ပညာေရးစုံညီပြဲေတာ္ ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ဇန္နဝါရီ - ၇

4

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္၊ ရွမ္းျပည္နယ္ပညာေရးစုံညီပြဲေတာ္ဖြင့္ပြဲကို ဇန္နဝါရီ ၅ ရက္က ေတာင္ႀကီးၿမိဳ႕၊ အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္း၊ စိန္ျမင္းမိုရ္ခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ပညာေရးစုံညီပြဲေတာ္ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း၊ ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ေပးၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ဘင္ခရာ၊ ပန္းပြား၊ ႐ိုးရာအက၊ ကာယလႈပ္ရွားစြမ္းအင္ျပသေနျခင္း၊ ပညာေရးစုံညီပြဲေတာ္ျပခန္းမအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔က လွည့္လည္ၾကည့္႐ႈအားေပးၾကသည္။

ဆက္လက္၍ အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက စုံညီပြဲေတာ္ တို႔ႏႊဲေပ်ာ္ သီခ်င္းသီဆို၍ အခမ္းအနားဖြင့္လွစ္ေပးၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က ႏိုင္ငံေတာ္သည္ ပညာအရာတြင္ ထူးခၽြန္ထက္ျမက္ၿပီး အေတြးအေခၚခံယူခ်က္ ျမင့္မားေသာ လူငယ္ မ်ားကို ျပဳစုပ်ိဳးေထာင္ေနသည့္အခ်ိန္တြင္ ယခုလိုေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တစ္စုတစ္စည္းတည္း စုံစုံညီညီႏွင့္ စုံညီပြဲေတာ္တြင္ ပါဝင္ဆင္ႏႊဲေနမႈကို ျမင္ေတြ႕ရသည့္အတြက္ ေက်နပ္အားရမိပါေၾကာင္း၊ မိဘ၊ ဆရာႏွင့္ ေက်ာင္းသားမ်ား စည္းလုံးညီၫြတ္စြာျဖင့္ ပညာေရးလုပ္ငန္းမ်ားကို စုေပါင္းေဆာင္႐ြက္ေနၾကသည္မွာ စုံညီပြဲေတာ္ က်င္းပရသည့္ ရည္႐ြယ္ခ်က္ကို အေကာင္အထည္ေဖာ္ေနမႈျဖစ္ၿပီး တစ္ႏွစ္တာကာလအတြင္း ကာယ၊ ဉာဏ၊ စာရိတၱ ဘက္စုံဖြံၿဖိဳးသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္ရျခင္းျဖစ္ေၾကာင္းႏွင့္ ဘက္စုံဖြံ႕ၿဖိဳးသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အစဥ္မျပတ္ျပဳစုပ်ိဳးေထာင္ေပးရန္လိုအပ္ပါေၾကာင္း၊ မိဘမ်ားအေနျဖင့္ မိမိ သားသမီးမ်ား ပညာေရးအတြက္ ေက်ာင္းအုပ္ႀကီး၊ ဆရာ/ဆရာမမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေစလိုေၾကာင္း၊ လူမႈေရးစိတ္ဓာတ္မ်ား ျပည့္ဝလာေရးအတြက္ ေက်ာင္းသန္႔ရွင္းေရးလုပ္ငန္းမ်ားႏွင့္ ေက်ာင္းဖြံ႕ၿဖိဳးေရးလုပ္ငန္းတြင္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ရန္ မိဘမ်ားအေနျဖင့္ တိုက္တြန္းအားေပး႐ုံသာမကဘဲ မိမိတို႔ကိုယ္တိုင္က မိဘဆရာ အသင္း ေက်ာင္းဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားတြင္ စိတ္အားထက္သန္စြာ ပူးေပါင္းေဆာင္႐ြက္ေပးသြားၾကရန္ ေျပာၾကား သြားသည္။

ျပည္နယ္အဆင့္ထူးခၽြန္ဆုရ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ႏွင့္ တာဝန္ရွိသူတို႔က ဆုခ်ီးျမႇင့္ေပးၿပီး ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး ဦးဝင္းေမာင္က ပညာေရး ျပဳျပင္ေျပာင္းလဲမႈလုပ္ငန္းမ်ားအား ရွင္းလင္းတင္ျပကာ အမွတ္(၇)အေျခခံပညာအထက္ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက ဇာတိမာန္သီခ်င္း႐ြတ္ဆို၍ အခမ္းအနားကို ႐ုပ္သိမ္းလိုက္ေၾကာင္း သိရွိရသည္။

အဆိုပါအခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္/ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ေက်ာင္းအက်ိဳးေတာ္ေဆာင္မ်ား၊ မိဘဆရာအသင္းမွ ပုဂၢိဳလ္မ်ား၊ ဖိတ္ၾကား ထားသည့္ ဧည္သည့္ေတာ္မ်ား၊ ေက်ာင္းအုပ္ႀကီးမ်ားႏွင့္ ဆရာ/ဆရာမမ်ား၊ ဆုရေက်ာင္းသာ/ေက်ာင္းသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော် ဖွင့်ပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၇

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော်ဖွင့်ပွဲကို ဇန်နဝါရီ ၅ ရက်က တောင်ကြီးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာ၊ ပန်းပွား၊ ရိုးရာအက၊ ကာယလှုပ်ရှားစွမ်းအင်ပြသနေခြင်း၊ ပညာရေးစုံညီပွဲတော်ပြခန်းမအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော် တို့နွှဲပျော် သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က နိုင်ငံတော်သည် ပညာအရာတွင် ထူးချွန်ထက်မြက်ပြီး အတွေးအခေါ်ခံယူချက် မြင့်မားသော လူငယ် များကို ပြုစုပျိုးထောင်နေသည့်အချိန်တွင် ယခုလိုကျောင်းသား၊ ကျောင်းသူများအား တစ်စုတစ်စည်းတည်း စုံစုံညီညီနှင့် စုံညီပွဲတော်တွင် ပါဝင်ဆင်နွှဲနေမှုကို မြင်တွေ့ရသည့်အတွက် ကျေနပ်အားရမိပါကြောင်း၊ မိဘ၊ ဆရာနှင့် ကျောင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ပညာရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်နေကြသည်မှာ စုံညီပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေမှုဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံဖြိုးသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်းနှင့် ဘက်စုံဖွံ့ဖြိုးသည့် ကျောင်းသား၊ ကျောင်းသူများကို အစဉ်မပြတ်ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိ သားသမီးများ ပညာရေးအတွက် ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ လူမှုရေးစိတ်ဓာတ်များ ပြည့်ဝလာရေးအတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မိဘများအနေဖြင့် တိုက်တွန်းအားပေးရုံသာမကဘဲ မိမိတို့ကိုယ်တိုင်က မိဘဆရာ အသင်း ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် ပြောကြား သွားသည်။

ပြည်နယ်အဆင့်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူလေးများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် တာဝန်ရှိသူတို့က ဆုချီးမြှင့်ပေးပြီး ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြကာ အမှတ်(၇)အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြား ထားသည့် ဧည်သည့်တော်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသာ/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 54 guests and no members online

Latest Updates