အမွတ္(၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲသို႔ ေရွ႕ေျပးမီးတန္းဆိုင္ကယ္မ်ားေပးအပ္လႉဒါန္း

ေတာင္ႀကီး ဇန္နဝါရီ - ၉

 5

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕ အမွတ္(၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)သို႔ AUNG KENBO Group Companies Limited မွ KENBO (CBR-150) အမ်ိဳးအစား ေရွ႕ေျပး မီးတန္းဆိုင္ကယ္(၅)စီးေပးအပ္ လႉဒါန္းျခင္းကို ဇန္နဝါရီ(၈)ရက္က ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ အမွတ္(၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ (ရွမ္း/ေတာင္) ႐ုံး၌ က်င္းပေၾကာင္းသိရသည္။

ယာဥ္ထိန္းရဲတပ္ဖြဲ႕အေနျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ အဓိကလုပ္ငန္းတာဝန္ (၂)ရပ္ျဖစ္ေသာ Top Protect And To Serve The People ဆိုသည့္ ျပည္သူကို အကာအကြယ္ေပးရန္ႏွင့္ ကူညီေစာင့္ေရွာက္ရန္တို႔အျပင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ ရည္မွန္းခ်က္ တာဝန္(၅)ရပ္အနက္ နံပါတ္(၃)ႏွင့္ နံပါတ္(၅)အခ်က္မ်ားျဖစ္ေသာ ယာဥ္စည္းကမ္းထိန္းသိမ္းၾကပ္မတ္ျခင္း၊ အေရးႀကီးပုဂၢိဳလ္ယာဥ္တန္း၊ ဧည့္သည္ေတာ္ယာဥ္တန္းမ်ားႏွင့္ ႏိုင္ငံေတာ္အဆင့္ အခမ္းအနားမ်ားတြင္ ယာဥ္အႏၲရာယ္ ကင္းရွင္းေစေရးအတြက္ ေဆာင္႐ြက္ေပးရန္ဆိုသည့္ ရည္မွန္းခ်က္တာဝန္ကို ေဆာင္႐ြက္ေပးေနသည္ကို ေတြ႕ရမွာျဖစ္ေၾကာင္း၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕မ်ားအေနျဖင့္ ေရွ႕ေျပးဆိုင္ကယ္မ်ား၊ ေရွ႕ေျပးမီးတန္းယာဥ္မ်ားအသုံးျပဳၿပီး အေရးႀကီးပုဂၢိဳလ္ ယာဥ္တန္း လုံၿခဳံေရး၊ ဧည့္သည္ေတာ္ယာဥ္တန္းလုံၿခဳံေရးႏွင့္ အခမ္းအနားမ်ားတြင္ ယာဥ္တန္းလုံၿခဳံေရးအတြက္ ေဆာင္႐ြက္ေပးေနသလို အေရးေပၚအေျခအေနျဖစ္သည့္ မီးေလာင္ျခင္း၊ ယာဥ္ေၾကာပိတ္ဆို႔ျခင္း၊ လူစီတန္းလွည့္လည္အခမ္းအနားမ်ားတြင္ ယာဥ္လမ္း ရွင္းေပးျခင္း၊ လမ္းပိတ္လမ္းလႊဲမ်ားတြင္လည္း ေရွ႕ေျပးမီးတန္းဆိုင္ကယ္မ်ားကို အသုံးျပဳ၍ တာဝန္ယူေဆာင္႐ြက္ေနသည္ကို ေတြ႕ရမွာျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးလွဦးက ေျပာၾကား သြားသည္။

AUNG KENBO Group Companies Limited မွ ကိုယ္စားလွယ္ဦးေဌးေအာင္က KENBO (CBR-150) အမ်ိဳးအစား ေရွ႕ေျပး မီးတန္းဆိုင္ကယ္(၅)စီးအားေပးအပ္လႉဒါန္းျခင္းႏွင့္ပက္သတ္၍ ရွင္းလင္းေျပာၾကားၿပီး ဆိုင္ကယ္မ်ား ေပးအပ္လႉဒါန္းရာ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွ ေခတၱျပည္နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးေစာေနလင္းက လက္ခံရယူ၍ ဂုဏ္ျပဳ မွတ္တမ္းလႊာျပန္လည္ေပးအပ္ကာ အမွတ္(၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမႉးရဲမႉးမ်ိဳးေဇာ္ေအာင္က ေက်းဇူးတင္စကားျပန္လည္ ေျပာၾကား၍ ျပည္နယ္ဝန္ႀကီးႏွင့္တက္ေရာက္လာသူမ်ားက လႉဒါန္းေသာ KENBO (CBR-150) အမ်ိဳးအစား ေရွ႕ေျပး မီးတန္းဆိုင္ကယ္မ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရသည္။

ေတာင္ႀကီး ယာဥ္ထိန္းရဲတပ္ဖြဲ႕အေနျဖင့္ ယခင္က ဆူဇူကီးဆိုင္ကယ္(၃)စီး၊ LIFAN ဆိုင္ကယ္ (၄)စီး၊ XGJAO ဆိုင္ကယ္(၂)စီး၊ ေပါင္း(၉)စီးသာရွိ၍ ယခုလိုအပ္လၽွက္ရွိေသာ ေရွ႕ေျပးမီးတန္းဆိုင္ကယ္မ်ားကို တပ္ဖြဲ႕ပိုင္အျဖစ္ KENBO (CBR-150) ဆိုင္ကယ္(၅)စီးလႉဒါန္းသည့္အတြက္ စုစုေပါင္းဆိုင္ကယ္(၁၄)စီးရွိၿပီျဖစ္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲသို့ ရှေ့ပြေးမီးတန်းဆိုင်ကယ်များပေးအပ်လှူဒါန်း

တောင်ကြီး ဇန်နဝါရီ - ၉

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ AUNG KENBO Group Companies Limited မှ KENBO (CBR-150) အမျိုးအစား ရှေ့ပြေး မီးတန်းဆိုင်ကယ်(၅)စီးပေးအပ် လှူဒါန်းခြင်းကို ဇန်နဝါရီ(၈)ရက်က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/တောင်) ရုံး၌ ကျင်းပကြောင်းသိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကလုပ်ငန်းတာဝန် (၂)ရပ်ဖြစ်သော Top Protect And To Serve The People ဆိုသည့် ပြည်သူကို အကာအကွယ်ပေးရန်နှင့် ကူညီစောင့်ရှောက်ရန်တို့အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၅)ရပ်အနက် နံပါတ်(၃)နှင့် နံပါတ်(၅)အချက်များဖြစ်သော ယာဉ်စည်းကမ်းထိန်းသိမ်းကြပ်မတ်ခြင်း၊ အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည်တော်ယာဉ်တန်းများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ပေးရန်ဆိုသည့် ရည်မှန်းချက်တာဝန်ကို ဆောင်ရွက်ပေးနေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များအနေဖြင့် ရှေ့ပြေးဆိုင်ကယ်များ၊ ရှေ့ပြေးမီးတန်းယာဉ်များအသုံးပြုပြီး အရေးကြီးပုဂ္ဂိုလ် ယာဉ်တန်း လုံခြုံရေး၊ ဧည့်သည်တော်ယာဉ်တန်းလုံခြုံရေးနှင့် အခမ်းအနားများတွင် ယာဉ်တန်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးနေသလို အရေးပေါ်အခြေအနေဖြစ်သည့် မီးလောင်ခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း၊ လူစီတန်းလှည့်လည်အခမ်းအနားများတွင် ယာဉ်လမ်း ရှင်းပေးခြင်း၊ လမ်းပိတ်လမ်းလွှဲများတွင်လည်း ရှေ့ပြေးမီးတန်းဆိုင်ကယ်များကို အသုံးပြု၍ တာဝန်ယူဆောင်ရွက်နေသည်ကို တွေ့ရမှာဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြောကြား သွားသည်။

AUNG KENBO Group Companies Limited မှ ကိုယ်စားလှယ်ဦးဌေးအောင်က KENBO (CBR-150) အမျိုးအစား ရှေ့ပြေး မီးတန်းဆိုင်ကယ်(၅)စီးအားပေးအပ်လှူဒါန်းခြင်းနှင့်ပက်သတ်၍ ရှင်းလင်းပြောကြားပြီး ဆိုင်ကယ်များ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ခေတ္တပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစောနေလင်းက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရဲမှူးမျိုးဇော်အောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြား၍ ပြည်နယ်ဝန်ကြီးနှင့်တက်ရောက်လာသူများက လှူဒါန်းသော KENBO (CBR-150) အမျိုးအစား ရှေ့ပြေး မီးတန်းဆိုင်ကယ်များအား လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

တောင်ကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ယခင်က ဆူဇူကီးဆိုင်ကယ်(၃)စီး၊ LIFAN ဆိုင်ကယ် (၄)စီး၊ XGJAO ဆိုင်ကယ်(၂)စီး၊ ပေါင်း(၉)စီးသာရှိ၍ ယခုလိုအပ်လျှက်ရှိသော ရှေ့ပြေးမီးတန်းဆိုင်ကယ်များကို တပ်ဖွဲ့ပိုင်အဖြစ် KENBO (CBR-150) ဆိုင်ကယ်(၅)စီးလှူဒါန်းသည့်အတွက် စုစုပေါင်းဆိုင်ကယ်(၁၄)စီးရှိပြီဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09250132943

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 32 guests and no members online

Latest Updates