အေရွ႕ေျမာက္တံခါး အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ၾကား သေဘာတူညီမႈစာခ်ဳပ္ (MoA)လက္မွတ္ေရးထိုး

ေတာင္ႀကီး ဇန္နဝါရီ - ၉

7

အေရွ႕ေျမာက္တံခါးအမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္မွ သစ္သီးဝလံလကၠားအေရာင္းကြင္း တည္ေဆာက္ေရး စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ၾကား သေဘာတူညီမႈစာခ်ဳပ္ (MoA)လက္မွတ္ ေရးထိုးပြဲကို ဇန္နဝါရီ ၉ ရက္ မြန္းလြဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံး အစည္းအေဝးခန္းမ၌က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က မိမိေဒသတံခါးကို စီးဆင္းလာၾကမည့္ သစ္သီး ကုန္ပစၥည္းမ်ား ဝင္ေရာက္လာသည့္အတြက္ အက်ိဳးရွိပါေၾကာင္း၊ ကုမၸဏီ၏စီးပြားေရးလုပ္ငန္းအျပင္ ေက်းလက္ေဒသရွိ ျပည္သူမ်ားအတြက္ အက်ိဳးရွိၿပီး အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္းရရွိလာမည္ျဖစ္ေၾကာင္း၊ ကုမၸဏီအေနျဖင့္ လုပ္ငန္း ေရရွည္တည္တံ့ဖြံ႕ၿဖိဳးတိုးတက္ရန္ႏွင့္ ႏိုင္ငံေတာ္အတြက္ အက်ိဳးရွိလွမည္ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

အေရွ႕ေျမာက္တံခါးအမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္ ဥကၠဌ ဦးစိုင္းဝင္းထြန္းမွ သေဘာတူညီမႈစာခ်ဳပ္ (MoA)လက္မွတ္ေရးထိုးျခင္းႏွင့္ပတ္သက္၍ ရွင္းလင္းရာ ေႏြမွာဖရဲ၊ မိုးမွာသရက္၊ ေဆာင္းမွာလိေမၼာ္ တႏွစ္ပတ္လုံး သစ္သီးဝလံလုပ္ငန္းျဖင့္ ႏွစ္ေပါင္း (၃၀)ေက်ာ္ၾကာျမင့္ၿပီျဖစ္ေၾကာင္း၊ ယခင္ကေရာင္းကြင္းမရွိသည့္အတြက္ ကားလမ္း ေပၚတြင္အေရာင္းအဝယ္ျပဳလုပ္ေနရာ တစ္ေန႔လၽွင္ သစ္သီးကား အစီးေရ (၅၀၀)မွ (၁၀၀၀)ၾကားရွိရာ လမ္းပိတ္ဆို႔မႈႏွင့္ သစ္သီးမ်ား နစ္နာမႈရွိခဲ့ေၾကာင္း၊ အဆိုပါနစ္နာမႈမ်ားမရွိေစရန္အတြက္ ယခုဧက(၃၀)ရွိ သစ္သီးအေရာင္းကြင္းကို ၂၀၁၆ ခုႏွစ္ မွစတင္ၿပီးေဖာ္ထုတ္ ယခုဆိုလၽွင္ ကားအစီးေရ (၁၀၀၀)ခန္႔ ေကာင္းမြန္စြာရပ္နားႏိုင္ၿပီျဖစ္ေၾကာင္း၊ ယခုလိုသစ္သီးအေရာင္းကြင္းတည္ေဆာက္ႏိုင္သည့္အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကို အထူးေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ အေရွ႕ေျမာက္တံခါး အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္ႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ သေဘာတူညီမႈစာခ်ဳပ္ (MoA)လက္မွတ္ေရးထိုးၾကၿပီး စာခ်ဳပ္မ်ားအျပန္အလွန္လဲလွယ္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြား သဘောတူညီမှုစာချုပ် (MoA)လက်မှတ်ရေးထိုး

တောင်ကြီး ဇန်နဝါရီ - ၉

အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ သစ်သီးဝလံလက္ကားအရောင်းကွင်း တည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ကြား သဘောတူညီမှုစာချုပ် (MoA)လက်မှတ် ရေးထိုးပွဲကို ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မိမိဒေသတံခါးကို စီးဆင်းလာကြမည့် သစ်သီး ကုန်ပစ္စည်းများ ဝင်ရောက်လာသည့်အတွက် အကျိုးရှိပါကြောင်း၊ ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းအပြင် ကျေးလက်ဒေသရှိ ပြည်သူများအတွက် အကျိုးရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် လုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတော်အတွက် အကျိုးရှိလှမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

အရှေ့မြောက်တံခါးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဌ ဦးစိုင်းဝင်းထွန်းမှ သဘောတူညီမှုစာချုပ် (MoA)လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းရာ နွေမှာဖရဲ၊ မိုးမှာသရက်၊ ဆောင်းမှာလိမ္မော် တနှစ်ပတ်လုံး သစ်သီးဝလံလုပ်ငန်းဖြင့် နှစ်ပေါင်း (၃၀)ကျော်ကြာမြင့်ပြီဖြစ်ကြောင်း၊ ယခင်ကရောင်းကွင်းမရှိသည့်အတွက် ကားလမ်း ပေါ်တွင်အရောင်းအဝယ်ပြုလုပ်နေရာ တစ်နေ့လျှင် သစ်သီးကား အစီးရေ (၅၀၀)မှ (၁၀၀၀)ကြားရှိရာ လမ်းပိတ်ဆို့မှုနှင့် သစ်သီးများ နစ်နာမှုရှိခဲ့ကြောင်း၊ အဆိုပါနစ်နာမှုများမရှိစေရန်အတွက် ယခုဧက(၃၀)ရှိ သစ်သီးအရောင်းကွင်းကို ၂၀၁၆ ခုနှစ် မှစတင်ပြီးဖော်ထုတ် ယခုဆိုလျှင် ကားအစီးရေ (၁၀၀၀)ခန့် ကောင်းမွန်စွာရပ်နားနိုင်ပြီဖြစ်ကြောင်း၊ ယခုလိုသစ်သီးအရောင်းကွင်းတည်ဆောက်နိုင်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ သဘောတူညီမှုစာချုပ် (MoA)လက်မှတ်ရေးထိုးကြပြီး စာချုပ်များအပြန်အလှန်လဲလှယ်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

09250132943

 

 

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 59 guests and no members online

Latest Updates