အမွတ္(၁၄)အေျခခံပညာအလယ္တန္းေက်ာင္း၊ပညာရည္ခၽြန္ဆုႏွင္းသဘင္က်င္းပ

ေတာင္ႀကီး  ဇန္နဝါရီ  ၁၃

10

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးခရိုင္၊ ေတာင္ႀကီးၿမိဳ႕တြင္ အမွတ္(၁၄)အေျခခံပညာအလယ္တန္း ေက်ာင္း၊၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္၊ ပညာရည္ခၽြန္ဆုႏွင္းသဘင္ပြဲကို ဇန္နဝါရီလ ၁၃ ရက္ေန႔ နံနက္ ၉ နာရီအခ်ိန္တြင္ စန္းစန္းမဂၤလာခန္းမ၌ က်င္းပရာရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ လူမႈေရးဝန္ႀကီးေဒါက္တာ မ်ိဳးထြန္း တက္ေရာက္ခ်ီးျမွင့္ခဲ့သည္။

ပညာရည္ခၽြန္ဆုႏွင္းသဘင္ကို အမွတ္(၁၄)အေျခခံပညာအလယ္တန္းေက်ာင္း၊ အ႒မတန္း ေက်ာင္းသား/ ေက်ာင္းသူမ်ားကဆုႏွင္းသဘင္ပြဲေတာ္တို႔ႏြဲေပ်ာ္သီခ်င္းျဖင့္ သီဆို၍ဖြင့္လွစ္ခဲ့သည္။ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ျပည္နယ္ လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းက အဖြင့္အမွာစကားေျပာၾကားသည္။ ျပည္နယ္ပညာေရးမွ ဒုတိယ ညႊန္ၾကားေရးမွဴး ဦးသန္းေအး၊ အမွတ္(၁၄)အေျခခံပညာအလယ္တန္းေက်ာင္း၊ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚနန္းႏွင္းရီတို႔က ႏႈတ္ဆက္ စကားေျပာၾကားၿပီးေနာက္ မိဘဆရာအသင္း အလုပ္အမႈေဆာင္ နာယက ဦးခြန္ေမာင္ေဘာ္က ေက်းဇူတင္စကားေျပာၾကားခဲ့သည္။ ထို႕ေနာက္မိဘဆရာအသင္း အလုပ္အမႈေဆာင္ စာရင္းစစ္ ေဒၚေအးနႏၵာေအာင္က ေက်ာင္းဆုေပးပြဲအလွဴေငြ ႏွင့္ပတ္သက္၍ရ/သံုးေငြစာရင္းရွင္းတမ္း ကိုဖတ္ၾကားတင္ျပ ခဲ့သည္။

၄င္းေနာက္ ပထမတန္းေက်ာင္းသူ သမီးေလးမ်ားက အင္းသားအက၊ သတၱမတန္းေက်ာင္းသား/ ေက်ာင္းသူမ်ား က ျပည္ေထာင္စုရဲ႕ ထာဝရအလွ အကျဖင့္ ေဖ်ာ္ေျဖတင္ဆက္ၿပီး၊ ဘက္စံုစံျပေက်ာင္းသားဆုႏွင့္ ထူးခၽြန္ဆုမ်ားကို ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္တာဝန္ရွိသူမ်ားက ဆုတံဆိပ္ႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေက်ာင္းသား/ေက်ာင္းသူမ်ားအား အသီးသီးေပးအပ္ခ်ီးျမွင့္ခဲ့သည္။ အမွတ္(၁၄)အေျခခံ အလယ္တန္း ေက်ာင္းမွေက်ာင္းသား/ေက်ာင္းသူမ်ားက ပအိုဝ္းအက၊ မဂၤလာပါ၊ ေတာင္ယာဝင္ခ်ိန္၊ ေက်းဇူးတင္ပါတယ္ရွင္၊ ရွမ္းဓားသိုင္း၊ ပန္းၿမိဳ႕ေတာ္၊ ၿပံဳးၿပံဳးေလးေနပါ၊ ဓႏုအက၊ ပါးမွာနံ႔သာခါးမွာပုဝါ၊ ေမာင့္ခ်စ္သူစသည့္ သီခ်င္းအကမ်ား ျဖင့္ေဖ်ာ္ေျဖ တင္ဆက္ခဲ့ၾကေၾကာင္းသိရသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်း၊ပညာရည်ချွန်ဆုနှင်းသဘင်ကျင်းပ

တောင်ကြီး  ဇန်နဝါရီ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့တွင် အမှတ်(၁၄)အခြေခံပညာအလယ်တန်း ကျောင်း၊၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုနှင်းသဘင်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စန်းစန်းမင်္ဂလာခန်းမ၌ ကျင်းပရာရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာ မျိုးထွန်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ပညာရည်ချွန်ဆုနှင်းသဘင်ကို အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်း၊ အဋ္ဌမတန်း ကျောင်းသား/ ကျောင်းသူများကဆုနှင်းသဘင်ပွဲတော်တို့နွဲပျော်သီချင်းဖြင့် သီဆို၍ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ပြည်နယ်ပညာရေးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းအေး၊ အမှတ်(၁၄)အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနှင်းရီတို့က နှုတ်ဆက် စကားပြောကြားပြီးနောက် မိဘဆရာအသင်း အလုပ်အမှုဆောင် နာယက ဦးခွန်မောင်ဘော်က ကျေးဇူတင်စကားပြောကြားခဲ့သည်။ ထို့နောက်မိဘဆရာအသင်း အလုပ်အမှုဆောင် စာရင်းစစ် ဒေါ်အေးနန္ဒာအောင်က ကျောင်းဆုပေးပွဲအလှူငွေ နှင့်ပတ်သက်၍ရ/သုံးငွေစာရင်းရှင်းတမ်း ကိုဖတ်ကြားတင်ပြ ခဲ့သည်။

၎င်းနောက် ပထမတန်းကျောင်းသူ သမီးလေးများက အင်းသားအက၊ သတ္တမတန်းကျောင်းသား/ ကျောင်းသူများ က ပြည်ထောင်စုရဲ့ ထာဝရအလှ အကဖြင့် ဖျော်ဖြေတင်ဆက်ပြီး၊ ဘက်စုံစံပြကျောင်းသားဆုနှင့် ထူးချွန်ဆုများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကျောင်းသား/ကျောင်းသူများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အမှတ်(၁၄)အခြေခံ အလယ်တန်း ကျောင်းမှကျောင်းသား/ကျောင်းသူများက ပအိုဝ်းအက၊ မင်္ဂလာပါ၊ တောင်ယာဝင်ချိန်၊ ကျေးဇူးတင်ပါတယ်ရှင်၊ ရှမ်းဓားသိုင်း၊ ပန်းမြို့တော်၊ ပြုံးပြုံးလေးနေပါ၊ ဓနုအက၊ ပါးမှာနံ့သာခါးမှာပုဝါ၊ မောင့်ချစ်သူစသည့် သီချင်းအကများ ဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းသိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)