တောင်ကြီး အားကစားနှင့်ကာယပညာသိပံ္ပ ပညာရေးစုံညီပွဲတော်နှင့်ပညာရေး၊အားကစားထူးချွန်ဆုရရှိသူများဆုချီးမြှင့်

တောင်ကြီး             ဇန်န၀ါရီ                 -  ၁၅             

12



             ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိုင်ငံတော်ရဲ့ဂုဏ် သိက္ခာကိုနိုင်ငံတကာ အားကစားပြိုင်ပွဲများ ဖြင့်ကမ္ဘာ့အလယ်မှာဂုဏ်သိက္ခာမြှင့်တင်ပေး နိုင်မယ့် အားကစားလူငယ်များမွေးထုတ် ပေးနိုင်သည့် အားကစားနှင့်ကာယပညာ သိပ္ပံ(တောင်ကြီး)မှာအားကစားရော၊ပညာ ရေးပါ သွေးသစ်လောင်းနိုင်မည့်ထူးချွန် ထက်မြတ်သော လူငယ်မျိုးဆက်သစ်အား ကစားသမားများစဉ်ဆက်မပြတ်ထွက်ပေါ် လာစေရေးအတွက် အထောက်အကူဖြစ် စေရန်ဆိုတဲ့ရည်ရွယ်ချက်နှင့်အညီအားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်းကို ၂၀၁၄ ခုနှစ်အောက်တိုဘာလ ၁၇ ရက် နေ့မှာစတင်ဖွင့်လှစ်ခဲ့တာလေးနှစ်ပြည့်မြော က်ခဲ့ပြီးဖြစ်ပါကြောင်း၊ အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ကျောင်းကို တက်ရောက်နိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံတဲ့အား ကစားမောင်မယ်များကိုသာအားကစားနှင့် ကာယပညာသိပ္ပံ တောင်ကြီးကျောင်းစတင် ဖွင့်လှစ်သည့်၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ တောင်ကြီး၊လွိုင်လင်၊လားရိုး၊မူ ဆယ်၊တာချီလိတ်၊ခရိုင်များနှင့် ကယား ပြည်နယ်လွိုင်ကော်မြို့တို့မှ စိစစ်ရွေးချယ် ပြီးအားကစားနည်း ၁၀ နည်းအတွက် သင် တန်းသား ၇၅ ဦး၊သင်တန်းသူ ၇၅ ဦးစုစု ပေါင်း ၁၅၀ ဦးအားစိစစ်ရွေးချယ်လေ့ကျင့် သင်ကြားပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ အားကစားနည် ၁၀ နည်း အတွက် သင်တန်းသား ၁၂၈ ဦးသင်တန်း သူ ၁၁၆ ဦးစုစုပေါင်း ၂၄၄ ဦးသင်ကြားနိုင် သည့်အတွက် သင်တန်းသားဦးရေပိုမိုလေ့ ကျင့်သင်ကြားပေးနိုင်သည်ကိုတွေ့ရှိရမှာ ဖြစ်ပါကြောင်းပြောကြားသည်။


အစရ(ရှမ်း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီး အားကစားနှင့်ကာယပညာသိပ္ပံ ပညာရေးစုံညီပွဲတော်နှင့်ပညာရေး၊အားကစားထူးချွန်ဆုရရှိသူများဆုချီးမြှင့်

တောင်ကြီး             ဇန်နဝါရီ                 -  ၁၅

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင်ကာယပညာသိပ္ပံ(တောင်ကြီး) ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်နှင့်ပညာရေး၊အားကစားထူးချွန် ဆုရရှိသူများဆုပေးပွဲအခမ်းအနားကို ဇန်န ဝါရီ ၁၅ ရက် နံနက် ၉ နာရီက တောင်ကြီး မြို့နယ် အေးသာယာမြို့သစ်ပင်ထောင် ကျေးရွာအနီးရှိ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းအားကစားခန်းမ၌ကျင်းပသည်။

                       အခမ်းအနားကို အားကစားနှင့်ပညာရေး ပေါင်းစပ် အထက်တန်းကျောင်းဆရာ၊ဆ ရာမများမှ အဖွင့်သီချင်းဖြင့်ကပြဖျော်ဖြေ ကာဖွင့်လှစ်လိုက်သည်။

             ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိုင်ငံတော်ရဲ့ဂုဏ် သိက္ခာကိုနိုင်ငံတကာ အားကစားပြိုင်ပွဲများ ဖြင့်ကမ႓ာ့အလယ်မှာဂုဏ်သိက္ခာမြှင့်တင်ပေး နိုင်မယ့် အားကစားလူငယ်များမွေးထုတ် ပေးနိုင်သည့် အားကစားနှင့်ကာယပညာ သိပ္ပံ(တောင်ကြီး)မှာအားကစားရော၊ပညာ ရေးပါ သွေးသစ်လောင်းနိုင်မည့်ထူးချွန် ထက်မြတ်သော လူငယ်မျိုးဆက်သစ်အား ကစားသမားများစဉ်ဆက်မပြတ်ထွက်ပေါ် လာစေရေးအတွက် အထောက်အကူဖြစ် စေရန်ဆိုတဲ့ရည်ရွယ်ချက်နှင့်အညီအားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်းကို ၂၀၁၄ ခုနှစ်အောက်တိုဘာလ ၁၇ ရက် နေ့မှာစတင်ဖွင့်လှစ်ခဲ့တာလေးနှစ်ပြည့်မြော က်ခဲ့ပြီးဖြစ်ပါကြောင်း၊ အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ကျောင်းကို တက်ရောက်နိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံတဲ့အား ကစားမောင်မယ်များကိုသာအားကစားနှင့် ကာယပညာသိပ္ပံ တောင်ကြီးကျောင်းစတင် ဖွင့်လှစ်သည့်၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်၍ တောင်ကြီး၊လွိုင်လင်၊လားရိုး၊မူ ဆယ်၊တာချီလိတ်၊ခရိုင်များနှင့် ကယား ပြည်နယ်လွိုင်ကော်မြို့တို့မှ စိစစ်ရွေးချယ် ပြီးအားကစားနည်း ၁၀ နည်းအတွက် သင် တန်းသား ၇၅ ဦး၊သင်တန်းသူ ၇၅ ဦးစုစု ပေါင်း ၁၅၀ ဦးအားစိစစ်ရွေးချယ်လေ့ကျင့် သင်ကြားပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ အားကစားနည် ၁၀ နည်း အတွက် သင်တန်းသား ၁၂၈ ဦးသင်တန်း သူ ၁၁၆ ဦးစုစုပေါင်း ၂၄၄ ဦးသင်ကြားနိုင် သည့်အတွက် သင်တန်းသားဦးရေပိုမိုလေ့ ကျင့်သင်ကြားပေးနိုင်သည်ကိုတွေ့ရှိရမှာ ဖြစ်ပါကြောင်းပြောကြားသည်။

                ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူ ဒါန်းသောဖလာစာအုပ်ဒါဇင် ၂၀၀ ကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုး ထွန်းကပေးအပ်ရာ အားကစားနှင့်ကာယ ပညာသိပ္ပံ (တောင်ကြီး)မှကျောင်းအုပ်ကြီး ကလက်ခံရယူသည်။ဆက်လက်၍ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်း အောင်မြင်သော ကျောင်းသား၊ကျောင်း သူများနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတန်းလိုက် ဆုရရှိသူများ၊အားကစားနှင့် ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာ မများအား၊အားမန်ဆု၊၂၀၁၈ -၂၀၁၉ ခုနှစ် ပြည်တွင်း၊ပြည်ပ အားကစား ပြိုင်ပွဲများ တွင်ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်း သူများအားဂုဏ်ပြု မှတ်တမ်းလွှာတို့ကို အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း အုပ်ကြီးနှင့်တာဝန်ရှိသူတို့က ဆုများအသီး သီးပေးအပ်ချီးမြှင့်ကြသည်။