ရသုံးခန္႔မွန္းေျခေငြစာရင္းဆိုင္ရာ အခ်က္အလက္မ်ားစာေစာင္ မိတ္ဆက္ရွင္းလင္းပြဲက်င္းပ

ေတာင္ႀကီး ဇန္နဝါရီ - ၃၁

16

ရွမ္းျပည္နယ္၏ ၂၀၁၈-၂၀၁၉ ခု ဘ႑ာႏွစ္၊ ရသုံးခန္႔မွန္းေျခေငြစာရင္းဆိုင္ရာအခ်က္အလက္မ်ား စာေစာင္ (Citizen's Budget) မိတ္ဆက္ရွင္းလင္းပြဲကို ဇန္နဝါရီ ၃၁ ရက္၊ နံနက္ ၉ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ Tauinggyi City Hotel ၌ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ရွမ္းျပည္နယ္အစိုးရအေနျဖင့္ အစိုးရ၏ လုပ္ငန္းတာဝန္မ်ား၊ ရေငြႏွင့္အသုံးစရိတ္မ်ားကို ျပည္သူလူထုပိုမိုသိရွိနားလည္ေစရန္ တာဝန္ယူ၊ တာဝန္ခံမႈရွိသည့္ အစိုးရစနစ္တစ္ရပ္ျဖစ္ေစရန္စသည့္ အက်ိဳးရလဒ္မ်ား ျဖစ္ထြန္းေစေရးကို ေရွး႐ႈၿပီး ျပည္နယ္၏ ရသုံးခန္႔မွန္းေျခေငြစာရင္းဆိုင္ရာအခ်က္အလက္မ်ားစာေစာင္ (Citizen's Budget)ကို ထုတ္ေဝရျခင္းျဖစ္ေၾကာင္း၊ ၂၀၁၈- ၂၀၁၉ ခုႏွစ္အတြက္ ျပည္နယ္ရသုံးခန္႔မွန္းေျခေငြစာရင္းစာေစာင္ကို ထုတ္ေဝႏိုင္ျခင္းသည္ ဘ႑ာေရး ဆိုင္ရာ ပြင့္လင္းျမင္သာမႈ၊ အစိုးရလုပ္ငန္းမ်ားတြင္ ျပည္သူလူထုကို ပါဝင္ေစလိုမႈစသည့္ အေလ့အက်င့္ေကာင္းမ်ား ျဖစ္ထြန္းေအာင္ျမင္လာေအာင္ ျပည္နယ္အစိုးရက ေဆာင္႐ြက္လ်က္ရွိေနသည္ကို ေဖာ္ၫႊန္းျခင္းျဖစ္ေၾကာင္း၊ ျပည္နယ္၏ ျပည္သူ႕ဘ႑ာေရးစနစ္ ပိုမိုခိုင္မာအားေကာင္းလာေရး၊ ျပည္သူ႕ထံမွ ျဖစ္တည္ေသာ ျပည္သူ႕အတြက္ ျဖစ္ေသာ ျပည္နယ္ဘတ္ဂ်က္ျဖစ္ေရး၊ ပြင့္လင္းျမင္သာမႈပိုမိုခိုင္မာအားေကာင္းၿပီး ျပည္သူမ်ားပါဝင္ႏိုင္စြမ္းရွိေသာ၊ ပါဝင္ႏိုင္ခြင့္ရွိေသာ မူဝါဒေရးဆြဲမႈမ်ား၊ အစိုးရအသုံးစရိတ္သုံးစြဲမႈမ်ား ျဖစ္ေစေရးတို႔အတြက္ အားထုတ္လုပ္ေဆာင္ ရမည့္ လုပ္ငန္းစဥ္တြင္ အတူတကြပူးေပါင္းေဆာင္႐ြက္ႏိုင္ၾကရန္ အမွာစကား၌ ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးစိုင္းလုံးဆိုင္၊ Renaissance Institute မွ ဥကၠဌ ဦးမ်ိဳးျမင့္ တို႔က အဖြင့္ႏႈတ္ခြန္းဆက္စကားေျပာၾကားၾကၿပီး အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠဌ၊ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး) 

ခ႐ိုင္ (ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် မိတ်ဆက်ရှင်းလင်းပွဲကျင်းပ

တောင်ကြီး ဇန်နဝါရီ - ၃၁

ရှမ်းပြည်နယ်၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်၊ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ စာစောင် (Citizen's Budget) မိတ်ဆက်ရှင်းလင်းပွဲကို ဇန်နဝါရီ ၃၁ ရက်၊ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ Tauinggyi City Hotel ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအနေဖြင့် အစိုးရ၏ လုပ်ငန်းတာဝန်များ၊ ရငွေနှင့်အသုံးစရိတ်များကို ပြည်သူလူထုပိုမိုသိရှိနားလည်စေရန် တာဝန်ယူ၊ တာဝန်ခံမှုရှိသည့် အစိုးရစနစ်တစ်ရပ်ဖြစ်စေရန်စသည့် အကျိုးရလဒ်များ ဖြစ်ထွန်းစေရေးကို ရှေးရှုပြီး ပြည်နယ်၏ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များစာစောင် (Citizen's Budget)ကို ထုတ်ဝေရခြင်းဖြစ်ကြောင်း၊ ၂၀၁၈- ၂၀၁၉ ခုနှစ်အတွက် ပြည်နယ်ရသုံးခန့်မှန်းခြေငွေစာရင်းစာစောင်ကို ထုတ်ဝေနိုင်ခြင်းသည် ဘဏ္ဍာရေး ဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ အစိုးရလုပ်ငန်းများတွင် ပြည်သူလူထုကို ပါဝင်စေလိုမှုစသည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းအောင်မြင်လာအောင် ပြည်နယ်အစိုးရက ဆောင်ရွက်လျက်ရှိနေသည်ကို ဖော်ညွှန်းခြင်းဖြစ်ကြောင်း၊ ပြည်နယ်၏ ပြည်သူ့ဘဏ္ဍာရေးစနစ် ပိုမိုခိုင်မာအားကောင်းလာရေး၊ ပြည်သူ့ထံမှ ဖြစ်တည်သော ပြည်သူ့အတွက် ဖြစ်သော ပြည်နယ်ဘတ်ဂျက်ဖြစ်ရေး၊ ပွင့်လင်းမြင်သာမှုပိုမိုခိုင်မာအားကောင်းပြီး ပြည်သူများပါဝင်နိုင်စွမ်းရှိသော၊ ပါဝင်နိုင်ခွင့်ရှိသော မူဝါဒရေးဆွဲမှုများ၊ အစိုးရအသုံးစရိတ်သုံးစွဲမှုများ ဖြစ်စေရေးတို့အတွက် အားထုတ်လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်တွင် အတူတကွပူးပေါင်းဆောင်ရွက်နိုင်ကြရန် အမှာစကား၌ ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ Renaissance Institute မှ ဥက္ကဌ ဦးမျိုးမြင့် တို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားကြပြီး အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး) 

ခရိုင် (ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 60 guests and no members online