၁၆ ကုတင္ဆံ႔မိုင္းပ်ဥ္းေက်းရြာအုပ္စု၊ ဖာလဲတိုက္နယ္ေဆးရံုပႏၷက္ရိုက္မဂၤလာက်င္းပ

ေတာင္ႀကီး ေဖေဖာ္၀ါရီ - ၂၅

28

က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၊ ကုသေရးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ခြင့္ျပဳရန္ပံုေငြျဖင့္ ၁၆ ကုတင္ ဆ႔ံတိုက္နယ္ေဆးရံုတည္ေဆာက္ရန္ပႏၷက္ရိုက္မဂၤလာအခမ္းအနားကို ေဖေဖာ္ဝါရီ ၂၃ ရက္ နံနက္ ၉ နာရီက ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕နယ္၊ မိုင္းပ်ဥ္းေက်းရြာအုပ္စု၊ ဖာလဲေက်းရြာ အဆိုပါေဆးရံုတည္ ေဆာက္မည့္ေနရာ၌က်င္းပခဲ႔ေၾကာင္းသိရသည္။ 

ပထမဦးစြာရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္လူမႈေရး၀န္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ပအို၀္းကိုယ္ပို္င္အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီးအဖြဲ႔ဥကၠ႒ဦးခြန္စံလြင္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ဦးခြန္ေမာင္ျဖဴႏွင့္တာဝန္ရွိသူတို႕က သတ္မွတ္ေနရာ မ်ားတြင္ေနရာယူ၍ မဂၤလာခ်ိန္က်ေရာက္သည္ႏွင့္ပႏၷက္ တိုင္မ်ားရိုက္ေပးခဲ႔ေၾကာင္းသိရသည္။ ဆက္လက္၍ ဆိုဒ္တာဝန္ခံ ဦးေဆြဖုန္းက (၁၆)ကုတင္ဆံ႔တိုက္နယ္ေဆးရံုတည္ေဆာက္ေရးဆိုင္ရာမ်ားနွင့္ဝန္ထမ္း၊ ဆရာဝန္၊ သူျပဳဆရာမမ်ား၏ အိမ္ရာမ်ား တည္ေဆာက္မည့္ပံုစံမ်ားကိုရွင္းလင္းျပသရာ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ဳိးထြန္းက လိုအပ္သည္မ်ား လမ္းညြန္မွာၾကားခဲ႔ေၾကာ င္းသိရသည္။

အဆိုပါ မိုင္းပ်ဥ္းေက်းရြာအုပ္စု၊ ဖာလဲတိုက္နယ္ (၁၆)ကုတင္ဆံ႔ေဆးရံုကိုၿမိဳ႕ ျပႏွင့္အလွမ္း ကြာသည့္ေက်းလက္ေန ေဒသခံျပည္သူမ်ား က်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္ေရးအတြက္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၊ ကုသေရးဦး စီးဌာန၏၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ခြင့္ျပဳရန္ပံုေငြ (၆၃၈.၃)သန္းျဖင့္ Shan Home Land ေဆာက္လုပ္ေရး ကုမၸဏီမွ တာ၀န္ ယူေဆာက္ရြက္သြားမည္ျဖစ္ၿပီး၊ ေဆးရံုမွာ အလ်ား(၁၄၁)ေပ၊ အနံ(၁၄၁)ေပရွိ RCတစ္ထပ္ ပင္မအေဆာက္အဦ၊ (၂)ခန္းတြဲ၊ ဆရာ၀န္ေနအိမ္ (၃)ခန္းတြဲ၊ ၀န္ထမ္းအိမ္ရာ၊ (၄)ခန္းတြဲသူနာျပဳအိမ္ရာႏွင့္ (၄)ခန္းတြဲ၀န္ ထမ္းအိမ္ရာတို႔ ပါရွိေၾကာင္းသိရသည္။

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၁၆ ကုတင်ဆံ့မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲတိုက်နယ်ဆေးရုံပန္နက်ရိုက်မင်္ဂလာကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၂၅

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၁၆ ကုတင် ဆံ့တိုက်နယ်ဆေးရုံတည်ဆောက်ရန်ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲကျေးရွာ အဆိုပါဆေးရုံတည် ဆောက်မည့်နေရာ၌ကျင်းပခဲ့ကြောင်းသိရသည်။ 

ပထမဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပအိုဝ်းကိုယ်ပ်ိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးခွန်မောင်ဖြူနှင့်တာဝန်ရှိသူတို့က သတ်မှတ်နေရာ များတွင်နေရာယူ၍ မင်္ဂလာချိန်ကျရောက်သည်နှင့်ပန္နက် တိုင်များရိုက်ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဆိုဒ်တာဝန်ခံ ဦးဆွေဖုန်းက (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံတည်ဆောက်ရေးဆိုင်ရာများနှင့်ဝန်ထမ်း၊ ဆရာဝန်၊ သူပြုဆရာမများ၏ အိမ်ရာများ တည်ဆောက်မည့်ပုံစံများကိုရှင်းလင်းပြသရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြော င်းသိရသည်။

အဆိုပါ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲတိုက်နယ် (၁၆)ကုတင်ဆံ့ဆေးရုံကိုမြို့ ပြနှင့်အလှမ်း ကွာသည့်ကျေးလက်နေ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦး စီးဌာန၏၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ (၆၃၈.၃)သန်းဖြင့် Shan Home Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန် ယူဆောက်ရွက်သွားမည်ဖြစ်ပြီး၊ ဆေးရုံမှာ အလျား(၁၄၁)ပေ၊ အနံ(၁၄၁)ပေရှိ RCတစ်ထပ် ပင်မအဆောက်အဦ၊ (၂)ခန်းတွဲ၊ ဆရာဝန်နေအိမ် (၃)ခန်းတွဲ၊ ဝန်ထမ်းအိမ်ရာ၊ (၄)ခန်းတွဲသူနာပြုအိမ်ရာနှင့် (၄)ခန်းတွဲဝန် ထမ်းအိမ်ရာတို့ ပါရှိကြောင်းသိရသည်။

အစရ(ရှမ်း)