ျပည္နယ္ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕႐ုံး ဖြင့္လွစ္

ေတာင္ႀကီး မတ္ - ၁

33

ျပည္နယ္ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕႐ုံးဖြင့္လွစ္ပြဲကို မတ္လ ၁ ရက္ နံနက္ ၈ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံး(ေဟာင္း)တြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျပည္ေထာင္စုလႊတ္ေတာ္က ဥပေဒ ဆိုင္ရာအေထာက္အကူေပးေရးဥပေဒကို ၂၀၁၆ ခုႏွစ္၊ ဇန္နဝါရီလ (၁၈)ရက္တြင္လည္းေကာင္း၊ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က ဥပေဒဆိုင္ရာ အေထာက္အကူေပးေရး နည္းဥပေဒကို ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာ (၂၉)ရက္ တြင္လည္းေကာင္း ျပဌာန္းခဲ့သည္ကို ေတြ႕ရွိရပါေၾကာင္း၊ တဆက္တည္းတြင္ ျပည္ေထာင္စုဥပေဒဆိုင္ရာ အေထာက္ အကူေပးေရးအဖြဲ႕ကို ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာ (၁၅)ရက္ေန႔တြင္ ဖြဲ႕စည္းခဲ့ၿပီး ယခုအခါ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕ အဆင့္ဆင့္ကို ဆက္လက္ ဖြဲ႕စည္းလ်က္ရွိသည္ကို သိရွိရပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္ ျပည္နယ္ႏွင့္ ၿမိဳ႕နယ္ (၂၇)ခုတြင္ ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕မ်ား ဖြဲ႕စည္းထားရွိၿပီး က်န္ၿမိဳ႕နယ္မ်ားအား ဖြဲ႕စည္း ေဆာင္႐ြက္ေနဆဲျဖစ္ေၾကာင္း၊ ဥပေဒဆိုင္ရာအေထာက္အကူေပးေရးဥပေဒမွာ ရည္႐ြယ္ခ်က္(၇)ခ်က္၊ အေျခခံမူ (၉)ခ်က္ ျပဌာန္းထားသည္ကို ေလ့လာေတြ႕ရွိရၿပီး အဓိကမွာ အခ်ဳပ္အျခာအာဏာ၏ မူလပိုင္ရွင္ျဖစ္ေသာ ျပည္သူမ်ား ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ အခြင့္အေရးမ်ား ရရွိေစရန္၊ ဥပေဒ၏ အကာအကြယ္ရရွိေစရန္၊ အမွန္တရားႏွင့္ လက္လွမ္းမီေစရန္၊ ဥပေဒအရာမွာသာ တူညီမၽွတေစရန္၊ ႏိုင္ငံေတာ္ကေဖာ္ေဆာင္ေနသည့္ တရားဥပေဒစိုးမိုးေရး၊ Rule of Law အတြက္ ျဖစ္သည္ကို နားလည္သိရွိေစရန္၊ ႏိုင္ငံေတာ္သမၼတႀကီးမွ ျပည္ေထာင္စုဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ႏွင့္ တရားဥပေဒစိုးမိုးေရးစင္တာသည္ တက္တက္ႂကြႂကြပူးေပါင္းေဆာင္႐ြက္ၾကရန္ ျဖစ္ၿပီး ဘက္မလိုက္သည့္ လြတ္လပ္ေသာ တရားမၽွတမႈႏွင့္ ဆင္ျခင္တုံတရားကို ခ်ိန္ခြင္လၽွာထိန္းၫွိႏိုင္သည့္ တရားစီရင္ေရးမ႑ိဳင္ျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ႏွင့္ ဥပေဒ၏ေရွ႕ေမွာက္တြင္ အားလုံးအညီအမၽွျဖစ္ေရး၊ ဥပေဒႏွင့္အညီေဆာင္႐ြက္ေရးတို႔ကို ေဆာက္႐ြက္ၾကရန္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားကို မၾကာခဏမွာၾကား သည္ကို အေလးအနက္ထားသတိျပဳၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္ႏွင့္ ျပည္ေထာင္စုဥပေဒ ဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ ဥကၠဌကိုယ္စား အတြင္းေရးမႉး ဦးခင္ေဇာ္တို႔က အသီးသီး အမွာစကား ေျပာၾကားၾကၿပီး၊ ရွမ္းျပည္နယ္ ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕ ႐ုံးဆိုင္းဘုတ္အား ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္၊ ရွမ္းျပည္နယ္ တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္ႏွင့္ ျပည္ေထာင္စုဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ ဥကၠဌကိုယ္စား အတြင္းေရးမႉး ဦးခင္ေဇာ္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ရွမ္းျပည္နယ္ ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕႐ုံးဆိုင္းဘုတ္အား အေမႊးနံ႔သာရည္မ်ားကို ရွမ္းျပည္နယ္ ဥပေဒခ်ဳပ္ ဦးတင္ဦးႏွင့္ ရွမ္းျပည္နယ္ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ဥကၠဌ ဦးရဲႏိုင္ေအာင္ တို႔ကပက္ဖ်န္းေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ျပန္/ဆက္

09250132943

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး ဖွင့်လှစ်

တောင်ကြီး မတ် - ၁

ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံးဖွင့်လှစ်ပွဲကို မတ်လ ၁ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး(ဟောင်း)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်ထောင်စုလွှတ်တော်က ဥပဒေ ဆိုင်ရာအထောက်အကူပေးရေးဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းဥပဒေကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ (၂၉)ရက် တွင်လည်းကောင်း ပြဌာန်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ တဆက်တည်းတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ (၁၅)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အဆင့်ဆင့်ကို ဆက်လက် ဖွဲ့စည်းလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်တွင် ပြည်နယ်နှင့် မြို့နယ် (၂၇)ခုတွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ကျန်မြို့နယ်များအား ဖွဲ့စည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေမှာ ရည်ရွယ်ချက်(၇)ချက်၊ အခြေခံမူ (၉)ချက် ပြဌာန်းထားသည်ကို လေ့လာတွေ့ရှိရပြီး အဓိကမှာ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူများ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ ရရှိစေရန်၊ ဥပဒေ၏ အကာအကွယ်ရရှိစေရန်၊ အမှန်တရားနှင့် လက်လှမ်းမီစေရန်၊ ဥပဒေအရာမှာသာ တူညီမျှတစေရန်၊ နိုင်ငံတော်ကဖော်ဆောင်နေသည့် တရားဥပဒေစိုးမိုးရေး၊ Rule of Law အတွက် ဖြစ်သည်ကို နားလည်သိရှိစေရန်၊ နိုင်ငံတော်သမ္မတကြီးမှ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့နှင့် တရားဥပဒေစိုးမိုးရေးစင်တာသည် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပြီး ဘက်မလိုက်သည့် လွတ်လပ်သော တရားမျှတမှုနှင့် ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာထိန်းညှိနိုင်သည့် တရားစီရင်ရေးမဏ္ဍိုင်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဥပဒေ၏ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရေး၊ ဥပဒေနှင့်အညီဆောင်ရွက်ရေးတို့ကို ဆောက်ရွက်ကြရန် တိုင်းဒေသကြီး/ ပြည်နယ်များကို မကြာခဏမှာကြား သည်ကို အလေးအနက်ထားသတိပြုကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်ထောင်စုဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး ဦးခင်ဇော်တို့က အသီးသီး အမှာစကား ပြောကြားကြပြီး၊ ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ရုံးဆိုင်းဘုတ်အား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး ဦးခင်ဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များကို ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦးနှင့် ရှမ်းပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင်အောင် တို့ကပက်ဖျန်းပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

09250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 55 guests and no members online

Latest Updates