ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆံု

နမၼတူ မတ္ - ၃

36

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ သက္ဆိုင္ရာျပည္နယ္အဆင့္ တာဝန္ ရွိသူမ်ားႏွင့္အတူ မတ္လ(၂)ရက္ေန႔ ညေန(၃)နာရီအခ်ိန္ကေက်ာက္မဲခ႐ိုင္၊ နမၼတူၿမိဳ႕နယ္ခန္းမတြင္ ေဒသ ဖြ႕ံၿဖိဳးေရး အတြက္ျပည္သူမ်ားႏွင့္ေတြ႕ဆံုေၾကာင္းသိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ကအဖြင့္အမွာစကား ေျပာၾကားၿပီးျပည္နယ္ဝန္ႀကီးမ်ားႏွင့္ေဒသခံျပည္သူမ်ားကိုမိတ္ဆက္ေပးသည္။ ထို႔ေနာက္ နမၼတူၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးသိန္းစိန္ကေဒသဆိုင္ရာအခ်က္အလက္မ်ားရွင္းလင္းၿပီးၿမိဳ႕မိၿမိဳ႕ဖဦးသန္းလြင္မွ သတၱဳတြင္း ကိစၥရပ္မ်ား၊ က်ဴးေက်ာ္ေျမကိစၥမ်ား၊ အသင္းအဖြဲ႕အတြက္ေျမရရွိရန္ႏွင့္ကြန္ကရစ္တံတား(၂)စင္းကိုအစိုးရအဖြဲ႕မွ ေဆာင္ရြက္ေပးသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္းေျပာၾကားေဆြးေႏြးၿပီး၊ ေဘာ္တြင္းသတၱဳတြင္းတာဝန္ခံ ဦးျမင့္ဦးမွဆက္သြယ္ေရးကိစၥရပ္မ်ား၊ ေျမကြက္ကိစၥမ်ား၊ တရားဥပေဒစိုးမိုးေရးကိစၥရပ္မ်ား၊ လူမႈဖူလံုေရး အသင္းဝင္ကိစၥရပ္မ်ားႏွင့္ ထပ္ဆင့္လႊင့္တာဝါတိုင္ တည္ေဆာက္ေပးႏိုင္ရန္ကိစၥရပ္မ်ားကို ရွင္းလင္းတင္ျပ ေဆြးေႏြးသည္။

ဆက္လက္၍ျပည္သူမ်ား၏လိုအပ္ခ်က္မ်ားတင္ျပေဆြးေႏြးမႈကို ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားက ျပန္လည္ေျဖရွင္းျဖည့္ဆည္းေျပာၾကားၿပီး ရွမ္းျပည္နယ္အစိုးရ အဖြဲ႕မွ စာသင္ေက်ာင္းမ်ားအတြက္ ဗလာစာအုပ္၊ အားကစားပစၥည္းမ်ား၊ ေက်ာင္းအတြက္အမႈိက္ပံုးမ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီး၊ ဗမာတိုင္းရင္းလူမ်ိဳးေရးရာဝန္ႀကီးတို႔ကေပးအပ္ရာ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူ တို႔ကလက္ခံရယူၾကသည္။

ထို႔ေနာက္ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတို႔သည္ နမၼတူၿမိဳ႕နယ္တြင္ဖြင့္လွစ္ထားေသာ စစ္ေဘးေရွာင္ ျပည္သူမ်ားအားသြားေရာက္အားေပးစကား ေျပာၾကားကာေက်ာက္မဲခ႐ိုင္ နမၼတူၿမိဳ႕နယ္(သီေပါ-မန္စံ-နမၼတူလမ္း) တံတားတည္ေဆာက္ေနမႈႏွင့္နမၼတူသတၱဳတြင္းသို႔သြားေရာက္ၾကည့္႐ွဳစစ္ေဆးခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ျပန္/ဆက္

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးအတွက်ဒေသခံပြည်သူများနှင့်တွေ့ဆုံ

နမ္မတူ မတ် - ၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန် ရှိသူများနှင့်အတူ မတ်လ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်ကကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ခန်းမတွင် ဒေသ ဖွံ့ဖြိုးရေး အတွက်ပြည်သူများနှင့်တွေ့ဆုံကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကအဖွင့်အမှာစကား ပြောကြားပြီးပြည်နယ်ဝန်ကြီးများနှင့်ဒေသခံပြည်သူများကိုမိတ်ဆက်ပေးသည်။ ထို့နောက် နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းစိန်ကဒေသဆိုင်ရာအချက်အလက်များရှင်းလင်းပြီးမြို့မိမြို့ဖဦးသန်းလွင်မှ သတ္တုတွင်း ကိစ္စရပ်များ၊ ကျူးကျော်မြေကိစ္စများ၊ အသင်းအဖွဲ့အတွက်မြေရရှိရန်နှင့်ကွန်ကရစ်တံတား(၂)စင်းကိုအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားဆွေးနွေးပြီး၊ ဘော်တွင်းသတ္တုတွင်းတာဝန်ခံ ဦးမြင့်ဦးမှဆက်သွယ်ရေးကိစ္စရပ်များ၊ မြေကွက်ကိစ္စများ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ လူမှုဖူလုံရေး အသင်းဝင်ကိစ္စရပ်များနှင့် ထပ်ဆင့်လွှင့်တာဝါတိုင် တည်ဆောက်ပေးနိုင်ရန်ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

ဆက်လက်၍ပြည်သူများ၏လိုအပ်ချက်များတင်ပြဆွေးနွေးမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်းဖြည့်ဆည်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ စာသင်ကျောင်းများအတွက် ဗလာစာအုပ်၊ အားကစားပစ္စည်းများ၊ ကျောင်းအတွက်အမှိုက်ပုံးများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းလူမျိုးရေးရာဝန်ကြီးတို့ကပေးအပ်ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ တို့ကလက်ခံရယူကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် နမ္မတူမြို့နယ်တွင်ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ပြည်သူများအားသွားရောက်အားပေးစကား ပြောကြားကာကျောက်မဲခရိုင် နမ္မတူမြို့နယ်(သီပေါ-မန်စံ-နမ္မတူလမ်း) တံတားတည်ဆောက်နေမှုနှင့်နမ္မတူသတ္တုတွင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 26 guests and no members online

Latest Updates