ရွမ္းျပည္နယ္အစိုးရအဖြဲ႕ သိႏီၷေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံ

သိႏီၷ            မတ္ - ၅

39

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သိႏီၷျမိဳ႕ေဒသလိုအပ္ခ်က္မ်ားႏွင့္ေဒသဖြံ႕ျဖိဳးေရးအတြက္ျဖည့္ဆည္းေဆာင္ရြက္ေပးႏုိင္ရန္ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ၾကီး ျပည္နယ္ဝန္ၾကီးမ်ား တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ၾကီးမ်ားျပည္နယ္ဥပေဒခ်ဳပ္ အစိုးရအဖြဲ႕အတြင္းေရးမွဴး သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ားႏွင့္အတူ မတ္(၄)ရက္မြန္းတည့္(၁၂)နာရီက  သိႏီၷျမိဳ႕နယ္ ခန္းမတြင္ရပ္မိရပ္ဖဌာနဆိုင္ရာမ်ားေဒသခံျပည္သူမ်ားတိုင္းရင္းသားစာေပယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ေတြ႕ေၾကာင္းသိရသည္။ 

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ၾကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားျပီး အတူလိုက္ပါလာသည့္ ျပည္နယ္ဝန္ၾကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားကို တက္ေရာက္လာသည့္ရပ္မိရပ္ဖ ဌာနဆိုင္ရာ ေဒသခံ ျပည္သူမ်ားႏွင့္မိတ္ဆက္ေပးေၾကာင္းသိရသည္။

ထို႕ေနာက္သိႏီၷျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးျမင့္ဦးမွ ေဒသဆိုင္ရာအခ်က္အလက္မ်ား ရွင္းလင္းတင္ျပီး သိႏီၷျမိဳ႕ အမွတ္(၃)ရပ္ကြက္ ေနထိုင္သူ ဦးသာလြန္မွ အမွတ္(၃)ရပ္ကြက္တြင္ လမ္းမ်ားတံတားမ်ား၊ လွ်ပ္စစ္မီးမ်ားေဆာင္ရြက္ေပး ေစလိုေၾကာင္းျမိဳ႕ေျမကြက္မ်ားလိုအပ္သျဖင့္ တိုးခ်႕ဲကြက္သစ္မ်ားဧက(၄၀) ခ်ေပးေစလိုေၾကာင္းေျမကြက္မ်ား ထပ္မံ ခ်ေပးပါက သိႏီၷလူထုအတြက္တိုးတက္မည္ျဖစ္ေၾကာင္း တင္ျပေဆြးေႏြး၍လည္းေကာင္း အမွတ္(၁)ရပ္ကြက္ ဦးဘဝင္းမွ ျမိဳ႕ကြက္မ်ားစနစ္တက်ေဖာ္ေပးရန္ႏွင့္ ဌာနဆိုင္ရာအေဆာက္အဦမ်ားကို ခန့္ညားထယ္ဝါစြာတည္ေဆာက္ႏုိင္ရန္အတြက္ မိမိပိုင္လယ္ယာေျမကိုလွဴပါေၾကာင္း ေဆြးေႏြးတင္ျပသြားၾကေၾကာင္းသိရသည္။

၎ေနာက္ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္မ်ားကို ျပည္နယ္ဝန္ၾကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ၾကီးမ်ား၊ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားမွ ျပန္လည္ရွင္းလင္းျဖည့္ဆည္း ေဆာင္ရြက္ေပးျပီး ျပည္နယ္ဝန္ၾကီးခ်ဳပ္၊ ျပည္နယ္ဝန္ၾကီးမ်ားႏွင့္ တာဝန္ရွိသူတို႕သည္ အမွတ္(၃)ရပ္ကြက္၊ ျမိဳ႕အကြက္သစ္တိုးခ့်ဲ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မည့္ အကြက္သစ္ပုံစံခ်ေနမႈႏွင့္ တိရစာၦန္ေမြးျမဴေရးဦးစီးဌာနမွ တိရစာၦန္ေရာဂါထိန္းခ်ဳပ္ ေစာင့္ၾကည့္ေရးဌာနတြင္ ႏြားထားရွိမည့္ေနရာသို႕သြားေရာက္ၾကည့္ရႈစစ္ေဆးခ့ဲေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ၾကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ သိန္နီဒေသခံပြည်သူများနှင့် တွေ့ဆုံ

သိန္နီ            မတ် - ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန္နီမြို့ဒေသလိုအပ်ချက်များနှင့်ဒေသဖွံ့ဖြိုးရေးအတွက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီး ပြည်နယ်ဝန်ကြီးများ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများပြည်နယ်ဥပဒေချုပ် အစိုးရအဖွဲ့အတွင်းရေးမှူး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ မတ်(၄)ရက်မွန်းတည့်(၁၂)နာရီက  သိန္နီမြို့နယ် ခန်းမတွင်ရပ်မိရပ်ဖဌာနဆိုင်ရာများဒေသခံပြည်သူများတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ကြောင်းသိရသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး အတူလိုက်ပါလာသည့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများကို တက်ရောက်လာသည့်ရပ်မိရပ်ဖ ဌာနဆိုင်ရာ ဒေသခံ ပြည်သူများနှင့်မိတ်ဆက်ပေးကြောင်းသိရသည်။

ထို့နောက်သိန္နီမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးမှ ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြီး သိန္နီမြို့ အမှတ်(၃)ရပ်ကွက် နေထိုင်သူ ဦးသာလွန်မှ အမှတ်(၃)ရပ်ကွက်တွင် လမ်းများတံတားများ၊ လျှပ်စစ်မီးများဆောင်ရွက်ပေး စေလိုကြောင်းမြို့မြေကွက်များလိုအပ်သဖြင့် တိုးချဲ့ကွက်သစ်များဧက(၄၀) ချပေးစေလိုကြောင်းမြေကွက်များ ထပ်မံ ချပေးပါက သိန္နီလူထုအတွက်တိုးတက်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေး၍လည်းကောင်း အမှတ်(၁)ရပ်ကွက် ဦးဘဝင်းမှ မြို့ကွက်များစနစ်တကျဖော်ပေးရန်နှင့် ဌာနဆိုင်ရာအဆောက်အဦများကို ခန့်ညားထယ်ဝါစွာတည်ဆောက်နိုင်ရန်အတွက် မိမိပိုင်လယ်ယာမြေကိုလှူပါကြောင်း ဆွေးနွေးတင်ပြသွားကြကြောင်းသိရသည်။

၎င်းနောက်ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အမှတ်(၃)ရပ်ကွက်၊ မြို့အကွက်သစ်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် အကွက်သစ်ပုံစံချနေမှုနှင့် တိရစ္ဆာန်မွေးမြူရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်ရေးဌာနတွင် နွားထားရှိမည့်နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

yin-nackရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်၊ မိုးနဲနှင့် ကျေးသီးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 48 guests and no members online

Latest Updates