ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး မတ္ - ၁၅

47

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူ တို႔သည္ မတ္ ၁၅ ရက္ ညေန ၄ နာရီက ေတာင္ႀကီးၿမိဳ႕၊ ေရေအးကြင္းရပ္ကြက္ရွိ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းႏွင့္ ကိုးၿမိဳ႕ရွင္နတ္နန္းလမ္းဆုံ၌ မီးပြိဳင့္တပ္ဆင္ေနမႈတို႔ကို ကြင္းဆင္းၾကည့္႐ႈစစ္ေဆးၾကေၾကာင္း သိရသည္။

ဆက္လက္၍ ၿမိဳ႕နယ္စည္ပင္သာယာေရးအမႈေဆာင္အရာရွိ ဦးေအးကိုမွ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းအား ရွင္းလင္းၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ လမ္းႏွင့္ လမ္းလယ္ ကၽြန္းေမ်ာ၊ ဓာတ္မီးတိုင္လုပ္ငန္းေဆာင္႐ြက္ေနမႈတို႔ကို လွည့္လည္ၾကည့္႐ႈစစ္ေဆးၾကေၾကာင္း သိရသည္။

အဆိုပါကေမၻာဇလမ္း(PHASE-1) အဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း၊ အေရွ႕ၿမိဳ႕ပတ္လမ္း- ပြိဳင့္လမ္းဆုံမွ ေရထြက္ဦးလမ္းထိ လမ္းအဆင့္ျမႇင့္တင္ျခင္း (လမ္း- တံတား- ေရေျမာင္း- ပလက္ေဖာင္း) အတိုင္းအတာ ၂၁၅၀'-၀''  × ၄၀'-၀''၊ ခန္႔မွန္းကုန္က်ေငြ ၂၅၂၆.၂၄ က်ပ္သိန္း၊ ၂၀၁၆ - ၂၀၁၇ ႏွစ္၊ ၂၀၁၇- ၂၀၁၈ ဘတ္ဂ်တ္ျဖင့္ ေဆာင္႐ြက္ၿပီး ကေမၻာဇလမ္း(PHASE-2) ေရထြက္ဦးလမ္းမွ မဟာဗႏၶဳလလမ္းအထိ လမ္းအဆင့္ျမႇင့္တင္ျခင္း (လမ္း- တံတား- ေရေျမာင္း- ပလက္ေဖာင္း- လမ္းလယ္ကၽြန္းေမ်ာ- ေျမကာနံရံ) ၁၇၀၀'-၀'' × ၈၅'/၉၀' ၊ ခန္႔မွန္း ကုန္က်ေငြ ၅၄၁၃.၀၂ က်ပ္သန္း၊ တင္ျမင့္ရီကုမၸဏီမွ က်ပ္သိန္း (၂၀၀၀) လႉဒါန္းေဆာင္႐ြက္ျခင္း၊ ကေမၻာဇလမ္း(PHASE-3) မဟာဗႏၶဳလလမ္းမွ ျပည္နယ္ပညာေရးမႉး႐ုံးလမ္းဆုံအထိ လမ္းအဆင့္ျမႇင့္တင္ျခင္း (လမ္း- တံတား- ေရေျမာင္း- ပလက္ေဖာင္း- လမ္းလယ္ကၽြန္းေမ်ာ- ေျမကာနံရံ) ၂၁၄၀'- ၀'' × ၇၅' - ၀''၊ ခန္႔မွန္း ကုန္က်ေငြ ၇၄၈၁.၈၉ က်ပ္သိန္းျဖင့္ ေဆာင္႐ြက္ၿပီး စုစုေပါင္းခန္႔မွန္းကုန္က်ေငြ (ကတၱရာတန္ဖိုးေငြအပါ) ၁၅၄၂၁.၁၅ က်ပ္သိန္း၊ ကတၱရာတန္ဖိုးေငြ ၁၁၄၂.၂၈ က်ပ္သိန္း၊ စုစုေပါင္းခန္႔မွန္းကုန္က်ေငြ (ကတၱရာတန္ဖိုး ေငြမပါ) ၁၄၂၇၈.၈၇ က်ပ္သိန္း၊ စုစုေပါင္းလမ္းအရွည္ ၅၉၉၀ေပ ကေမၻာဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကမ္ဘောဇလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှု

တောင်ကြီး မတ် - ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့သည် မတ် ၁၅ ရက် ညနေ ၄ နာရီက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ကိုးမြို့ရှင်နတ်နန်းလမ်းဆုံ၌ မီးပွိုင့်တပ်ဆင်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအေးကိုမှ ကမ္ဘောဇလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လမ်းနှင့် လမ်းလယ် ကျွန်းမျော၊ ဓာတ်မီးတိုင်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

အဆိုပါကမ္ဘောဇလမ်း(PHASE-1) အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အရှေ့မြို့ပတ်လမ်း- ပွိုင့်လမ်းဆုံမှ ရေထွက်ဦးလမ်းထိ လမ်းအဆင့်မြှင့်တင်ခြင်း (လမ်း- တံတား- ရေမြောင်း- ပလက်ဖောင်း) အတိုင်းအတာ ၂၁၅၀'-၀''  × ၄၀'-၀''၊ ခန့်မှန်းကုန်ကျငွေ ၂၅၂၆.၂၄ ကျပ်သိန်း၊ ၂၀၁၆ - ၂၀၁၇ နှစ်၊ ၂၀၁၇- ၂၀၁၈ ဘတ်ဂျတ်ဖြင့် ဆောင်ရွက်ပြီး ကမ္ဘောဇလမ်း(PHASE-2) ရေထွက်ဦးလမ်းမှ မဟာဗန္ဓုလလမ်းအထိ လမ်းအဆင့်မြှင့်တင်ခြင်း (လမ်း- တံတား- ရေမြောင်း- ပလက်ဖောင်း- လမ်းလယ်ကျွန်းမျော- မြေကာနံရံ) ၁၇၀၀'-၀'' × ၈၅'/၉၀' ၊ ခန့်မှန်း ကုန်ကျငွေ ၅၄၁၃.၀၂ ကျပ်သန်း၊ တင်မြင့်ရီကုမ္ပဏီမှ ကျပ်သိန်း (၂၀၀၀) လှူဒါန်းဆောင်ရွက်ခြင်း၊ ကမ္ဘောဇလမ်း(PHASE-3) မဟာဗန္ဓုလလမ်းမှ ပြည်နယ်ပညာရေးမှူးရုံးလမ်းဆုံအထိ လမ်းအဆင့်မြှင့်တင်ခြင်း (လမ်း- တံတား- ရေမြောင်း- ပလက်ဖောင်း- လမ်းလယ်ကျွန်းမျော- မြေကာနံရံ) ၂၁၄၀'- ၀'' × ၇၅' - ၀''၊ ခန့်မှန်း ကုန်ကျငွေ ၇၄၈၁.၈၉ ကျပ်သိန်းဖြင့် ဆောင်ရွက်ပြီး စုစုပေါင်းခန့်မှန်းကုန်ကျငွေ (ကတ္တရာတန်ဖိုးငွေအပါ) ၁၅၄၂၁.၁၅ ကျပ်သိန်း၊ ကတ္တရာတန်ဖိုးငွေ ၁၁၄၂.၂၈ ကျပ်သိန်း၊ စုစုပေါင်းခန့်မှန်းကုန်ကျငွေ (ကတ္တရာတန်ဖိုး ငွေမပါ) ၁၄၂၇၈.၈၇ ကျပ်သိန်း၊ စုစုပေါင်းလမ်းအရှည် ၅၉၉၀ပေ ကမ္ဘောဇလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃