ရွမ္းျပည္နယ္ လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းအား ေအာင္ႏိုင္ေရးအလံေပးအပ္

ေတာင္ႀကီး မတ္ - ၁၈

51

၂၀၁၉ ခုႏွစ္ မတ္လ ၂၁ ရက္ေန႔တြင္က်င္းပျပဳလုပ္မည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အသက္(25) ႏွစ္ေအာက္အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ရွမ္းျပည္နယ္လက္ေ႐ြးစင္ အမ်ိဳးသမီး ေဘာလုံးအသင္းအား ေအာင္ႏိုင္ေရးအလံေပးအပ္ပြဲအခမ္းအနားကို မတ္လ ၁၇ ရက္ နံနက္ ၁၁ နာရီခြဲက ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၊ ျပည္နယ္အားကစားႏွင့္ကာပညာဦးစီးဌာန႐ုံးဝန္းရွိ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ၊ ေလးထပ္ေဆာင္ခန္းမ၌က်င္းပခဲ့ေၾကာင္းသိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ၊ ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ၿပိဳင္ပြဲတိုင္းတြင္ အႏိုင္ရရွိၿပီး ရွမ္းျပည္နယ္ဂုဏ္ေဆာင္အားကစားသမား မ်ားျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္သြားႏွင့္ ၿပိဳင္ပြဲဝင္မ်ား စည္းလုံးညီၫြတ္စြာႏွင့္ အားကစားစိတ္ဓာတ္ အျပည့္ျဖင့္ ယွဥ္ၿပိဳင္သြားၾကရန္ မွာၾကားခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီ ဥကၠဌ၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေအာင္ႏိုင္ေရးအလံအား အသင္းအုပ္ခ်ဳပ္သူႏွင့္ အသင္းနည္းျပခ်ဳပ္ထံသို႔ ေပးအပ္ၿပီး ေဘာလုံးအသင္းသားမ်ားႏွင့္အတူ ဂုဏ္ျပဳေန႔လည္စာအား အတူ တကြသုံးေဆာင္ၾကသည္။

  အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီ ဥကၠဌ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္း၊ ဒုတိယၫႊန္ၾကားေရမႉး ဦးတင္ထြန္း၊ ရွမ္းျပည္နယ္ေဘာလုံးဆပ္ေကာ္မတီ ဥကၠဌ ဦးခင္ေမာင္လြင္ႀကီး၊ အမ်ိဳးသမီးလက္ေ႐ြးစင္ေဘာလုံးအသင္း အုပ္ခ်ဳပ္သူ၊ အသင္းနည္းျပခ်ဳပ္ႏွင့္ အသင္း သားမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ၊ ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္း ႏွင့္အဖြဲ႕ဝင္မ်ားသည္ ျပည္နယ္အားကစားကြင္းႀကီး၌ ကြင္းမ်က္ႏွာျပင္ေျမၫွိျခင္း၊ ျမက္ကပ္ျခင္း၊ ေဆးဖ်န္း၊ ေရေလာင္းျခင္းမ်ား ျပဳျပင္ေဆာင္႐ြက္ေနမႈအား ၾကည့္႐ႈစစ္ေဆးရာ လိုအပ္သည္မ်ား မွာၾကား ခဲ့ေၾကာင္းသိရသည္။ အဆိုပါျပည္နယ္အားကစားကြင္းမွာ ၆၅  ရာခိုင္ႏႈန္းၿပီးစီးကာ မတ္လကုန္အတြင္း အၿပီး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

အစရ(ရွမ္း)

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

တောင်ကြီး မတ် - ၁၈

 

၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(25) နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက် နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာပညာဦးစီးဌာနရုံးဝန်းရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၊ လေးထပ်ဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိပြီး ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမား များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားနှင့် ပြိုင်ပွဲဝင်များ စည်းလုံးညီညွတ်စွာနှင့် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အောင်နိုင်ရေးအလံအား အသင်းအုပ်ချုပ်သူနှင့် အသင်းနည်းပြချုပ်ထံသို့ ပေးအပ်ပြီး ဘောလုံးအသင်းသားများနှင့်အတူ ဂုဏ်ပြုနေ့လည်စာအား အတူ တကွသုံးဆောင်ကြသည်။

  အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေမှူး ဦးတင်ထွန်း၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီး၊ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ အသင်းနည်းပြချုပ်နှင့် အသင်း သားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အားကစားကွင်းကြီး၌ ကွင်းမျက်နှာပြင်မြေညှိခြင်း၊ မြက်ကပ်ခြင်း၊ ဆေးဖျန်း၊ ရေလောင်းခြင်းများ ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရသည်။ အဆိုပါပြည်နယ်အားကစားကွင်းမှာ ၆၅  ရာခိုင်နှုန်းပြီးစီးကာ မတ်လကုန်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 70 guests and no members online