ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ညောင်ရွှေမြို့နယ်ဒေခံပြည်သူများနှင့် တွေ့ဆုံပွဲ

  တောင်ကြီး  မတ် ၁၆

 02
 
04
 
 
03
 
 
01
 
05
 
 
06
 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်
ညောင်ရွှေမြို့နယ်ဒေခံပြည်သူများနှင့် တွေ့ဆုံပွဲ

 
  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ညောင်ရွှေမြို့နယ် ဒေခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မတ်(၁၆)ရက်နံနက်(၈)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းဇံဦးက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။
  ဆက်လက်ပြီး အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က နန်းပန်ကျေးရွာအုပ်စုအား မြို့နယ်ခွဲအဆင့်တိုးမြှင့်ပေးနိုင်ရေးနှင့် အင်းလေးဇုန်ဝင်ခွင့်ကောက်ခံရေးကိစ္စကိုလည်းကောင်း၊ အင်းလေးဒေသဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်ကျော်က ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံအား ကုတင်(၅ဝ)ဆန့် ဆေးရုံအဆင့်တိုးမြင့် ပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကိုလည်းကောင်း၊ ဦးအောင်မြင့်က အင်းလေးကန်အတွင်း ဗေဒါများ ဆယ်ယူသန့်ရှင်းရေး ပြုလုပ်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးကိစ္စရပ်များကိုလည်းကောင်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်က ရေလမ်းကြောင်းများ တိုးချဲ့နိုင်ရေးနှင့် အင်းလေးကန်ပတ်လမ်း ပြုပြင်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊  ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ဝင်း က  နန်းပန်ဈေးလှေဆိပ် အဆင့်တိုးမြှင့်ဆောက်လုပ်ရေးကိစ္စကိုလည်းကောင်း အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။
 ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးခင်မောင်ဌေးတို့က အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။ 
 ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် ပြန်လည်ပြုပြင်တည်ဆောက်မည့် ညောင်ရွှေမြို့၊ မြို့တော်ခန်းမ၊ ယဉ်ကျေးမှုဗုဒ္ဓပြတိုက်နှင့် လူရည်ချွန်စခန်းသွင်း လေ့ကျင့်မည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွင်း ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပါသည်။
 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-lu

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်တို့တွင် အများဆုံးနေထိုင် ကြသည်။





We have 40 guests and no members online

Latest Updates