ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် UNDP, UNICEF, UN-Women, WFP, UNFPA, UNOPS တို့မှ ကိုယ်စားလှယ်အဖွဲ့များတွေ့ဆုံ

တောင်ကြီး  မတ်  ၁၆

 

11

 

22

 

33

    ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်  ဦးစဝ်အောင်မြတ်သည် UNDP,UNICEF,UN-Women,WFP,UNFPA,UNOPS  တို့မှ ကိုယ်စားလှယ်အဖွဲ့များအား မတ်(၁၆)ရက် ညနေ(၄)နာရီ က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
    ထိုသို့ တွေ့ဆုံရာတွင် ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံ(၇)နိုင်ငံရှိ အဖွဲ့(၇)ဖွဲ့၊ ကော်မတီဝင်များက UN ၏ အကူအညီဖြင့် လုပ်ကိုင်နေသည့် လုပ်ငန်းများကို လေ့လာရန်နှင့် လိုအပ်နေသေးသည့် လုပ်ငန်းများအား သိရှိနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရေး၊ UN အဖွဲ့များမှ ပိုမိုပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
    ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ယခုလို လာရောက်တွေ့ဆုံခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ UN အဖွဲ့များ၏ ပံ့ပိုးကုညီမှုများကို အသိအမှတ်ပြုကြောင်း၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲနေသော လုပ်ငန်းစဉ်များတွင် UN အဖွဲ့များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လည်း ဖိတ်ကြားလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
    အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးစံလွင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ ကိုယ်စားလှယ်အဖွဲ့တွင် Mr. Remongar Dennis (Deputy Permanent Representative,UNDP/UNFPA/UNOPS) ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေ(၆)နာရီတွင် ရပ်နားခဲ့သည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 51 guests and no members online

Latest Updates