ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် သုံးထပ်ဓမ္မာရုံတော်သစ် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားတက်ရောက်

တောင်ကြီး  မတ်  ၂၆

 

3

4

 

2

 

5

 

6

 

    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်သည် မတ်(၂၆)ရက် နံနက်(၉)နာရီခွဲက ရွှေဘုန်းပွင့်စေတီတော် ဓမ္မာရုံ၌ကျင်းပပြုလုပ်သော တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်ရင်ပြင်တွင် တည်ဆောက်ပြီးစီးသော သုံးထပ်ဓမ္မာရုံတော်သစ်ကြီး ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဧည့်ပရိတ်သတ်များသည် နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး စွန်းလွန်းဂူကျောင်း ဆရာတော် မဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်အပ်သော ပရိတ်တရားတော်မြတ်ကို နာယူပန်ဆင်ကြသည်။
   ထိုနောက် ဆရာတော်သံဃာတော်များအား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ဓမ္မာရုံဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်းကြသော အလှူရှင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
    ဆက်လက်ပြီး ကမ္ဘောဇဘဏ်လီမိတက်မှ ရွှေဘုန်းပွင့်ဘုရားသို့ ကာလတန်ဖိုး ကျပ်(၁၁၈)သိန်းတန်ပရိုဘောက်မော်တော်ယာဉ်(၁)စီးကို လှူဒါန်းရာ ကမ္ဘောဇဘဏ်တာဝန်ရှိသူ တစ်ဦးမှ လှူဒါန်းပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရွှေဘုန်းပွင့်ဘုရား အထွေထွေပြုပြင်မွမ်းမံမှု ငွေကျပ်(၁၅၆၆၃၈ဝဝိ/)လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
   ထိုနောက် လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်သည်။ အဆိုပါအခမ်းအနားသို့ စွန်းလွန်းဂူကျောင်းဆရာတော် ဘဒ္ဒအဂ္ဂဓမ္မာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးမြင့်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဌ ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 65 guests and no members online

Latest Updates