ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အင်းလေးဒေသ ဟိုတယ်ဇုန်မြေနေရာချထားခြင်း အခမ်းအနားတက်ရောက်

တောင်ကြီး  ဧပြီ  ဝ၈

 

01

 

02

 

    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် သည် ဧပြီ(၈)ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော အင်းလေးဒေသ ဟိုတယ်ဇုန်မြေနေရာချထားခြင်း အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

  ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အောင်က အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က မြေနေရာချထားရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည်။

  ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးဦးစီးကော်မတီမှ  တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍာအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

 

03

 

04

 

05

 

   ၎င်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင် က ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

  အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် လာရောက်လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 56 guests and no members online

Latest Updates