လားရှိုးမြို့မဈေး တစ်ဝိုက်လမ်းပိတ်ဆို့မှု ရှင်းလင်းဆောင်ရွက်

တောင်ကြီး   မေ  ၀၅

 

a

 

   ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် မြို့မဈေး အကျိုးတော်ဆောင်အဖွဲ့တို့ ပါဝင်သောအဖွဲ့သည် (၂၉-၄-၂၀၁၃)ရက်နေ့တွင် လားရှိုးမြို့မဈေးသို့ ကွင်းဆင်း၍ မြို့မဈေးပတ်လည်ရှိ သိန်းနီလမ်းနှင့် ဗိုလ်ချုပ်လမ်း တို့တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ နှစ်ထပ်ရပ်တန့်မှု မရှိစေရေး၊ မြို့မဈေး ပတ်လည်ရှိ လမ်းဘေး၊ ပလက်ဖောင်းများပေါ်တွင်ကျူးကျော်မှုဈေးသည်များ ရောင်းချမှု မရှိစေရေး အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-


    (က)    မြို့မဈေး သိန်းနီလမ်းရှိ ဆိုင်ကယ်ရပ်နားစခန်းတွင် ရပ်နားလျက်ရှိသော မော်တော်ယဉ်များအား ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် လမ်းဘေး တွင် ရောင်းချလျက်ရှိသော ခေါင်းရွက်ဗျက်ထိုးဈေးသည်များအား ရှင်းလင်းခြင်း၊


    ( ခ)    မြို့မဈေး သိန်းနီလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ သစ်သီးအရောင်းဆိုင်  (၄)ဆိုင်မှ မူလလမ်းပေါ်သို့ ကျူးကျော်ခင်းကျင်း ရောင်းချခြင်းအား ရှင်းလင်းခြင်း၊


    ( ဂ)    မြို့မဈေး ဗိုလ်ချုပ်လမ်းရှိ မြို့မဈေးဘယ်ဘက်ခြမ်းတွင် ဆိုင်ကယ်(၂)ထပ် ရပ်နားသည့် နေရာအား (၁)ထပ်သာရပ်တန့်ရေးရှင်းလင်းခြင်း၊


    ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားရာ မြို့မဈေးပတ်လည်ရှိ လမ်းများဖြစ်သည့် သိန်းနီလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဟံသာဝတီလမ်း၊ လမ်းမတော်လမ်းတို့အား ရေစီး ရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် (၁-၅-၂၀၁၃)ရက်နေ့ တွင် ရေမြောင်းများ ဆယ်ယူခြင်း၊ သန့်ရှင်းရေးများ ပြုလုပ်ခြင်းများ ဆောင်ရွက်ပါသည်။


     အဆိုပါ လမ်းများပေါ်တွင် ကျူးကျော်ရောင်းချနေသော သစ်သီးသည်များအား မြို့မဈေး ရွှေကံ့ကော်ရုံအပေါ်ထပ်သို့ ပြောင်းရွှေ့ရောင်းချရန် လားရှိုးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်ပိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးဝင်းမင်းလတ်တို့မှ ဈေးမိ/ဈေးဖများ၊ ဈေးကော်မတီ၊ ဈေးသူ/ဈေးသားများနှင့် ညှိနှိုင်းထားရှိပြီး စည်းကမ်းတကျ ရှင်းလင်းဆောင်ရွက်ကြပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 59 guests and no members online

Latest Updates