ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး   မေ   ၁၀

 

 

2

 

1

 

   မေလ(၉/၁ဝ)ရက်နေ့များတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနရုံးခန်း၌ ကျင်းပသော ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေးနှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွှန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။


    အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ညွှန့်မှ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များမှ နယ်မြေအလိုက် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သော ဆင်းရဲမှုလျော့ချရေးအတွက် တောင်သူလယ်သမား၊ ဆင်းရဲသားများ၊ ပြည်သူများ အရင်းအနှီးရရှိရေးအတွက် ချေးငွေ ချေးပေးရန်လိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ချေးငွေကျပ်သိန်း(၅၁ဝဝ)အား သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ရယူ၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အဖွဲ့တွင် ပါဝင်သည့် အဖွဲ့ဝင်(၁၄)ဦးတို့မှ တာဝန်ယူ/ တာဝန်ခံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ချေးရာတွင် ထုတ်ချေးမည့် မြို့နယ်အသင်းများအား ပြည်နယ်သမဝါယမဦးစီးဌာန၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်များ အပါအဝင် အဖွဲ့ဝင်များက ညှိနှိုင်းစိစစ်၍ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းအဝေးတွင် တင်ပြပြီး အဖွဲ့၏ ဆုံးဖြတ်သဘောတူညီချက်ဖြင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။

 

    အစည်းအဝေးဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၂)မြို့နယ်မှ အခြေခံ သမဝါယမအသင်း (၉၅)သင်းသို့ ကျပ်သိန်း(၅၁ဝဝ)အား ထုတ်ချေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ရှမ်းပြည်နယ်အတွင်း အခြေခံသမဝါယမအသင်းပေါင်း (၉၃၅)သင်း ဖွဲ့စည်းထားပြီး ၂ဝ၁၃ ခုနှစ်၊ မေလအထိ ထုတ်ချေးငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၃၃ဝဝဝ)ကျော်ထုတ်ချေးထားပြီးဖြစ်ပါသည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 45 guests and no members online

Latest Updates