တောင်ကြီးမြို့ ကုန်ခြောက်သားငါးစျေးအဆင့် မြှင့်တင်တည်ဆောက်ရေး တင်ဒါစိစစ်ရေးအဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   မေ   ၂၃

 

     တောင်ကြီးမြို့ ကုန်ခြောက်သားငါးစျေးအဆင့် မြှင့်တင်တည်ဆောက်ရေး တင်ဒါစိစစ်ရေးအဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေးကို မေ(၂၃)ရက် နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်လျှက်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများတို့က အသီးသီးအမှာစကား ပြောကြားကြသည်။

 

     ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက တောင်ကြီးမြို့ ကုန်ခြောက်သားငါးစျေး အဆင့်မြှင့်တင်တည်ဆောက်ရေးအတွက် တင်ဒါရွေးချယ်ဆောက်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေထက်ရှိန်က ကုမ္ပဏီ(၇)ခု၏ အဆိုတင်ပြမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး တင်ဒါရွေးချယ် စိစစ်ရေးအဖွဲ့(၇)ဖွဲ့မှ အသီးသီးရှင်းလင်းတင်ပြကြသည်။


     ၄င်းနောက် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး စိစစ်ရေးအဖွဲ့(၇)ဖွဲ့၏ စုစည်းရလဒ်ကို အတည်ပြု၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palaungရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နီ၊ မိုင်းရယ်မြို့နယ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်၊ နမ့်စန်၊ လဲချားမြို့နယ်များတွင် နေထိုင်ကြ သည်။

We have 70 guests and no members online

Latest Updates