(၈၈)မျိုးဆက်ကျောင်းသားများ ဟိုပန်မြို့သို့ လာရောက်ဟောပြောမည့်ကိစ္စအား ဒေသခံပြည်သူများ ကန့်ကွက်

တောင်ကြီး   မေ  ၂၃

 

     (၈၈)မျိုးဆက်ကျောင်းသားများ ခေါင်းဆောင် ဦးမင်းကိုနိုင် ဦးဆောင်သော “ ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်း ” က ဟိုပန်မြို့သို့ လာရောက်ဟောပြောပွဲပြုလုပ်မည်ကို သိရ၍ ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားမည်ကို လက်မခံနိုင်သော မန်ကောင်းရပ်ကွက်နေ ဦးဆန်းတင့်(၅၈)နှစ် ဦးဆောင်သော အင်အား(၁၃၀၀)ခန့်နှင့် ပန်လုံမြို့နယ်ခွဲ၊ ရပ်ကွက်(၇)နေ ဦးအိုက်ထပ် (၆၂)နှစ် ဦးဆောင်သော အင်အား(၂၅၀)ခန့်တို့သည် မေ (၇)ရက်နေ့ (၀၉၀၀)အချိန် ဖောင်ဆိပ်တံတားအနီး ဟိုပန်မြို့ဘက်ခြမ်းတွင် ငြိမ်းချမ်းစွာ ကန့်ကွက်ရန် စုရုံးရောက်ရှိခဲ့သည်။

 

     ဟိုပန်မြို့သို့ လာရောက်မည့် (၈၈)မျိုးဆက်ကျောင်းသားများ ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် အဖွဲ့သည် ဟိုပန်မြို့ ပြည်သူလူထုစုရုံးကန့်ကွက်မည်ကို သတင်းရရှိသည့်အတွက် သိန္နီမြို့မှ (၁၁၀၀)အချိန်ခန့်တွင် လားရှိုးမြို့သို့ ပြန်လှည့်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။


     ထို့နောက် ဦးမင်းကိုနိုင်နှင့် အဖွဲ့ မလာရောက်တော့သဖြင့် ဖောင်ဆိပ်တံတားတွင် ကန့်ကွက်ရန် စောင့်ဆိုင်းနေသော ဒေသခံပြည်သူများအနက်မှ အင်အား(၃၀၀)ခန့်မှာ (၁၃၀၀)အချိန်တွင် ဟောပြောပွဲ ပြုလုပ်မည့် ကောင်းဟုန်းဘုန်းကြီးကျောင်းသို့ သွားရောက်၍ ဦးမင်းကိုနိုင် ဦးဆောင်သော “ ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်း ” လာရောက်ခြင်းကို ကန့်ကွက်ကြောင်း ကျောင်းထိုင်ဆရာတော်ထံ လျှောက်ထားခဲ့ကြသည်။


     ဆက်လက်ပြီး ကန့်ကွက်သည့် ဒေသခံပြည်သူများသည် (၁၄၁၅)အချိန်တွင် မိမိတို့ နေအိမ်များဆီသို့ အေးချမ်းစွာ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။