Articles

ရွမ္းျပည္နယ္ အေျခခံပညာက႑ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး က်င္းပ

ေတာင္ႀကီး ဇြန္-၁၈

133

စိမ္းလန္းသန႔္ရွင္းေသာေက်ာင္း/ မူးယစ္ကင္းစင္းေက်ာင္း/ ေဆးလိပ္ေဆး႐ြက္ႀကီးကင္းစင္ေက်ာင္း/ အရက္ေသစာေသာက္စားျခင္းကင္းစင္ေက်ာင္း/ ယာဥ္ႏွင့္လမ္းအႏၲာရာယ္အသိပညာျမင့္တင္ေဆာင္႐ြက္သည့္ ေက်ာင္း/ က်န္းမာေရးႏွင့္ညီၫြတ္သည့္ေက်ာင္း/ က်န္းမာေရးႏွင့္ညီၫြတ္သည့္လူေနမူအဆင့္ျမင့္ေက်ာင္း/ Prolonged Screen Times/ Gaming Time ေလ်ာ့ခ်ေရးအသိပညာျမႇင့္တင္ေဆာင္႐ြက္သည့္ေက်ာင္းမ်ား ေဖာ္ေဆာင္ေရးလုပ္ငန္းညိႏႈိင္းအစည္းအေဝးကို ဇြန္လ ၁၅ ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ အမွတ္(၅) အေျခခံပညာ အထက္တန္းေက်ာင္း၌ က်င္းပေၾကာင္းသိရသည္။

အဆိုပါ အစည္းအေဝးသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ တက္ေရာက္၍ အမွာစကားေျပာၾကားခဲ့ၿပီး အစည္းအေဝးသို႔ ရွမ္းျပည္နယ္ (ေတာင္ပိုင္း၊  ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း) မွ ျပည္နယ္ပညာေရး ၫႊန္ၾကားေရးမႉး၊ ဒုတိယၫႊန္ၾကားေရးမႉးမ်ား၊ ခ႐ိုင္ပညာေရးမႉးမ်ား၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)မွ ၿမိဳ႕နယ္ပညာေရးမႉးမ်ားႏွင့္ ျပည္နယ္ပညာေရးမႉး႐ုံး (ေတာင္ႀကီး)မွ ဒုတိယၫႊန္ၾကားေရးမႉးမ်ား၊ လက္ေထာက္ၫႊန္ၾကားေရးမႉးမ်ား တက္ေရာက္ၾကၿပီး ပညာေရးဆိုင္ရာကိစၥရပ္မ်ား တင္ျပေဆြးေႏြးတင္ျပရာ ျပည္နယ္လူမႈေရးဝန္ႀကီးမွ ေပါင္းစပ္ညႇိႏႈိင္းေပးခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် အခြေခံပညာကဏ္ဍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး ဇွန်-၁၈

 

စိမ်းလန်းသန့်ရှင်းသောကျောင်း/ မူးယစ်ကင်းစင်းကျောင်း/ ဆေးလိပ်ဆေးရွက်ကြီးကင်းစင်ကျောင်း/ အရက်သေစာသောက်စားခြင်းကင်းစင်ကျောင်း/ ယာဉ်နှင့်လမ်းအန္တာရာယ်အသိပညာမြင့်တင်ဆောင်ရွက်သည့် ကျောင်း/ ကျန်းမာရေးနှင့်ညီညွတ်သည့်ကျောင်း/ ကျန်းမာရေးနှင့်ညီညွတ်သည့်လူနေမူအဆင့်မြင့်ကျောင်း/ Prolonged Screen Times/ Gaming Time လျော့ချရေးအသိပညာမြှင့်တင်ဆောင်ရွက်သည့်ကျောင်းများ ဖော်ဆောင်ရေးလုပ်ငန်းညိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၅ ရက်နေ့က တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ ရှမ်းပြည်နယ် (တောင်ပိုင်း၊  မြောက်ပိုင်းနှင့် အရှေ့ပိုင်း) မှ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မြို့နယ်ပညာရေးမှူးများနှင့် ပြည်နယ်ပညာရေးမှူးရုံး (တောင်ကြီး)မှ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး ပညာရေးဆိုင်ရာကိစ္စရပ်များ တင်ပြဆွေးနွေးတင်ပြရာ ပြည်နယ်လူမှုရေးဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

 

ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိကသစ္ေတာစိုက္ခင္းမွ ထြက္ရွိသည့္ ကြၽန္း/ သစ္မာသစ္လုံး၊ ကြၽန္း/ သစ္မာတိုင္၊ ကြၽန္း/ သစ္မာေမ်ာမ်ားကို ျပည္ပသို႔ အလုံးလိုက္တင္ပို႔ခြင့္ျပဳရန္ တင္ျပလာသည့္ ကိစၥရပ္တစ္ခုခ်င္းစီအလိုက္ ဌာနဆိုင္ရာ ၫႊန္ၾကားခ်က္မ်ား၊ လုပ္ထုံးလုပ္နည္းလုပ္ငန္းစဥ္

ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိကသစ္ေတာစိုက္ခင္းမွ ထြက္ရွိသည့္ ကြၽန္း/ သစ္မာသစ္လုံး၊ ကြၽန္း/ သစ္မာတိုင္၊ ကြၽန္း/ သစ္မာေမ်ာမ်ားကို ျပည္ပသို႔ အလုံးလိုက္တင္ပို႔ခြင့္ျပဳရန္ တင္ျပလာသည့္ ကိစၥရပ္တစ္ခုခ်င္းစီအလိုက္ ဌာနဆိုင္ရာ ၫႊန္ၾကားခ်က္မ်ား၊ လုပ္ထုံးလုပ္နည္းလုပ္ငန္းစဥ္ အဆင့္ဆင့္အတိုင္း စနစ္တက်ေဆာင္႐ြက္ျခင္း ရွိ/ မရွိ (Case by Case basis)ျဖင့္ စိစစ္၍ ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ေၾကညာျခင္း

(Unicode)++++

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းမှ ထွက်ရှိသည့် ကျွန်း/ သစ်မာသစ်လုံး၊ ကျွန်း/ သစ်မာတိုင်၊ ကျွန်း/ သစ်မာမျောများကို ပြည်ပသို့ အလုံးလိုက်တင်ပို့ခွင့်ပြုရန် တင်ပြလာသည့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ဌာနဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း စနစ်တကျဆောင်ရွက်ခြင်း ရှိ/ မရှိ (Case by Case basis)ဖြင့် စိစစ်၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာခြင်း

T1T2T2T3

(၈၅)ႀကိမ္ေျမာက္ရွမ္းျပည္နယ္လုံးဆိုင္ရာဝိနယာဒိႏုဂၢဟာစာေလွ်ာက္ေမးပြဲေတာ္ႀကီးထီးျဖဴေတာ္ဖြင့္ပူေဇာ္ပြဲက်င္းပ

ေညာင္ေ႐ႊ ဇြန္    -    ၁၄

132

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေညာင္ေ႐ႊၿမိဳ႕ သဒၶမၼဋိတိခ႑သိမ္ေတာ္၌ဇြန္(၁၄)ရက္ နံနက္(၁၀)နာရီက (၈၅)ႀကိမ္ေျမာက္ ရွမ္းျပည္နယ္လုံးဆိုင္ရာဝိနယာဒိႏုဂၢဟာစာေလွ်က္ေမးပြဲေတာ္အတြက္အလႉေငြေပးအပ္လႉဒါန္းပြဲက်င္းပေၾကာင္းသိရသည္။

အခမ္းအနားတြင္ ဆရာေတာ္သံဃေတာ္မ်ားဟိုတယ္ႏွင့္ခရီးသြားလာေရး ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္ရွမ္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က နေမာတႆသုံးႀကိမ္႐ြတ္ဆိုဘုရား ကန္ေတာ့၍ ဖြင့္လွစ္ၿပီး ႏိုင္ငံေတာ္သံဃမဟာယနာယကအဖြဲ႕ ဒုတိယဥကၠ႒ အဘိဓစ႐ုမဟာရ႒ဂု႐ုမိုင္းေသာက္ဆရာေတာ္ႀကီးထံ ငါးပါး သီလေဆာက္တည္ၾကကာ ဆရာေတာ္သံဃေတာ္မ်ား႐ြတ္ပြားသရဇၥ်ယ္ေသာ တရားေတာ္မ်ားနာၾကား၍ အလႉေငြမ်ားေပးအပ္ လႉဒါန္းရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွအလႉေငြက်ပ္(၂၀)သိန္း၊ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး မိသားစုမွ အလႉေငြက်ပ္(၃)သိန္း ေပးအပ္လႉဒါန္းေပးၾကရာ တာဝန္ရွိသူတစ္ဦးမွလက္ခံရယူၿပီး အႏုေမာဒါနတရားနာၾကား ကာေရစက္သြန္းခ်အမွ်ေပးေဝၾက၍ ဆရာေတာ္သံဃေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ၾကေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးဦးအုန္းေမာင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ တာဝန္ရွိသူမ်ားသည္ စာေျဖဆိုမည့္ ရန္ကုန္ေက်ာင္းတိုက္တြင္ (၈၅)ႀကိမ္ေျမာက္ရွမ္းျပည္နယ္လုံးဆိုင္ရာ ဝိနယာဒိႏုဂၢဟစာေလွ်ာက္ေမးပြဲႀကီး ထီးျဖဴေတာ္ဖြင့္ပူေဇာ္ရန္အတြက္ေရာက္ရွိေနရာယူကာ အင္းေလးေဒသေကလာေက်ာ္ဆရာေတာ္ဘဒၵႏၲေကာဝိဒအရွင္ျမတ္က (၈၅)ႀကိမ္ေျမာက္ရွမ္းျပည္နယ္လုံးဆိုင္ရာ ဝိနယာဒိႏုဂၢဟစာေလွ်ာက္ေမးပြဲႀကီးအခမ္းအနားဖြင့္ ေဇယ်သိဒၶိမဂၤလာအခါေတာ္ ၾကားေလွ်ာက္ထားလႊာကို ဖတ္ေလွ်ာက္ၿပီး (မဟာနာယကဆရာေတာ္ႀကီးကထီးျဖဴေတာ္ ဖြင့္ေတာ္မူရန္ေခါင္းေလာင္းေခါက္၍ အခ်က္ေပးသည့္အခါ) ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ တာဝန္ရွိသူမ်ားက ထီးျဖဴေတာ္ဖြင့္ၾကၿပီး ဝိနယာဒိႏုဂၢဟစာျပန္ပြဲေတာ္ႀကီးသံဃဩဝါဒခံ ဗဟိုဦးစီးအဖြဲ႕တြဲဘက္အတြင္းေရးမႉးဦးကံေကာင္းက ဝိနယာဒိႏုဂၢဟစာျပန္ပြဲေတာ္ႀကီး ဗဟိုသံဃာဝန္ေဆာင္အဖြဲ႕အက်ိဳးေတာ္ေဆာင္ခ်ဳပ္လႈိင္ၾကဴစာသင္တိုက္နာယကဆရာေတာ္ ဘဒၵႏၲဣႏၵကထံ ေမးခြန္းေသတၱာကိုဆက္ကပ္ၿပီး ေတာင္ႀကီးၿမိဳ႕ မူလမင္းကြန္းေက်ာင္းတိုက္ ျပည္နယ္သံဃနာယကဥကၠ႒ ဆရာေတာ္အဂၢမဟာပ႑ိတဘဒၵႏၲပညာသိရီက ျမန္မာဘာသာပအိုဝ္းဘာသာမ်ားျဖင့္ စာေမးပြဲေျဖဆိုသူလိုက္နာရန္စည္းကမ္း ခ်က္မ်ားကိုစာေျဖသံဃေတာ္မ်ားအား ရွင္းလင္းေလွ်ာက္ထားေၾကာင္းသိရသည္။

အဆိုပါ (၈၅)ႀကိမ္ေျမာက္ရွမ္းျပည္နယ္လုံးဆိုင္ရာ ဝိနဟာဒိႏုဂၢဟစာပြဲေတာ္ႀကီးတြင္ စာရင္းသြင္း(၃၃၉၅)ပါး၊ ပ်က္ (၃၃၇)ပါး၊ ေျဖဆို(၃၀၅၈)ပါးရွိေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09 250132943

(Unicode)++

(၈၅)ကြိမ်မြောက်ရှမ်းပြည်နယ်လုံးဆိုင်ရာဝိနယာဒိနုဂ္ဂဟာစာလျှောက်မေးပွဲတော်ကြီးထီးဖြူတော်ဖွင့်ပူဇော်ပွဲကျင်းပ 

ညောင်ရွှေ ဇွန်    -    ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့ သဒ္ဓမ္မဋိတိခဏ္ဍသိမ်တော်၌ဇွန်(၁၄)ရက် နံနက်(၁၀)နာရီက (၈၅)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာဝိနယာဒိနုဂ္ဂဟာစာလျှေက်မေးပွဲတော်အတွက်အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် ဆရာတော်သံဃတော်များဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ရှမ်း ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာယနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓစရုမဟာရဋ္ဌဂုရုမိုင်းသောက်ဆရာတော်ကြီးထံ ငါးပါး သီလဆောက်တည်ကြကာ ဆရာတော်သံဃတော်များရွတ်ပွားသရဇ္စျယ်သော တရားတော်များနာကြား၍ အလှူငွေများပေးအပ် လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအလှူငွေကျပ်(၂၀)သိန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မိသားစုမှ အလှူငွေကျပ်(၃)သိန်း ပေးအပ်လှူဒါန်းပေးကြရာ တာဝန်ရှိသူတစ်ဦးမှလက်ခံရယူပြီး အနုမောဒါနတရားနာကြား ကာရေစက်သွန်းချအမျှပေးဝေကြ၍ ဆရာတော်သံဃတော်များအား နေ့ဆွမ်းဆက်ကပ်ကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် စာဖြေဆိုမည့် ရန်ကုန်ကျောင်းတိုက်တွင် (၈၅)ကြိမ်မြောက်ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာလျှောက်မေးပွဲကြီး ထီးဖြူတော်ဖွင့်ပူဇော်ရန်အတွက်ရောက်ရှိနေရာယူကာ အင်းလေးဒေသကေလာကျော်ဆရာတော်ဘဒ္ဒန္တကောဝိဒအရှင်မြတ်က (၈၅)ကြိမ်မြောက်ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယာဒိနုဂ္ဂဟစာလျှောက်မေးပွဲကြီးအခမ်းအနားဖွင့် ဇေယျသိဒ္ဓိမင်္ဂလာအခါတော် ကြားလျှောက်ထားလွှာကို ဖတ်လျှောက်ပြီး (မဟာနာယကဆရာတော်ကြီးကထီးဖြူတော် ဖွင့်တော်မူရန်ခေါင်းလောင်းခေါက်၍ အချက်ပေးသည့်အခါ) ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက ထီးဖြူတော်ဖွင့်ကြပြီး ဝိနယာဒိနုဂ္ဂဟစာပြန်ပွဲတော်ကြီးသံဃဩဝါဒခံ ဗဟိုဦးစီးအဖွဲ့တွဲဘက်အတွင်းရေးမှူးဦးကံကောင်းက ဝိနယာဒိနုဂ္ဂဟစာပြန်ပွဲတော်ကြီး ဗဟိုသံဃာဝန်ဆောင်အဖွဲ့အကျိုးတော်ဆောင်ချုပ်လှိုင်ကြူစာသင်တိုက်နာယကဆရာတော် ဘဒ္ဒန္တဣန္ဒကထံ မေးခွန်းသေတ္တာကိုဆက်ကပ်ပြီး တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ပြည်နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပညာသိရီက မြန်မာဘာသာပအိုဝ်းဘာသာများဖြင့် စာမေးပွဲဖြေဆိုသူလိုက်နာရန်စည်းကမ်း ချက်များကိုစာဖြေသံဃတော်များအား ရှင်းလင်းလျှောက်ထားကြောင်းသိရသည်။

အဆိုပါ (၈၅)ကြိမ်မြောက်ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနဟာဒိနုဂ္ဂဟစာပွဲတော်ကြီးတွင် စာရင်းသွင်း(၃၃၉၅)ပါး၊ ပျက် (၃၃၇)ပါး၊ ဖြေဆို(၃၀၅၈)ပါးရှိကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09 250132943

 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ျပည္သူ႔အတြက္ တတိယတစ္ႏွစ္တာကာလ ေဆာင္႐ြက္ခ်က္မ်ားႏွင့္ပတ္သက္၍ သတင္းစာရွင္းလင္းပြဲက်င္းပ

ေတာင္ႀကီး ဇြန္-၁၄

131

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ျပည္သူ႔အတြက္ တတိယတစ္ႏွစ္တာကာလအတြင္း ေဆာင္႐ြက္ခ်က္ မ်ားႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲကို ဇြန္ ၁၄ ရက္ မြန္းလြဲ၂ နာရီက ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ ခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျပည္နယ္အတြင္း နယ္ေျမေဒသအားလုံး တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေစေရး ျပည္နယ္အတြင္း ေဒသမ်ားအၾကား ဘက္ညီမွ်တစြာ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ စီးပြားေရးအေျခခံ ေကာင္းမ်ားရရွိေစေရး၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ သဘာဝသယံဇာတအရင္းအျမစ္မ်ားကို ေရရွည္ထိန္းသိမ္းေရးႏွင့္ အက်ိဳးရွိဆုံးျဖစ္ေစေရးအတြက္ မွ်တမွန္ကန္စြာ စိစစ္အသုံးျပဳေရး၊ ျပည္နယ္ အတြင္း စဥ္ဆက္မျပတ္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေစေရး၊ ျပည္သူကိုဗဟိုျပဳ၍ အားလုံးပါဝင္ေစေရးစသည့္ မူဝါဒမ်ားအေပၚ အေျခခံၿပီး ျပည္နယ္အစိုးရအေနျဖင့္ ႏွစ္အလိုက္ေဆာင္႐ြက္ရမည့္ ဦးစားေပး ရည္မွန္းခ်က္မ်ား၊ လုပ္ငန္းစဥ္မ်ား ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ သတင္း မီဒီယာမ်ားအား ေျပာၾကားလိုသည္မွာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ၏ ၂၀၁၈-၂၀၁၉ တတိယတစ္ႏွစ္တာ ကာလအတြင္း ျပဳျပင္ေျပာင္းလဲေရးေဆာင္႐ြက္ခ်က္မ်ားႏွင့္စပ္လ်ဥ္းၿပီး အခ်ိဳ႕က႑မ်ားတြင္ အားသာခ်က္ မ်ား ေတြ႕ရွိမည္ျဖစ္သကဲ့သို႔ အခ်ိဳ႕က႑မ်ားတြင္ အားနည္းခ်က္မ်ားလည္း ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ တတိယတစ္ႏွစ္တာကာလတြင္ ေတြ႕ရွိၾကရသည့္ အားသာခ်က္၊ အားနည္းခ်က္မ်ားကို နမူနာယူ၍ လာမည့္ ၂၀၁၉− ၂၀၂၀ စတုတၳတစ္ႏွစ္တာကာလအတြင္း ျပည္နယ္အစိုးရအဖြဲ႕၏ မူဝါဒႏွင့္အညီ ရည္မွန္းခ်က္၊ လုပ္ငန္းတာဝန္မ်ားကို ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ၿပီး သတင္းမီဒီယာဌာနမ်ားအေနျဖင့္ မ႑ိဳင္(၃)ရပ္၏ ေဆာင္႐ြက္ခ်က္မ်ားကို အျပန္အလွန္ နားလည္မႈမ်ားႏွင့္ အမ်ားျပည္သူအက်ိဳးစီးပြား ဆိုသည့္ အေျခခံအေပၚမူတည္ကာ အျပဳသေဘာေဆာင္ေသာ သတင္းမ်ား၊ သတင္းဓာတ္ပုံ/ ဗီဒီယိုမ်ား ေရးသား႐ိုက္ကူးေဖာ္ျပၾကရန္ အေလးနက္တိုက္တြန္းေျပာၾကားသြားသည္။

ဆက္လက္၍ သတင္းမီဒီယာဌာနမ်ားျဖစ္သည့္ ေ႐ႊႀတိဂံတိုင္း၊ ကေမာၻဇတိုင္း၊ ျမန္မာႏိုင္ငံ သတင္းစာဆရာအသင္း၊ The People Voice၊ DVD၊ ျမန္မာတိုင္း၊ Sky Net၊ Weekly Eleven၊ Cherry FM၊ သံလြင္ေသြးခ်င္း၊ MRTV NRC၊ ေ႐ႊေမာင္းဂ်ာနယ္၊ သွ်မ္းသံေတာ္ဆင့္၊ MNTV၊ ေတာင္ႀကီး ဂ်ာနယ္၊ 7 Day Daily သတင္းမီဒီယာဌာနမ်ားမွ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ သိရွိလိုသည့္ ေမးခြန္းမ်ားေမးျမန္းၾကရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာ ျပည္နယ္အဆင့္ ဌာနဆိုင္ရာမ်ားမွ ျပန္လည္ေျဖၾကားၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

09250132943

(Unicode)+++

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

တောင်ကြီး ဇွန်-၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက် များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇွန် ၁၄ ရက် မွန်းလွဲ၂ နာရီက တောင်ကြီးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ်အတွင်း နယ်မြေဒေသအားလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခများချုပ်ငြိမ်းစေရေး ပြည်နယ်အတွင်း ဒေသများအကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးအခြေခံ ကောင်းများရရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းရေးနှင့် အကျိုးရှိဆုံးဖြစ်စေရေးအတွက် မျှတမှန်ကန်စွာ စိစစ်အသုံးပြုရေး၊ ပြည်နယ် အတွင်း စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်စေရေးစသည့် မူဝါဒများအပေါ် အခြေခံပြီး ပြည်နယ်အစိုးရအနေဖြင့် နှစ်အလိုက်ဆောင်ရွက်ရမည့် ဦးစားပေး ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်း မီဒီယာများအား ပြောကြားလိုသည်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၏ ၂၀၁၈-၂၀၁၉ တတိယတစ်နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး အချို့ကဏ္ဍများတွင် အားသာချက် များ တွေ့ရှိမည်ဖြစ်သကဲ့သို့ အချို့ကဏ္ဍများတွင် အားနည်းချက်များလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ တတိယတစ်နှစ်တာကာလတွင် တွေ့ရှိကြရသည့် အားသာချက်၊ အားနည်းချက်များကို နမူနာယူ၍ လာမည့် ၂၀၁၉− ၂၀၂၀ စတုတ္ထတစ်နှစ်တာကာလအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒနှင့်အညီ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး သတင်းမီဒီယာဌာနများအနေဖြင့် မဏ္ဍိုင်(၃)ရပ်၏ ဆောင်ရွက်ချက်များကို အပြန်အလှန် နားလည်မှုများနှင့် အများပြည်သူအကျိုးစီးပွား ဆိုသည့် အခြေခံအပေါ်မူတည်ကာ အပြုသဘောဆောင်သော သတင်းများ၊ သတင်းဓာတ်ပုံ/ ဗီဒီယိုများ ရေးသားရိုက်ကူးဖော်ပြကြရန် အလေးနက်တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ သတင်းမီဒီယာဌာနများဖြစ်သည့် ရွှေတြိဂံတိုင်း၊ ကမ္ဘောဇတိုင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ The People Voice၊ DVD၊ မြန်မာတိုင်း၊ Sky Net၊ Weekly Eleven၊ Cherry FM၊ သံလွင်သွေးချင်း၊ MRTV NRC၊ ရွှေမောင်းဂျာနယ်၊ သျှမ်းသံတော်ဆင့်၊ MNTV၊ တောင်ကြီး ဂျာနယ်၊ 7 Day Daily သတင်းမီဒီယာဌာနများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများမေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ပြန်လည်ဖြေကြားကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates