Articles


တောင်ကြီး အောက်တိုဘာ - ၎

182






Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် စာပေဆိုင်ရာပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်

တောင်ကြီး အောက်တိုဘာ - ၄

ရိုးရာမပျက်အစဉ်အလာဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသော ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို မကြာမီ နိုဝင်ဘာလတွင်ကျင်းပတော့မည်၊ တောင်ကြီးမြို့တော်၏ တန်ဆောင်တိုင် ပွဲတော်တွင် နှစ်စဉ်ပြိုင်ပွဲများဖြစ်သည့် မီးပုံးပျံ နေ့လွှတ်၊ ညလွှတ်၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ မဟာဘုံကထိန် လှည့်လည်ခြင်း၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲစသည့် ခေါင်းစဉ်များဖြင့် ပြိုင်ပွဲများကျင်းပလေ့ရှိရာ ယခုနှစ်တွင် စာပေနှင့်သက်ဆိုင်သည့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်းပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ်အပြင် မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်ဖြစ်သည် နှင့်အညီ ပွဲတော်နှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာ အထောက်အထားများ၊ အခိုင်အမာဖြစ်ပေါ်လာစေရန်အတွက်  အများပြည်သူများနှင့် ခရီးသွားဧည့်သည်များမှ ပွဲတော်နှင့်ပတ်သက်သည့်အကြောင်းအရာများအား သိရှိနိုင်စေရန် အတွက် စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ယခုကဲ့သို့စာပေနှင့်သက်ဆိုင်သည့် ပြိုင်ပွဲများအား ထည့်သွင်းကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

စာပေနှင့်သက်ဆိုင်သည့်ပြိုင်ပွဲစည်းကမ်းချက်များ သတ်မှတ်ခြင်း၊ စာမူများဖိတ်ခေါ်ခြင်း၊ ပြိုင်ပွဲခေါင်းစဉ် များ သတ်မှတ်ပေးခြင်း၊ အမှတ်ပေးစည်းမျဉ်းသတ်မှတ်ခြင်း၊ ဆုရရှိသူများအား ထုတ်ပြန်ကြေငြာခြင်း၊ တင်ပြခြင်း၊ မှတ်တမ်းပြုစုခြင်း စသည့်လုပ်ငန်းတာဝန်များသတ်မှတ်ဆွေးနွေးခြင်းကို လုပ်ငန်းကော်မတီက အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် စာပေနှင့်သက်ဆိုင်သည့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်းပြိုင်ပွဲများအတွက် စာမူများကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(သို့မဟုတ်) This email address is being protected from spambots. You need JavaScript enabled to view it. သို့ပေးပို့ရမည်ဖြစ်ပြီး ဆုရရှိသူများအား နိုဝင်ဘာလ ၁၄ ရက်တွင် ကြေငြာသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)



181





Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂

နှစ်စဉ်နှစ်တိုင်းအောက်တိုဘာလ (၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် သတ်မှတ်ထားသည့် ၁၉၉၉ ခုနှစ်က စ၍ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကို နှစ်စဉ်မပျက်မကွက်ကျင်းပခဲ့ပြီးဖြစ်ရာ ယခုဆိုလျင် နှစ်(၂၀)တိုင်ရှိပြီးဖြစ်ရာ တောင်ကြီးမြို့၊ မြို့လယ်ဓမ္မာရုံတွင် အဆိုပါအခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။ 

မြန်မာနိုင်ငံ၏လူဦးရေ(၅၃)သန်းခန့်ရှိသည့်အနက် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အို အရေအတွက် သည် ၄.၉ သန်းခန့်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၉.၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် လူဦးရေ ၁၁ ဦးတွင် တစ်ဦးသည် သက်ကြီးရွယ်အိုများဖြစ်ပြီး ဘိုးစဉ်ဘောင်ဆက် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားလာခဲ့သော မြန်မာ နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးက သက်ကြီးရွယ်အိုများ၏ ဘဝသာယာချမ်းမြေ့စေရန် ချမှတ်ထားခဲ့သော အခြေခံမူ (၅)ရပ်တွင် အမှီအခိုကင်းပြီးလွတ်လပ်ခွင့်အပြည့်အဝရရှိရန်၊ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန်၊ အပြန်အလှန် ကူညီဆောင်ရွက်မှုပြုကြရန်၊ မိမိကိုယ်တိုင်ဖြည့်စွမ်းနိုင်ရန်၊ ဂုဏ်သိက္ခာရှိရှိရပ်တည်ခွင့်ရရှိရန် ဆိုသည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အခြေခံအုတ်မြစ်ဖြစ်သော သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေတွင် ထည့်သွင်း ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးအနေဖြင့် ၂၀၁၇ ဧပြီလမှ ၂၀၁၈ စက်တင်ဘာလအထိ ဘိုးဘွားဦးရေး(၁၀၂၃၇)ဦးအား စုစုပေါင်းကျပ်(၂၆၈.၁၁၂)သန်းအား ဆဌမအကြိမ်မြောက်အထိထောက်ပံ့ပေးအပ် နိုင်ခဲ့ပြီး၊ ၂၀၁၈ အောက်တိုဘာလမှစ၍ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား ဆက်လက် ထောက်ပံ့ပေးသွားမည်ဟု ဘိုးဘွားများကိုယ်စား ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက် ကြောင်း၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် ၂၂ ရပ်ကွက်နှင့် အေးသာယာမြို့တို့မှ အသက် ၈၇ နှစ်နှင့်အထက် အဘိုးအဘွားစုစုပေါင်း(၃၃၈)ဦးအနက် အခမ်းအနားသို့ တက်ရောက်လာသည့် အဘိုးအဘွား ၈၇ ဦးကို ဂုဏ်ပြုပူဇော်သွားမည်ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကပြောကြားသွားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဘိုးအဘွားများအား ပူဇော်ကန်တော့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဇနီးဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများတို့မှ ဘိုးဘွားများအား ပူဇော်ကန်တော့်ငွေ၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြကာ အဘိုးအဘွားများ၏ကိုယ်စား အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာပို့သပေးကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)



180






ပြန်/ဆက်ဦးစီးဌာန

၀၉-၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၅၄)နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၁

နှစ်စဉ် အောက်တိုဘာလ(၁)ရက်နေ့ရောက်တိုင်းမြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် အခမ်းအနားများကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပလျက် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဓိက ရည်မှန်းချက် တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး တို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် တပ်ဖွဲ့ဝင်အဆင့်ဆင့်၏ ပူးပေါင်းအားနှင့် ဆောင်ရွက်ခဲ့ရာ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် အရေးကြီးကြသော နိုင်ငံတော်အဆင့် အကြီးအကဲခရီးစဉ်များ၊ နိုင်ငံတကာခေါင်းဆောင် ခရီးစဉ်များ၊ ကမ္ဘာ့အဆင့်အစည်းအဝေးများကို လုံခြုံရေးစည်းမကျိုးပေါက် စေဘဲ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြသလို သာမာန်ရဲတပ်ဖွဲ့ဝင်များ၏ လက်လှမ်းမမှီနိုင်သော မတူကွဲပြားသည့် တာဝန်နှင့် ပြည်သူတွေသာမက ပြည်ပဧည့်သည်များဘေးကင်းလုံခြုံစွာ သွားလာနိုင်ရန် လုံခြုံမှုအပြည့်အဝပေးနိုင်ရန် လေကြောင်း၊ ရေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာ့လှည့်ခရီးသည်များထိန်းသိမ်းစောင့်ရှောက်ရေးရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့များ ဖွဲ့စည်းထားရှိပြီး တပ်ဖွဲ့အချင်းချင်းချိတ်ဆက်ဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်(၄)ဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူ ပြည်သူ (၄)ဦးအား ဂုဏ်ပြုလက်မှတ်များချီးမြှင့်ရာ လ-၂၀၈၆၈၅ တပ်ကြပ်ကြီးစိန်ပေါလ် မူးယစ်တပ်ဖွဲ့စု(၂၇)အမှုထမ်းကောင်း လက်မှတ်၊ ဦးမျိုးမြင့်နိုင်၊ ပင်လောင်ကြီးအရှေ့ရွာ၊ ပင်လောင်းမြို့နယ် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ လ-၂၉၄၆၂၆ ရဲအုပ်ထွန်းမြတ်ဦး မူးယစ်တပ်ဖွဲ့စု(၂၅)အမှုထမ်းကောင်း လက်မှတ်၊ ဒုတပ်ရင်းမှူး ဦးမောင်မောင်တင် အရန်မီးသတ်(ကလော) ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူတို့ကို ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ဆုများချီးမြှင့်၍လည်းကောင်း၊ လ-၁၉၈၅၆၆ ရဲအုပ် စိုင်းရှုအောင် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ အမှုထမ်ကောင်းလက်မှတ်၊ ဦးကိုကိုမောင် အေးသာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဂုဏ်ပြု မှတ်တမ်းလွှာရရှိသူတို့ကို ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ လ-၁၄၀၄၄၀ ဒုရဲအုပ်ကျော်တင့် ညောင်ရွှေမြို့နယ်ရဲတပ်ဖွဲ့ အမှုထမ်းကောင်း လက်မှတ်၊ ဦးဘိုဖြူ စိန်ပန်းရပ်ကွက်နယ်မြေမှူး ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူတို့ကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့မှ အသီးသီး ဆုချီးမြှင့်ပေးကြသည်။

ဆက်လက်၍ ရဲတပ်ဖွဲ့ဆောင်ရွက်ချက်မှတ်တမ်းတင် ဗီဒီယိုမှတ်တမ်းတင်ကလစ်ပြသခြင်းနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်ချက်ခင်းကျင်းပြသထားသည်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ပြန်/ဆက်ဦးစီးဌာန

၀၉-၂၅၀၁၃၂၉၄၃

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 29 guests and no members online

Latest Updates