Articles

ရှမ်းပြည်နယ် စီမံကိန်းဦးစီးဌာန ၂၀၁၃ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး   ဇူလိုင်   ၂၇

 

4

 

5

 

   ရှမ်းပြည်နယ် စီမံကိန်းဦးစီးဌာန၏ ၂၀၁၃ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၂၇)ရက် နေ့လည်(၁)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်စီမံကိန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင် နှင့် စီမံကိန်းဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးက လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

   ထို့နောက် ပြည်နယ်စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၁၃ ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ တွဲဖက်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။

 

   ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး   ဇူလိုင်  ၂၇

 

1

 

2

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်(၂၇)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးစိုင်းခမ်းမှတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆုရ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

 

   အခမ်းအနားတွင် အထက(၄)မှ ကျောင်း " မြန်မာ့ကျောင်း " သီချင်းဖြင့် သီဆို ဖျော်ဖြေပြီး အခမ်းအနားစတင်ကျင်းပခဲ့သည်။

 

   ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က အမှာစကားပြောကြားပြီး၊ ဆုရ မြို့နယ်/ကျောင်း နှင့် ကျောင်းသား/သူများကို အသီးသီးဆုချီးမြှင့်ခဲ့သည်။ ၎င်းနောက် (၆)ဘာသာဂုဏ်ထူး ထွက်ရှိအောင် သင်ကြားပို့ချပေးနိုင်သော ကျောင်းအုပ်ကြီးနှင့် ဆရာ/မများအား ဆုချီးမြှင့်ပေးခဲ့သည်။

 

   ထို့နောက် ရှမ်းပြည်နယ် ပညာရေးငွေပဒေသာပင်အတွက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

   ၎င်းနောက် ၂၀၁၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/သူများ ကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦး မှ ကျေးဇူးတင်စကားပြောကြားပြီး၊ အထက(၄)မှ ကျောင်းသား/သူများက " ဇာတိမာန် " သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

   ရှမ်းပြည်နယ်တွင် ၂၀၁၂-၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး မြို့နယ်ဆု ကလောမြို့နယ် ရရှိပြီး၊ ကျောင်းအဆင့် အောင်ချက်အနေဖြင့် အထက(၄)တောင်ကြီး (ပထမဆု)၊ အထက(၆)တောင်ကြီး (ဒုတိယဆု) နှင့် အထက(ခွဲ)မူဆယ် (တတိယဆု) အသီးသီးရရှိကြသည်။ ဂုဏ်ထူးရရှိမှုအနေဖြင့် (၆)ဘာသာ (၂၇)ဦး၊ (၅)ဘာသာ (၅၆)ဦး၊ (၄)ဘာသာ (၉၅)ဦး၊ (၃)ဘာသာ (၁၄၈)ဦး၊ (၂)ဘာသာ (၂၆၁)ဦး၊ (၁)ဘာသာ (၁၀၅၄)ဦး ရရှိခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ လမ်းလုပ်ငန်းများတွင် အသုံးပြုရန် ကတ္တရာ အိတ်ဖွင့်တင်ဒါ ရွေးချယ်ပွဲ ကျင်းပ

တောင်ကြီး  ဇူလိုင်  ၂၄

 

3

 

   ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ရှမ်းပြည်နယ်၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရမှ စီမံခန့်ခွဲမည့် လမ်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လမ်းခင်းကတ္တရာ အိတ်ဖွင့်တင်ဒါ ရွေးချယ်ပွဲကို ဇူလိုင်(၂၄)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

 

   ထို့နောက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ပြည်နယ်အင်ဂျင်နီယာမှူးကြီး ဦးတိုးခိုင်က ကတ္တရာ အိတ်ဖွင့်တင်ဒါ စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကတ္တရာ ဝယ်ယူပေးသွင်းမည့် ကုမ္ပဏီ(၈)ခုမှ တာဝန်ရှိသူများက ကတ္တရာ အိတ်ဖွင့်တင်ဒါများ တင်သွင်းကြသည်။

 

   အဆိုပါ တင်ဒါရွေးချယ်ပွဲသို့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တင်ဒါစိစစ်ရေးကော်မတီဝင်များ၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ ပြည်နယ်အင်ဂျင်နီယာမှူးကြီးနှင့် တာဝန်ရှိသူများ၊ တင်ဒါတင်သွင်းသည့် ကတ္တရာ ဝယ်ယူပေးသွင်းမည့် ကုမ္ပဏီ(၈)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သမဝါယမဦးစီးဌာန၊ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး  ဇူလိုင်  ၂၆

 

1

 

   ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၏ ၂၀၁၃-ခုနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်(၂၆)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

 

  ထို့နောက် ပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက ပြည်နယ်အတွင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း/အရှေ့ပိုင်း/မြောက်ပိုင်း)အသင်းစုချုပ် ဥက္ကဌများက ရှင်းလင်းတင်ပြကြသည်။

 

   ၎င်းနောက် တက်ရောက်လာကြသည့် လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ် ဦးစီးအရာရှိများ၊ မြို့နယ်အသင်းစုချုပ် ဥက္ကဌများက အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 46 guests and no members online

Latest Updates