Articles

ႏွစ္(၇၀)ျပည့္ ပအိုဝ္းအမ်ိဳးသားေန႔က်င္းပ

ေတာင္ႀကီး မတ္ - ၂၀

53

ႏွစ္(၇၀)ျပည့္ ပအိုဝ္းအမ်ိဳးသားေန႔ကို မတ္ ၂၀ ရက္ ညေန ၆ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ကံႀကီးရပ္ကြက္ရွိ ပအိုဝ္းအမ်ိဳးသားဘက္စုံဖြံ႕ၿဖိဳးေရးကြင္း (ဒဲဥ္သီးေဗြကြင္း)၌ က်င္းပရာ ဖြင့္ပြဲအခမ္းအနားကို ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္လင္းေအာင္၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ ဥကၠဌ ဦးခြန္စံလြင္၊ ပြဲေတာ္က်င္းပေရးေကာ္မတီ ဥကၠဌ ဦးခြန္ဝင္းကို တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။

ဆက္လက္၍ ပင္ေလာင္း၊ ေနာင္တရား ယဥ္ေက်းမႈအကအဖြဲ႕မွ ခမ္းရန္ဆား သီခ်င္းျဖင့္ ကျပဖြင့္လွစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ ဦးမင္းဝင္းခိုင္သန္း၊ တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးႏိုင္သက္လြင္၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ဥကၠဌ ဦးေအာင္ခမ္းထီး၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီတို႔မွ ပအိုဝ္းအမ်ိဳးသားေန႔သို႔ ေပးပို႔ေသာ သဝဏ္လႊာမ်ားကို ပြဲေတာ္က်င္းပေရးေကာ္မတီမွ တာဝန္ရွိသူအသီးသီးတို႔မွ ဖတ္ၾကားၾကသည္။ 

ထို႔ေနာက္ ပြဲေတာ္က်င္းပေရးေကာ္မတီဥကၠဌ ဦးခြန္ဝင္းကိုမွ ႀကိဳဆိုႏႈတ္ဆက္ျခင္းႏွင့္ ေက်းဇူးတင္စကား ေျပာၾကားၿပီး ေတာင္ႀကီးၿမိဳ႕ ပအိုဝ္းယဥ္ေက်းမႈအကအဖြဲ႕မွ တီးရီးရီးေခ်ာ့ အကျဖင့္ ကျပေဖ်ာ္ေျဖ၍ ပြဲေတာ္က်င္းပ ေရး ေကာ္မတီဥကၠဌမွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ အေရွ႕ပိုင္း တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားကို လက္ေဆာင္မ်ားႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ကာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္မွ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ လႉဒါန္းေသာ အလႉေငြက်ပ္သိန္း (၃၀)ကို ေပးအပ္လႉဒါန္းရာ ပြဲေတာ္က်င္းပေရးေကာ္မတီဥကၠဌ ဦးခြန္ဝင္းကိုမွ လက္ခံရယူ ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ကျင်းပ

တောင်ကြီး မတ် - ၂၀

နှစ်(၇၀)ပြည့် ပအိုဝ်းအမျိုးသားနေ့ကို မတ် ၂၀ ရက် ညနေ ၆ နာရီခွဲက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း)၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးခွန်ဝင်းကို တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပင်လောင်း၊ နောင်တရား ယဉ်ကျေးမှုအကအဖွဲ့မှ ခမ်းရန်ဆား သီချင်းဖြင့် ကပြဖွင့်လှစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမင်းဝင်းခိုင်သန်း၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်ဥက္ကဌ ဦးအောင်ခမ်းထီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီတို့မှ ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာများကို ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူအသီးသီးတို့မှ ဖတ်ကြားကြသည်။ 

ထို့နောက် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးခွန်ဝင်းကိုမှ ကြိုဆိုနှုတ်ဆက်ခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားပြီး တောင်ကြီးမြို့ ပအိုဝ်းယဉ်ကျေးမှုအကအဖွဲ့မှ တီးရီးရီးချော့ အကဖြင့် ကပြဖျော်ဖြေ၍ ပွဲတော်ကျင်းပ ရေး ကော်မတီဥက္ကဌမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကို လက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၃၀)ကို ပေးအပ်လှူဒါန်းရာ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးခွန်ဝင်းကိုမှ လက်ခံရယူ ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

ရွမ္းျပည္နယ္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးက်င္းပ

ေတာင္ႀကီး       မတ္-၁၉

52

ရွမ္းျပည္နယ္လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖြဲ႕(၁/၂၀၁၉)အစည္းအေဝးကို မတ္(၁၉)ရက္ နံနက္(၉) နာရီခြဲက ေတာင္ႀကီးၿမိဳ႕ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌က်င္းပေၾကာင္းသိရသည္။

  ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ကမၻာတစ္ဝွမ္းတြင္ ႏွစ္စဥ္ ၂၀.၉ သန္းေသာ လူသားမ်ား အဓမၼခိုင္းေစခံေနရေၾကာင္း အျပည္ျပည္ဆိုင္ရာအလုပ္သမားအဖြဲ႕က ခန္႔မွန္းထားၿပီး ကုလသမဂၢမူးယစ္ေဆးဝါးႏွင့္ ျပစ္မႈဆိုင္ရာ႐ုံး (UNODC)၏ ထုတ္ျပန္ခ်က္အရ ကမၻာ့အႏွံအျပားျဖစ္ပြားေသာ လူကုန္ကူးမႈမ်ားမွ ႏွစ္စဥ္အေမရိကန္ေဒၚလာ ၁၅၀ ဘီလီယံအျမတ္အစြန္းရရွိေနေၾကာင္း၊ လူကုန္ကူးမႈပုံစံမ်ားကို လိင္ပိုင္းဆိုင္ရာေခါင္းပုံျဖတ္မႈ ၅၄  ၊ အဓမၼခိုင္းေစမႈ ၃၈ ၊ အျခားပုံစံ ၈  ပါဝင္ေၾကာင္း ေဖာ္ျပထားၿပီး လူကုန္ကူးခံရသူမ်ားကို ခြဲျခားစိစစ္ခဲ့ရာ အမ်ိဳးသမီးပါဝင္မႈ ၈၂.၂၇ ၊ ကေလးသူငယ္အမ်ိဳးသမီးပါဝင္မႈ ၉.၄၅ ၊ ကေလးသူငယ္အမ်ိဳးသားပါဝင္မႈ ၃.၄၅ ၊ အမ်ိဳးသား ၁၇.၂၇  လူကုန္ကူးခံေနရသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ လူကုန္ကူးခံရမႈျဖစ္စဥ္မ်ားကို ေလ့လာရာ၌ ပုံစံ (၅)မ်ိဳးေတြ႕ရွိရၿပီး အဓမၼအလုပ္ခိုင္းေစျခင္း၊ အဓမၼ ထိမ္းျမားလက္ထက္ျခင္း၊ လိင္ပိုင္းဆိုင္ရာေခါင္းပုံျဖတ္ျခင္း၊ အဓမၼေမြးစားျခင္းႏွင့္ ေႂကြးၿမီျဖင့္ ေႏွာင္ဖြဲ႕ခိုင္းေစျခင္း တို႔ျဖစ္ပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္ ကိန္းဂဏန္းမ်ားအရ တ႐ုတ္ႏိုင္ငံသို႔ ၁၄.၃၄ ၊ ထိုင္းႏိုင္ငံသို႔ ၄.၃၇ ၊ မေလးရွား ႏိုင္ငံသို႔ ၀.၂၉  ဦးတည္ျဖစ္ပြားမႈမ်ားေတြ႕ရွိရၿပီး ျပည္တြင္းလူကုန္ကူးမႈ ၂၁.၂၈  ျဖစ္ပြားလ်က္ရွိေၾကာင္း ေတြ႕ရွိ ရပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ လူကုန္ကူးမႈေဖာ္ထုတ္အေရးယူမႈအေနျဖင့္ ၂၀၁၈ ခုႏွစ္မွ ယေန႔အထိ လူကုန္ကူးမႈ ၂၅၄ မႈ၊ လူကုန္ကူးခံရသူ ၃၈၃ ဦး၊ လူကုန္ကူးသူတရားခံ ၇၅၇ ဦးတို႔ကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း၊ ရွမ္းျပည္နယ္အတြင္း တြင္ ၂၀၁၈ ခုႏွစ္မွ ယေန႔အထိ လူကုန္ကူးမႈ ၆၉ မႈ၊ လူကုန္ကူးခံရသူ ၁၀၁ ဦးတို႔ကို ကယ္တင္ႏိုင္ခဲ့ကာ လူကုန္ကူးသူတရားခံ ၂၁၈ ဦးတို႔ကို ေဖာ္ထုတ္အေရးယူႏိုင္ခဲ့ေၾကာင္း၊ လူကုန္းကူးခံရသူမ်ား ေထာက္ပံ့ႏိုင္ရန္ အတြက္ သယ္ယူပို႔ေဆာင္စရိတ္၊ အစားအစာႏွင့္ရိကၡာ၊ ေဆးဝါးကုသစရိတ္၊ ကယ္ဆယ္ေရး၊ ေစာင့္ေရွာက္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးစရိတ္မ်ားအား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ ရန္ပုံေငြမွ က်ခံသုံးစြဲလ်က္ ရွိရာ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွ ၂၀၁၉ ခုႏွစ္ မတ္လ ၁၅ ရက္ေန႔အထိ ရွမ္းျပည္နယ္အတြင္း လူကုန္ကူးခံ ရသူ ၁၆ ဦးအတြက္ စုစုေပါင္းေငြက်ပ္ ၁၂၂ သိန္းအား ေထာက္ပံ့ေပးႏိုင္ခဲ့ေၾကာင္း၊ ယေန႔အစည္းအေဝးကို တက္ေရာက္လာၾကသည့္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ဝင္မ်ားအားလုံးအေနျဖင့္ လူကုန္ကူးမႈတိုက္ဖ်က္ ေရး တတိယ (၅)ႏွစ္စီမံကိန္း (၂၀၁၇-၂၀၂၁)ပါ ေဆာင္႐ြက္ရမည့္ က႑အလိုက္လုပ္ငန္းစဥ္မ်ားအေပၚ ေအာင္ျမင္ ေအာင္ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားရန္ႏွင့္ ႏွစ္စဥ္ စက္တင္ဘာလ ၁၃ ရက္ေန႔တြင္ က်ေရာက္ မည့္ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အခမ္းအနားကို ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ အားလုံး ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္ ေျပာၾကားသြားသည္။

    ဆက္လက္၍ ရွမ္းျပည္နယ္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠ႒ ရွမ္းျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး လွဦးမွ ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး အတြင္းေရးမႉး ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ ယာယီရဲမႉးခ်ဳပ္ေဇာ္ခင္ေအာင္မွ ေဆြးေႏြးတင္ျပကာ တက္ေရာက္လာသည့္ ျပည္နယ္အဆင့္လူကုန္ကူးမႈ တားဆီး ကာကြယ္ေရးအဖြဲ႕ဝင္မ်ားမွမိမိတို႔လုပ္ငန္းမ်ားအေပၚေဆာင္႐ြက္ခ်က္မ်ားအားေဆြးေႏြးတင္ျပၾကသည္။

ထို႔ေနာက္ရွမ္းျပည္နယ္အတြင္းရွိ တက္ေရာက္လာၾကသည့္ ခ႐ိုင္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠ႒မ်ားမွ ခ႐ိုင္အလိုက္ ရွင္းလင္းတင္ျပၿပီး လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွရဲမႉး ေအာင္လြင္က ရွမ္းျပည္နယ္အတြင္း လူကုန္ကူးမႈတိုက္ဖ်က္ေရးေဆာက္႐ြက္ခ်က္မ်ား လူကုန္ကူးမႈတားဆီးကာကြယ္ေရးဗဟိုအဖြဲ႕ မွ ဖြဲ႕စည္းတာဝန္ေပးအပ္ထားသည့္ ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္အဆင့္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕မ်ား ဖြဲ႕စည္းထားရွိမႈႏွင့္ရပ္ကြက္/ေက်း႐ြာလူကုန္ကူးမႈေစာင့္ၾကည့္အဖြဲ႕မ်ား ဖြဲ႕စည္းတာဝန္ေပးအပ္ထားရွိမႈမ်ား ရွင္းလင္း ၿပီး အေထြေထြေဆြးေႏြးကာ ရွမ္းျပည္နယ္လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕ ဥကၠ႒ ရွမ္းျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မႉးႀကီး လွဦး ကနိဂုံးခ်ဳပ္စကားေျပာၾကားေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09 250132943

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး       မတ်-၁၉

ရှမ်းပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့(၁/၂၀၁၉)အစည်းအဝေးကို မတ်(၁၉)ရက် နံနက်(၉) နာရီခွဲက တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ၂၀.၉ သန်းသော လူသားများ အဓမ္မခိုင်းစေခံနေရကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့က ခန့်မှန်းထားပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့အနှံအပြားဖြစ်ပွားသော လူကုန်ကူးမှုများမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံအမြတ်အစွန်းရရှိနေကြောင်း၊ လူကုန်ကူးမှုပုံစံများကို လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု ၅၄  ၊ အဓမ္မခိုင်းစေမှု ၃၈ ၊ အခြားပုံစံ ၈  ပါဝင်ကြောင်း ဖော်ပြထားပြီး လူကုန်ကူးခံရသူများကို ခွဲခြားစိစစ်ခဲ့ရာ အမျိုးသမီးပါဝင်မှု ၈၂.၂၇ ၊ ကလေးသူငယ်အမျိုးသမီးပါဝင်မှု ၉.၄၅ ၊ ကလေးသူငယ်အမျိုးသားပါဝင်မှု ၃.၄၅ ၊ အမျိုးသား ၁၇.၂၇  လူကုန်ကူးခံနေရသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှုဖြစ်စဉ်များကို လေ့လာရာ၌ ပုံစံ (၅)မျိုးတွေ့ရှိရပြီး အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မ ထိမ်းမြားလက်ထက်ခြင်း၊ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း တို့ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ကိန်းဂဏန်းများအရ တရုတ်နိုင်ငံသို့ ၁၄.၃၄ ၊ ထိုင်းနိုင်ငံသို့ ၄.၃၇ ၊ မလေးရှား နိုင်ငံသို့ ၀.၂၉  ဦးတည်ဖြစ်ပွားမှုများတွေ့ရှိရပြီး ပြည်တွင်းလူကုန်ကူးမှု ၂၁.၂၈  ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိ ရပါကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုဖော်ထုတ်အရေးယူမှုအနေဖြင့် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးမှု ၂၅၄ မှု၊ လူကုန်ကူးခံရသူ ၃၈၃ ဦး၊ လူကုန်ကူးသူတရားခံ ၇၅၇ ဦးတို့ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း တွင် ၂၀၁၈ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးမှု ၆၉ မှု၊ လူကုန်ကူးခံရသူ ၁၀၁ ဦးတို့ကို ကယ်တင်နိုင်ခဲ့ကာ လူကုန်ကူးသူတရားခံ ၂၁၈ ဦးတို့ကို ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း၊ လူကုန်းကူးခံရသူများ ထောက်ပံ့နိုင်ရန် အတွက် သယ်ယူပို့ဆောင်စရိတ်၊ အစားအစာနှင့်ရိက္ခာ၊ ဆေးဝါးကုသစရိတ်၊ ကယ်ဆယ်ရေး၊ စောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေးစရိတ်များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ရန်ပုံငွေမှ ကျခံသုံးစွဲလျက် ရှိရာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ ရှမ်းပြည်နယ်အတွင်း လူကုန်ကူးခံ ရသူ ၁၆ ဦးအတွက် စုစုပေါင်းငွေကျပ် ၁၂၂ သိန်းအား ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များအားလုံးအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက် ရေး တတိယ (၅)နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁)ပါ ဆောင်ရွက်ရမည့် ကဏ္ဍအလိုက်လုပ်ငန်းစဉ်များအပေါ် အောင်မြင် အောင် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် နှစ်စဉ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက် မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

    ဆက်လက်၍ ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးချုပ်ဇော်ခင်အောင်မှ ဆွေးနွေးတင်ပြကာ တက်ရောက်လာသည့် ပြည်နယ်အဆင့်လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ဝင်များမှမိမိတို့လုပ်ငန်းများအပေါ်ဆောင်ရွက်ချက်များအားဆွေးနွေးတင်ပြကြသည်။

ထို့နောက်ရှမ်းပြည်နယ်အတွင်းရှိ တက်ရောက်လာကြသည့် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ ခရိုင်အလိုက် ရှင်းလင်းတင်ပြပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှရဲမှူး အောင်လွင်က ရှမ်းပြည်နယ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆောက်ရွက်ချက်များ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့်ရပ်ကွက်/ကျေးရွာလူကုန်ကူးမှုစောင့်ကြည့်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုများ ရှင်းလင်း ပြီး အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှဦး ကနိဂုံးချုပ်စကားပြောကြားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09 250132943

 

ရွမ္းျပည္နယ္ လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းအား ေအာင္ႏိုင္ေရးအလံေပးအပ္

ေတာင္ႀကီး မတ္ - ၁၈

51

၂၀၁၉ ခုႏွစ္ မတ္လ ၂၁ ရက္ေန႔တြင္က်င္းပျပဳလုပ္မည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အသက္(25) ႏွစ္ေအာက္အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ရွမ္းျပည္နယ္လက္ေ႐ြးစင္ အမ်ိဳးသမီး ေဘာလုံးအသင္းအား ေအာင္ႏိုင္ေရးအလံေပးအပ္ပြဲအခမ္းအနားကို မတ္လ ၁၇ ရက္ နံနက္ ၁၁ နာရီခြဲက ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္၊ ျပည္နယ္အားကစားႏွင့္ကာပညာဦးစီးဌာန႐ုံးဝန္းရွိ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ၊ ေလးထပ္ေဆာင္ခန္းမ၌က်င္းပခဲ့ေၾကာင္းသိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ၊ ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ၿပိဳင္ပြဲတိုင္းတြင္ အႏိုင္ရရွိၿပီး ရွမ္းျပည္နယ္ဂုဏ္ေဆာင္အားကစားသမား မ်ားျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္သြားႏွင့္ ၿပိဳင္ပြဲဝင္မ်ား စည္းလုံးညီၫြတ္စြာႏွင့္ အားကစားစိတ္ဓာတ္ အျပည့္ျဖင့္ ယွဥ္ၿပိဳင္သြားၾကရန္ မွာၾကားခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီ ဥကၠဌ၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေအာင္ႏိုင္ေရးအလံအား အသင္းအုပ္ခ်ဳပ္သူႏွင့္ အသင္းနည္းျပခ်ဳပ္ထံသို႔ ေပးအပ္ၿပီး ေဘာလုံးအသင္းသားမ်ားႏွင့္အတူ ဂုဏ္ျပဳေန႔လည္စာအား အတူ တကြသုံးေဆာင္ၾကသည္။

  အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီ ဥကၠဌ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္း၊ ဒုတိယၫႊန္ၾကားေရမႉး ဦးတင္ထြန္း၊ ရွမ္းျပည္နယ္ေဘာလုံးဆပ္ေကာ္မတီ ဥကၠဌ ဦးခင္ေမာင္လြင္ႀကီး၊ အမ်ိဳးသမီးလက္ေ႐ြးစင္ေဘာလုံးအသင္း အုပ္ခ်ဳပ္သူ၊ အသင္းနည္းျပခ်ဳပ္ႏွင့္ အသင္း သားမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ၊ ျပည္နယ္လူမႈေရး ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အားကစားႏွင့္ကာယပညာဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္း ႏွင့္အဖြဲ႕ဝင္မ်ားသည္ ျပည္နယ္အားကစားကြင္းႀကီး၌ ကြင္းမ်က္ႏွာျပင္ေျမၫွိျခင္း၊ ျမက္ကပ္ျခင္း၊ ေဆးဖ်န္း၊ ေရေလာင္းျခင္းမ်ား ျပဳျပင္ေဆာင္႐ြက္ေနမႈအား ၾကည့္႐ႈစစ္ေဆးရာ လိုအပ္သည္မ်ား မွာၾကား ခဲ့ေၾကာင္းသိရသည္။ အဆိုပါျပည္နယ္အားကစားကြင္းမွာ ၆၅  ရာခိုင္ႏႈန္းၿပီးစီးကာ မတ္လကုန္အတြင္း အၿပီး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

အစရ(ရွမ္း)

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

တောင်ကြီး မတ် - ၁၈

 

၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(25) နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက် နံနက် ၁၁ နာရီခွဲက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာပညာဦးစီးဌာနရုံးဝန်းရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၊ လေးထပ်ဆောင်ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိပြီး ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမား များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားနှင့် ပြိုင်ပွဲဝင်များ စည်းလုံးညီညွတ်စွာနှင့် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အောင်နိုင်ရေးအလံအား အသင်းအုပ်ချုပ်သူနှင့် အသင်းနည်းပြချုပ်ထံသို့ ပေးအပ်ပြီး ဘောလုံးအသင်းသားများနှင့်အတူ ဂုဏ်ပြုနေ့လည်စာအား အတူ တကွသုံးဆောင်ကြသည်။

  အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေမှူး ဦးတင်ထွန်း၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဌ ဦးခင်မောင်လွင်ကြီး၊ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ အသင်းနည်းပြချုပ်နှင့် အသင်း သားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အားကစားကွင်းကြီး၌ ကွင်းမျက်နှာပြင်မြေညှိခြင်း၊ မြက်ကပ်ခြင်း၊ ဆေးဖျန်း၊ ရေလောင်းခြင်းများ ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ မှာကြား ခဲ့ကြောင်းသိရသည်။ အဆိုပါပြည်နယ်အားကစားကွင်းမှာ ၆၅  ရာခိုင်နှုန်းပြီးစီးကာ မတ်လကုန်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕ႏွင့္ ေတြ႕ဆုံ

ေတာင္ႀကီး မတ္ - ၁၅

50

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္းတို႔သည္ မတ္ ၁၄ ရက္ မြန္းလြဲ ၂ နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး Call  ခန္းမတြင္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕ႏွင့္ ေတြ႕ဆုံေၾကာင္း သိရသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕မွ ရွမ္းျပည္နယ္တြင္ အဓိက ေဆာင္႐ြက္မည့္လုပ္ငန္းမ်ားကို လာေရာက္ရွင္းျပျခင္းျဖစ္ပါေၾကာင္း၊ ျပည္ေထာင္စုအဆင့္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ သကဲ့သို႔ ရွမ္းျပည္နယ္တြင္လည္း ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ အကူအညီေပးရန္အတြက္ အကူအညီ လိုသူမ်ားကို မည္ကဲ့သို႔ ကူညီရန္ ေျပာလိုပါေၾကာင္း၊ ရခိုင္ျပည္နယ္တြင္ ေဆာင္႐ြက္သကဲ့သို႔ ရွမ္းျပည္နယ္တြင္ လည္း အစိုးရအဖြဲ႕မွ လမ္းၫႊန္မႈေပးၿပီး ေဆာင္႐ြက္လိုပါေၾကာင္း၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သီေပါၿမိဳ႕တြင္ စစ္ေဘးေရွာင္မ်ားကို ကူညီေဆာင္႐ြက္လိုေၾကာင္း ေဆြးေႏြးသြားေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ယခုကဲ့သို႔ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕မွ ရွမ္းျပည္နယ္၏အခ်က္အလက္မ်ားကို ျပည္စုံစြာ ရွင္းျပ သည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ မတ္လ (၁) ရက္ေန႔က ရွမ္းျပည္နယ္အစိုးရအဖြဲ႕သည္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)ကို သြားေရာက္ခဲ့ပါေၾကာင္း၊ နမၼတူႏွင့္ သီေပါစစ္ေဘးေရွာင္ကိုလည္း ေရာက္ရွိခဲ့ပါေၾကာင္း၊ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC)အဖြဲ႕၏ ကူညီေထာက္ပံ့မႈမ်ားကိုလည္း ရရွိပါေၾကာင္း ေျပာၾကား သြားသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

၀၉၂၅၀၁၃၂၉၄၃

(Unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အဖွဲ့နှင့် တွေ့ဆုံ

တောင်ကြီး မတ် - ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့သည် မတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး Call  ခန်းမတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်တွင် အဓိက ဆောင်ရွက်မည့်လုပ်ငန်းများကို လာရောက်ရှင်းပြခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်နှင့် ပူးပေါင်းဆောင်ရွက် သကဲ့သို့ ရှမ်းပြည်နယ်တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကူအညီပေးရန်အတွက် အကူအညီ လိုသူများကို မည်ကဲ့သို့ ကူညီရန် ပြောလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်သကဲ့သို့ ရှမ်းပြည်နယ်တွင် လည်း အစိုးရအဖွဲ့မှ လမ်းညွှန်မှုပေးပြီး ဆောင်ရွက်လိုပါကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့တွင် စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်လိုကြောင်း ဆွေးနွေးသွားကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့မှ ရှမ်းပြည်နယ်၏အချက်အလက်များကို ပြည်စုံစွာ ရှင်းပြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မတ်လ (၁) ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ကို သွားရောက်ခဲ့ပါကြောင်း၊ နမ္မတူနှင့် သီပေါစစ်ဘေးရှောင်ကိုလည်း ရောက်ရှိခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)အဖွဲ့၏ ကူညီထောက်ပံ့မှုများကိုလည်း ရရှိပါကြောင်း ပြောကြား သွားသည်။

မောင်မောင်သန်း (တောင်ကြီး)

၀၉၂၅၀၁၃၂၉၄၃

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 63 guests and no members online

Latest Updates