Articles

ျပည္နယ္လူမႈေရးဝန္ႀကီးမွ ရွမ္းျပည္နယ္အားကစားကြင္း ျပဳျပင္ေနမႈမ်ားအား ကြင္းဆင္းၾကည့္႐ႈစစ္ေဆး

ေတာင္ႀကီး ေဖေဖာ္ဝါရီ - ၂၅

29

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္းႏွင့္အတူ ေဖေဖာ္ဝါရီ ၂၅ နံနက္ ၉ နာရီခြဲက ရွမ္းျပည္နယ္အတြင္းရွိ ေဆာက္လုပ္ေရးကုမၸဏီမ်ားမွ လႉဒါန္းေသာ (ရန္ပုံေငြျဖင့္) ရွမ္းျပည္နယ္ အားကစားကြင္း အဆင့္ျမႇင့္တင္ျပဳျပင္ျခင္းလုပ္ငန္း ေဆာင္႐ြက္ေနမႈမ်ားအား လွည့္လည္ၾကည့္႐ႈ စစ္ေဆးခဲ့ရာ ျပည္နယ္လူမႈေရးဝန္ႀကီးက စံခ်ိန္စံၫႊန္းျပည့္မွီစြာျဖင့္ သတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္ ေဆာင္႐ြက္ေပးၾကရန္ မွာၾကားခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်လူမှုရေးဝန်ကြီးမှ ရှမ်းပြည်နယ်အားကစားကွင်း ပြုပြင်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဖေဖော်ဝါရီ - ၂၅

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့်အတူ ဖေဖော်ဝါရီ ၂၅ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်အတွင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီများမှ လှူဒါန်းသော (ရန်ပုံငွေဖြင့်) ရှမ်းပြည်နယ် အားကစားကွင်း အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ ပြည်နယ်လူမှုရေးဝန်ကြီးက စံချိန်စံညွှန်းပြည့်မှီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

၁၆ ကုတင္ဆံ႔မိုင္းပ်ဥ္းေက်းရြာအုပ္စု၊ ဖာလဲတိုက္နယ္ေဆးရံုပႏၷက္ရိုက္မဂၤလာက်င္းပ

ေတာင္ႀကီး ေဖေဖာ္၀ါရီ - ၂၅

28

က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၊ ကုသေရးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ခြင့္ျပဳရန္ပံုေငြျဖင့္ ၁၆ ကုတင္ ဆ႔ံတိုက္နယ္ေဆးရံုတည္ေဆာက္ရန္ပႏၷက္ရိုက္မဂၤလာအခမ္းအနားကို ေဖေဖာ္ဝါရီ ၂၃ ရက္ နံနက္ ၉ နာရီက ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပံုးၿမိဳ႕နယ္၊ မိုင္းပ်ဥ္းေက်းရြာအုပ္စု၊ ဖာလဲေက်းရြာ အဆိုပါေဆးရံုတည္ ေဆာက္မည့္ေနရာ၌က်င္းပခဲ႔ေၾကာင္းသိရသည္။ 

ပထမဦးစြာရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္လူမႈေရး၀န္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ပအို၀္းကိုယ္ပို္င္အုပ္ခ်ဳပ္ခြင့္ရ ေဒသဦးစီးအဖြဲ႔ဥကၠ႒ဦးခြန္စံလြင္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ဦးခြန္ေမာင္ျဖဴႏွင့္တာဝန္ရွိသူတို႕က သတ္မွတ္ေနရာ မ်ားတြင္ေနရာယူ၍ မဂၤလာခ်ိန္က်ေရာက္သည္ႏွင့္ပႏၷက္ တိုင္မ်ားရိုက္ေပးခဲ႔ေၾကာင္းသိရသည္။ ဆက္လက္၍ ဆိုဒ္တာဝန္ခံ ဦးေဆြဖုန္းက (၁၆)ကုတင္ဆံ႔တိုက္နယ္ေဆးရံုတည္ေဆာက္ေရးဆိုင္ရာမ်ားနွင့္ဝန္ထမ္း၊ ဆရာဝန္၊ သူျပဳဆရာမမ်ား၏ အိမ္ရာမ်ား တည္ေဆာက္မည့္ပံုစံမ်ားကိုရွင္းလင္းျပသရာ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ဳိးထြန္းက လိုအပ္သည္မ်ား လမ္းညြန္မွာၾကားခဲ႔ေၾကာ င္းသိရသည္။

အဆိုပါ မိုင္းပ်ဥ္းေက်းရြာအုပ္စု၊ ဖာလဲတိုက္နယ္ (၁၆)ကုတင္ဆံ႔ေဆးရံုကိုၿမိဳ႕ ျပႏွင့္အလွမ္း ကြာသည့္ေက်းလက္ေန ေဒသခံျပည္သူမ်ား က်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္ေရးအတြက္ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၊ ကုသေရးဦး စီးဌာန၏၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ခြင့္ျပဳရန္ပံုေငြ (၆၃၈.၃)သန္းျဖင့္ Shan Home Land ေဆာက္လုပ္ေရး ကုမၸဏီမွ တာ၀န္ ယူေဆာက္ရြက္သြားမည္ျဖစ္ၿပီး၊ ေဆးရံုမွာ အလ်ား(၁၄၁)ေပ၊ အနံ(၁၄၁)ေပရွိ RCတစ္ထပ္ ပင္မအေဆာက္အဦ၊ (၂)ခန္းတြဲ၊ ဆရာ၀န္ေနအိမ္ (၃)ခန္းတြဲ၊ ၀န္ထမ္းအိမ္ရာ၊ (၄)ခန္းတြဲသူနာျပဳအိမ္ရာႏွင့္ (၄)ခန္းတြဲ၀န္ ထမ္းအိမ္ရာတို႔ ပါရွိေၾကာင္းသိရသည္။

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၁၆ ကုတင်ဆံ့မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲတိုက်နယ်ဆေးရုံပန္နက်ရိုက်မင်္ဂလာကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ - ၂၅

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၁၆ ကုတင် ဆံ့တိုက်နယ်ဆေးရုံတည်ဆောက်ရန်ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲကျေးရွာ အဆိုပါဆေးရုံတည် ဆောက်မည့်နေရာ၌ကျင်းပခဲ့ကြောင်းသိရသည်။ 

ပထမဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပအိုဝ်းကိုယ်ပ်ိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးခွန်မောင်ဖြူနှင့်တာဝန်ရှိသူတို့က သတ်မှတ်နေရာ များတွင်နေရာယူ၍ မင်္ဂလာချိန်ကျရောက်သည်နှင့်ပန္နက် တိုင်များရိုက်ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဆိုဒ်တာဝန်ခံ ဦးဆွေဖုန်းက (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံတည်ဆောက်ရေးဆိုင်ရာများနှင့်ဝန်ထမ်း၊ ဆရာဝန်၊ သူပြုဆရာမများ၏ အိမ်ရာများ တည်ဆောက်မည့်ပုံစံများကိုရှင်းလင်းပြသရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြော င်းသိရသည်။

အဆိုပါ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲတိုက်နယ် (၁၆)ကုတင်ဆံ့ဆေးရုံကိုမြို့ ပြနှင့်အလှမ်း ကွာသည့်ကျေးလက်နေ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦး စီးဌာန၏၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ (၆၃၈.၃)သန်းဖြင့် Shan Home Land ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန် ယူဆောက်ရွက်သွားမည်ဖြစ်ပြီး၊ ဆေးရုံမှာ အလျား(၁၄၁)ပေ၊ အနံ(၁၄၁)ပေရှိ RCတစ်ထပ် ပင်မအဆောက်အဦ၊ (၂)ခန်းတွဲ၊ ဆရာဝန်နေအိမ် (၃)ခန်းတွဲ၊ ဝန်ထမ်းအိမ်ရာ၊ (၄)ခန်းတွဲသူနာပြုအိမ်ရာနှင့် (၄)ခန်းတွဲဝန် ထမ်းအိမ်ရာတို့ ပါရှိကြောင်းသိရသည်။

အစရ(ရှမ်း)

 

ျပည္နယ္လူမႈေရးဝန္ႀကီးမွ ေက်ာင္းေဆာင္သစ္ေဆာက္လုပ္ေနမႈအား ကြင္းဆင္းစစ္ေဆး

ေတာင္ႀကီး ေဖေဖာ္ဝါရီ -၂၂

27

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ စည္ပင္သာယာေရး ဒုတိယအင္ဂ်င္နီယာမႉးႀကီး ဦးေဇာ္ေဇာ္ထြန္းႏွင့္ အဖြဲ႕တို႔သည္ ရွမ္းခ်ယ္ရီေတာင္တန္း ေဆာက္လုပ္ေရးကုမၸဏီမွ တာဝန္ယူေဆာက္လုပ္လၽွက္ရွိေသာ အမွတ္(၁၀)အေျခခံပညာမူလတန္းေက်ာင္း ေတာင္ႀကီး၊ ေက်ာင္းေဆာင္သစ္ေဆာက္လုပ္ေရး လုပ္ငန္းခြင္သို႔  ယေန႔ မြန္းလြဲ ၂ နာရီခြဲတြင္ သြားေရာက္စစ္ေဆးခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္နယ္လူမႈေရးဝန္ႀကီးမွ ပညာေရးဌာနႏွင့္ေဆာက္လုပ္ေရးကုမၸဏီမွ တာဝန္ရွိသူတို႔အား လိုအပ္ခ်က္ မ်ားျဖည့္ဆည္းေဆာင္႐ြက္ထားရန္ႏွင့္ စံခ်ိန္စံၫႊန္းျပည့္မွီ စြာျဖင့္ သတ္မွတ္ကာလအမွီ ၿပီးစီးေရးအတြက္ တည္ေဆာက္ေရးလုပ္ငန္းအဆင့္တိုင္းအား ၿမိဳ႕နယ္အရည္အေသြး စစ္ေဆးေရးအဖြဲ႕က စစ္ေဆးႏိုင္ေအာင္ ပညာေရးဌာနႏွင့္ ကုမၸဏီတို႔မွ ႀကီးၾကပ္ေဆာင္႐ြက္ သြားရန္ မွာၾကားခဲ့ေၾကာင္းသိရသည္။ 

အစရ(ရွမ္း)

Unicode++++++++++++++++++++++++++++++++++++++

ပြည်နယ်လူမှုရေးဝန်ကြီးမှ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

တောင်ကြီး ဖေဖော်ဝါရီ -၂၂

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် စည်ပင်သာယာရေး ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဇော်ဇော်ထွန်းနှင့် အဖွဲ့တို့သည် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျှက်ရှိသော အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း တောင်ကြီး၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့  ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးမှ ပညာရေးဌာနနှင့်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့အား လိုအပ်ချက် များဖြည့်ဆည်းဆောင်ရွက်ထားရန်နှင့် စံချိန်စံညွှန်းပြည့်မှီ စွာဖြင့် သတ်မှတ်ကာလအမှီ ပြီးစီးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းအဆင့်တိုင်းအား မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့က စစ်ဆေးနိုင်အောင် ပညာရေးဌာနနှင့် ကုမ္ပဏီတို့မှ ကြီးကြပ်ဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်းသိရသည်။ 

အစရ(ရှမ်း)

 

 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး တည္ေဆာက္ေရးလုပ္ငန္းမ်ားအား ကြင္းဆင္းစစ္ေဆး

သီေပါ ေဖေဖာ္ဝါရီ -၂၀

25

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔သည္ ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔က သီေပါၿမိဳ႕၊ ေနာင္ခ်ိဳၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ မ်ားသို႔သြားေရာက္ကာ က်န္းမာေရး၊ အားကစားကြင္း ဆိုင္ရာတည္ေဆာက္ေရး လုပ္ငန္းခြင္မ်ားသို႔ တာဝန္ရွိသူမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးၿပီး တည္ေဆာက္ေရးလုပ္ငန္းမ်ား အခ်ိန္မီၿပီးစီးေရး၊စံခ်ိန္စံၫႊန္းျပည့္မီေရး၊ ေပါင္းစပ္ၫွိႏႈိင္းေဆာင္႐ြက္ေရး ကိစၥရပ္မ်ားကို တည္ေဆာက္ေရး ကုမၸဏီမ်ားမွ တာဝန္ရွိသူမ်ား၊ ဌာနဆိုင္ရာ အႀကီးအကဲမ်ား တို႔အား မွာၾကားခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔သည္ စည္ပင္သာယာေရးႏွင့္ က်န္းမာေရး ဌာနတို႔မွ သန္႔ရွင္းေရးဝန္ထမ္းမ်ားအား သီေပါေဆး႐ုံမွ ကာကြယ္ေဆးထိုးႏွံေပးမႈအား ၾကည့္႐ႈ အားေပးခဲ့ၿပီး၊ ေနာင္ခ်ိဳၿမိဳ႕နယ္မွ က်န္းမာေရး ဝန္ထမ္းမ်ားႏွင့္ ေတြ႕ဆုံကာ ျပည္သူလူထုယုံၾကည္ အားကိုးသည့္ ေဆး႐ုံ၊ ေဆးခန္းမ်ားျဖစ္ေအာင္ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ရန္ မွာၾကားခဲ့ေၾကာင္း သိရွိရသည္။

အစရ(ရွမ္း)

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

သီပေါ ဖေဖော်ဝါရီ -၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့က သီပေါမြို့၊ နောင်ချိုမြို့၊ ကျောက်မဲမြို့ များသို့သွားရောက်ကာ ကျန်းမာရေး၊ အားကစားကွင်း ဆိုင်ရာတည်ဆောက်ရေး လုပ်ငန်းခွင်များသို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊စံချိန်စံညွှန်းပြည့်မီရေး၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စရပ်များကို တည်ဆောက်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တို့အား မှာကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့သည် စည်ပင်သာယာရေးနှင့် ကျန်းမာရေး ဌာနတို့မှ သန့်ရှင်းရေးဝန်ထမ်းများအား သီပေါဆေးရုံမှ ကာကွယ်ဆေးထိုးနှံပေးမှုအား ကြည့်ရှု အားပေးခဲ့ပြီး၊ နောင်ချိုမြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်သူလူထုယုံကြည် အားကိုးသည့် ဆေးရုံ၊ ဆေးခန်းများဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

အစရ(ရှမ်း)

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 31 guests and no members online

Latest Updates