Articles

တိုင္းရင္းသားဘာသာစကား စြမ္းရည္ၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားက်င္းပ

ေတာင္ႀကီး ဧၿပီ ၂၉

80

ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံတိုင္းရင္းသားဘာသာစကားဦးစီးဌာန၊ တိုင္းရင္းသားဘာသာ စကား စြမ္းရည္ၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲကို ဧၿပီ ၂၉ ရက္ နံနက္ ၁၁ နာရီက ေတာင္ႀကီးၿမိဳ႕၊ အမွတ္(၄) အေျခခံ ပညာအထက္တန္းေက်ာင္း၌ က်င္းပေၾကာင္း သိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက အဖြင့္ အမွာစကားေျပာၾကားၿပီး တိုင္းရင္းသားဘာသာစကားစြမ္းရည္ၿပိဳင္ပြဲ ဆုရသူမ်ား၏ အမည္စာရင္း ေၾကျငာ ျခင္းႏွင့္ ဆုခ်ီးျမႇင့္ျခင္း က်င္းပရာ ရွမ္းဘာသာႏွင့္ ပအိုဝ္းဘာသာရပ္ Grade – 3 တြင္ ပထမ၊ ဒုတိယ၊ တတိယဆုရရွိခဲ့သူမ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းမွ လည္းေကာင္း၊ Grade – 2 တြင္ ပထမ၊ ဒုတိယ၊ တတိယဆုရရွိသူမ်ားကို ျမန္မာႏိုင္ငံတိုင္းရင္းသားဘာသာစကားဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ဦးေအာင္သူသူက လည္းေကာင္း၊ Grade – 1 တြင္ ပထမ၊ ဒုတိယ၊ တတိယဆုရရွိသူမ်ားကို တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာန၊ ျပည္နယ္တာဝန္ခံ ဦးစိုင္းဖုန္းေက်ာ္တို႔က လည္းေကာင္း အသီးသီးဆုခ်ီးျမႇင့္ေပးခဲ့ၾကသည္။

ထို႔ေနာက္ Grade – 1၊ Grade – 2၊ Grade – 3 တြင္ ေျဖဆိုသူမ်ားကို ဗဟိုရွမ္းစာေပႏွင့္ ယဥ္ေက်းမႈ အသင္းဥကၠဌ ဦးစိုင္းေမာင္တင္ႏွင့္ ပအိုဝ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းဥကၠဌတို႔က လက္ေဆာင္ပစၥည္း ေပးအပ္ရာ တာဝန္ရွိသူအသီးသီးက လက္ခံရယူၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

09250132943

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တိုင်းရင်းသားဘာသာစကား စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး ဧပြီ ၂၉

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ တိုင်းရင်းသားဘာသာ စကား စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့် အမှာစကားပြောကြားပြီး တိုင်းရင်းသားဘာသာစကားစွမ်းရည်ပြိုင်ပွဲ ဆုရသူများ၏ အမည်စာရင်း ကြေငြာ ခြင်းနှင့် ဆုချီးမြှင့်ခြင်း ကျင်းပရာ ရှမ်းဘာသာနှင့် ပအိုဝ်းဘာသာရပ် Grade – 3 တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူများကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လည်းကောင်း၊ Grade – 2 တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သူသူက လည်းကောင်း၊ Grade – 1 တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးစိုင်းဖုန်းကျော်တို့က လည်းကောင်း အသီးသီးဆုချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် Grade – 1၊ Grade – 2၊ Grade – 3 တွင် ဖြေဆိုသူများကို ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဌ ဦးစိုင်းမောင်တင်နှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌတို့က လက်ဆောင်ပစ္စည်း ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

ကမၻာ့က်န္းမာေရးေန႔အထိမ္းအမွတ္အခမ္းအနားႏွင့္ စံျပဆုမ်ား ေပးအပ္

ေတာင္ႀကီး ဧၿပီ ၂၆

79

၂၀၁၉ ခုႏွစ္ (၇၁)ႏွစ္ေျမာက္ ကမၻာ့က်န္းမာေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို ဧၿပီလ ၂၆ ရက္ နံနက္ ၈ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပေၾကာင္း သိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက အဖြင့္ အမွာစကားေျပာၾကားရာတြင္ ျပည္သူလူထုအက်ိဳးကို ေရွး႐ႈရန္ဆိုသည့္ ခိုင္မာေသာ သႏၶိဌာန္ခ်မွတ္ထား ပါက ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ေအာင္ျမင္မႈမ်ားကို မလဲမေသြရရွိမွာျဖစ္ပါေၾကာင္း၊ သတင္းအခ်က္ အလက္ႏွင့္ ေခတ္မီနည္းပညာမ်ားကို လက္လွန္းမီလာျခင္းမွာလည္း ျပည္သူလူထုထံသို႔ က်န္းမာေရးႏွင့္ သက္ဆိုင္ေသာ သတင္းအခ်က္အလက္မ်ား ပိုမိုေရာက္ရွိေစၿပီး ျပည္သူလူထုပူေပါင္းပါဝင္မႈကို ျမင့္မား ေအာင္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ပါေၾကာင္း၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ Mobile Tablet မ်ားကို ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ၇ ခုမွ က်န္မာေရးဝန္ထမ္းမ်ားသို႔ ျဖန္႔ေဝထားၿပီး မၾကာခင္ ရွမ္းျပည္နယ္ကိုလည္း ျဖန္႔ေဝေပးမည္ဟု ၾကားသိရပါေၾကာင္း၊ Mobile Tablet မ်ားႏွင့္ နည္းပညာသစ္မ်ား ကို ေလ့လာႏိုင္ယုံသာမက ဗဟိုမွ ေက်းလက္အထိ ဆက္သြယ္ေရးလမ္းေၾကာင္း ပိုမိလြယ္ကူသြားမည္ ျဖစ္ပါေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ ျပည္နယ္ဦးစီးမႉး ေဒါက္တာ သူဇာခ်စ္တင္က က်န္းမာေရးလုပ္ငန္းမ်ား စြမ္းေဆာင္ရည္ထူးခၽြန္ဆု ခ်ီးျမႇင့္ရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားသြားသည္။

ထို႔ေနာက္ ၂၀၁၉ ခုႏွစ္ စံျပၿမိဳ႕နယ္ေဆး႐ုံဆုရ ပင္ေလာင္းၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ ကြတ္ခိုင္ၿမိဳ႕ ျပည္သူ႕ ေဆး႐ုံ၊ မိုင္းတုံၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ စံျပတိုက္နယ္ေဆး႐ုံဆုရ ရပ္ေစာက္ၿမိဳ႕နယ္၊ ေက်ာက္ဂူတိုက္နယ္ေဆး႐ုံ၊ ကြတ္ခိုင္ၿမိဳ႕နယ္ တာမိုးညဲတိုက္နယ္ေဆး႐ုံ၊ မိုင္းေယာင္းၿမိဳ႕နယ္ မိုင္းယုတိုက္နယ္ေဆး႐ုံ၊ လုပ္ငန္းခြင္ စြမ္းေဆာင္ရည္ေကာင္းမြန္ေသာ ၿမိဳ႕နယ္ဆုရရွိေသာ ႐ြာငံၿမိဳ႕နယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ အတိုးတက္ဆုံး ၿမိဳ႕နယ္ဆုရရွိေသာ လဲခ်ားၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ ပန္ဆန္း (ပန္ခမ္း) ျပည္သူ႕ေဆး႐ုံ၊ မိုင္းခတ္ ၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ အတိုးတက္ဆုံး တိုက္နယ္ေဆး႐ုံဆုရရွိေသာ ကေလာၿမိဳ႕နယ္ ေဘာ္ဆိုင္းတိုက္နယ္ ေဆး႐ုံ၊ သိႏၷီၿမိဳ႕နယ္ နမ့္စလပ္တိုက္နယ္ေဆး႐ုံ၊ တာခ်ီလိတ္ၿမိဳ႕နယ္ တာေလတိုက္နယ္ေဆး႐ုံ၊ ေဆးကုသမႈ လုပ္ငန္းေဆာင္႐ြက္မႈထူးခၽြန္သည့္ ၿမိဳ႕နယ္ေဆး႐ုံဆုရရွိေသာ ဖယ္ခုံၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ ကြမ္းလုံၿမိဳ႕ ျပည္သူ႕ ေဆး႐ုံ၊ မိုင္းေယာင္းၿမိဳ႕ျပည္သူ႕ေဆး႐ုံ၊ ေဆးကုသူမႈ လုပ္ငန္းေဆာင္႐ြက္မႈထူးခၽြန္သည့္ တိုက္နယ္ေဆး႐ုံဆု ရရွိေသာ ပင္းတယၿမိဳ႕နယ္ မိုင္းအင္တိုက္နယ္ေဆး႐ုံ၊ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖက္ကာတိုက္နယ္ေဆး႐ုံ၊ မိုင္းပ်ဥ္းၿမိဳ႕နယ္ တုံတာတိုက္နယ္ေဆး႐ုံတို႔အား ျပည္နယ္စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ တာဝန္ရွိသူတို႔က ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ၾကၿပီး ၂၀၁၉ ခုႏွစ္ ကမၻာ့က်န္းမာေရးေန႔အထိမ္းအမွတ္ျပခန္းမ်ားအား ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က လွည့္လည္ၾကည့္႐ႈခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် စံပြဆုများ ပေးအပ်

တောင်ကြီး ဧပြီ ၂၆

 

၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဧပြီလ ၂၆ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့် အမှာစကားပြောကြားရာတွင် ပြည်သူလူထုအကျိုးကို ရှေးရှုရန်ဆိုသည့် ခိုင်မာသော သန္ဓိဌာန်ချမှတ်ထား ပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများကို မလဲမသွေရရှိမှာဖြစ်ပါကြောင်း၊ သတင်းအချက် အလက်နှင့် ခေတ်မီနည်းပညာများကို လက်လှန်းမီလာခြင်းမှာလည်း ပြည်သူလူထုထံသို့ ကျန်းမာရေးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ ပိုမိုရောက်ရှိစေပြီး ပြည်သူလူထုပူပေါင်းပါဝင်မှုကို မြင့်မား အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် Mobile Tablet များကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုမှ ကျန်မာရေးဝန်ထမ်းများသို့ ဖြန့်ဝေထားပြီး မကြာခင် ရှမ်းပြည်နယ်ကိုလည်း ဖြန့်ဝေပေးမည်ဟု ကြားသိရပါကြောင်း၊ Mobile Tablet များနှင့် နည်းပညာသစ်များ ကို လေ့လာနိုင်ယုံသာမက ဗဟိုမှ ကျေးလက်အထိ ဆက်သွယ်ရေးလမ်းကြောင်း ပိုမိလွယ်ကူသွားမည် ဖြစ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ သူဇာချစ်တင်က ကျန်းမာရေးလုပ်ငန်းများ စွမ်းဆောင်ရည်ထူးချွန်ဆု ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားသည်။

ထို့နောက် ၂၀၁၉ ခုနှစ် စံပြမြို့နယ်ဆေးရုံဆုရ ပင်လောင်းမြို့ ပြည်သူ့ဆေးရုံ၊ ကွတ်ခိုင်မြို့ ပြည်သူ့ ဆေးရုံ၊ မိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၊ စံပြတိုက်နယ်ဆေးရုံဆုရ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ဆေးရုံ၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲတိုက်နယ်ဆေးရုံ၊ မိုင်းယောင်းမြို့နယ် မိုင်းယုတိုက်နယ်ဆေးရုံ၊ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကောင်းမွန်သော မြို့နယ်ဆုရရှိသော ရွာငံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ အတိုးတက်ဆုံး မြို့နယ်ဆုရရှိသော လဲချားမြို့ ပြည်သူ့ဆေးရုံ၊ ပန်ဆန်း (ပန်ခမ်း) ပြည်သူ့ဆေးရုံ၊ မိုင်းခတ် မြို့ ပြည်သူ့ဆေးရုံ၊ အတိုးတက်ဆုံး တိုက်နယ်ဆေးရုံဆုရရှိသော ကလောမြို့နယ် ဘော်ဆိုင်းတိုက်နယ် ဆေးရုံ၊ သိန္နီမြို့နယ် နမ့်စလပ်တိုက်နယ်ဆေးရုံ၊ တာချီလိတ်မြို့နယ် တာလေတိုက်နယ်ဆေးရုံ၊ ဆေးကုသမှု လုပ်ငန်းဆောင်ရွက်မှုထူးချွန်သည့် မြို့နယ်ဆေးရုံဆုရရှိသော ဖယ်ခုံမြို့ ပြည်သူ့ဆေးရုံ၊ ကွမ်းလုံမြို့ ပြည်သူ့ ဆေးရုံ၊ မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၊ ဆေးကုသူမှု လုပ်ငန်းဆောင်ရွက်မှုထူးချွန်သည့် တိုက်နယ်ဆေးရုံဆု ရရှိသော ပင်းတယမြို့နယ် မိုင်းအင်တိုက်နယ်ဆေးရုံ၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတိုက်နယ်ဆေးရုံ၊ မိုင်းပျဉ်းမြို့နယ် တုံတာတိုက်နယ်ဆေးရုံတို့အား ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်ပြခန်းများအား ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 53 guests and no members online

Latest Updates