Articles

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ဆြစ္ဇာလန္သံ႐ုံး၏ သံ႐ုံးယာယီတာဝန္ခံျဖစ္သူ Mr. Giacomo Solari ေတြ႕ဆုံ

ေတာင္ႀကီး ဇူလိုင္   −   ၁၇

167

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္၊ အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္တို႔ႏွင့္အတူ ဇူလိုင္(၁၇)ရက္ ညေန(၃)နာရီက ရွမ္းျပည္နယ္အစိုးရ အဖြဲ႕႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္ Callခန္းမ၌ ဆြစ္ဇာလန္သံ႐ုံး၏ယာယီတာဝန္ခံျဖစ္သူ Mr. Giacomo Solari ဦးေဆာင္လ်က္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ဒုတိယအႀကီးအကဲျဖစ္သူ Mr. Mark Haeussermann ႏွင့္ National Project Officer ျဖစ္သူ ေဒၚအိသႏၲာလြင္လိုက္ပါလ်က္ လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအကူအညီေပးေရးဆိုင္ရာ ကိစၥရပ္ မ်ားႏွင့္ စပ္လ်ဥ္း၍ လာေရာက္ေတြ႕ဆုံေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ Mr. Giacomo Solari မွ ယခုလို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီး မ်ားႏွင့္ ေတြ႕ဆုံရသည့္အတြက္ဝမ္းသာပါေၾကာင္း၊ မိမိတို႔အဖြဲ႕ႏွင့္ မိတ္ဆက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ဆြစ္ဇာလန္ႏိုင္ငံသည္ ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ ၂၀၀၈ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ ပူးေပါင္းေဆာင္႐ြက္ေရးကို ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ က်န္းမာေရး၊ ပညာေရး စသည့္ အေဆာက္အဦးႏွင့္ ေက်ာင္းမ်ားကို ျပဳျပင္ျပန္လည္ေဆာင္႐ြက္ေပးေၾကာင္း၊ ၂၀၁၃ခုႏွစ္တြင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကိစၥရပ္မ်ားေဆာင္႐ြက္ၿပီး ၂၀၁၃ခုႏွစ္တြင္ သံ႐ုံးဖြင့္လွစ္ကာ ေမာ္လၿမိဳင္ၿမိဳ႕တြင္လည္း ႐ုံးဖြင့္လွစ္ၿပီး လုပ္ငန္းစတင္ခဲ့ပါေၾကာင္း၊ လုပ္ငန္းပထမပိုင္းတြင္ က်န္းမာေရး၊ ပညာေရးမ်ားကို စတင္အေကာင္အထည္ေဖာ္ၿပီး၊ စိုက္ေမြးပညာရပ္မ်ားကိုလည္း စီမံခ်က္ေရးဆြဲ၍ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အစိုးရေဒသအုပ္ခ်ဳပ္မႈေအာက္ႏွင့္ တိုင္းရင္းသား အုပ္ခ်ဳပ္မႈေအာက္တြင္ေဆာင္႐ြက္လ်က္ရွိၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားတြင္ပါဝင္ေဆာင္႐ြက္လ်က္ရွိၿပီး ဆြစ္ဇာလန္ႏိုင္ငံ၏ ပူးေပါင္းေဆာင္႐ြက္ေရးလုပ္ငန္းသည္ (၅)ႏွစ္တာစီမံကိန္းျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္လည္း တိုးခ်ဲ႕ေဆာင္႐ြက္ ရန္လ်ာထားပါေၾကာင္းႏွင့္ ရွမ္းျပည္နယ္တြင္ လူမႈေရးကိစၥရပ္မ်ားလည္း စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ႐ုံးမ်ား လည္းထားရွိပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္လည္း ေနာင္မ်ားတြင္မည္ကဲ့သို႔ေဆာင္႐ြက္ရန္ စီစဥ္ထားရွိမႈမ်ားကို တင္ျပလို ေၾကာင္း၊ အင္းေလးေဒသကိုေဆာင္႐ြက္ရန္လ်ာထားပါေသာ္လည္း အင္းေလးေဒသသည္ စီမံခ်က္မ်ားရွိပါေၾကာင္းႏွင့္ ေရေဝ ေရလဲေဒသႏွင့္ အျခားၿမိဳ႕နယ္မ်ားကို ေဆာင္႐ြက္ရန္ရွိပါေၾကာင္း၊ ဆြစ္ဇာလန္ႏိုင္ငံအျဖစ္ စီမံခ်က္မ်ားကို အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရာတြင္ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားႏွင့္ ေဒသမ်ားတြင္ လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ႏွင့္ ၿငိမ္းခ်မ္းေရးပိုမိုခိုင္မာ လာေအာင္ ပူးေပါင္းေဆာင္႐ြက္ရန္လိုပါေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဆွစ်ဇာလန်သံရုံး၏ သံရုံးယာယီတာဝန်ခံဖြစ်သူ Mr. Giacomo Solari တွေ့ဆုံ

တောင်ကြီး ဇူလိုင်   −   ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နှင့်အတူ ဇူလိုင်(၁၇)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် Callခန်းမ၌ ဆွစ်ဇာလန်သံရုံး၏ယာယီတာဝန်ခံဖြစ်သူ Mr. Giacomo Solari ဦးဆောင်လျက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယအကြီးအကဲဖြစ်သူ Mr. Mark Haeussermann နှင့် National Project Officer ဖြစ်သူ ဒေါ်အိသန္တာလွင်လိုက်ပါလျက် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ လာရောက်တွေ့ဆုံကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Giacomo Solari မှ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တွေ့ဆုံရသည့်အတွက်ဝမ်းသာပါကြောင်း၊ မိမိတို့အဖွဲ့နှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂၀၀၈ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး စသည့် အဆောက်အဦးနှင့် ကျောင်းများကို ပြုပြင်ပြန်လည်ဆောင်ရွက်ပေးကြောင်း၊ ၂၀၁၃ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ပြီး ၂၀၁၃ခုနှစ်တွင် သံရုံးဖွင့်လှစ်ကာ မော်လမြိုင်မြို့တွင်လည်း ရုံးဖွင့်လှစ်ပြီး လုပ်ငန်းစတင်ခဲ့ပါကြောင်း၊ လုပ်ငန်းပထမပိုင်းတွင် ကျန်းမာရေး၊ ပညာရေးများကို စတင်အကောင်အထည်ဖော်ပြီး၊ စိုက်မွေးပညာရပ်များကိုလည်း စီမံချက်ရေးဆွဲ၍ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရဒေသအုပ်ချုပ်မှုအောက်နှင့် တိုင်းရင်းသား အုပ်ချုပ်မှုအောက်တွင်ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဆွစ်ဇာလန်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းသည် (၅)နှစ်တာစီမံကိန်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်လည်း တိုးချဲ့ဆောင်ရွက် ရန်လျာထားပါကြောင်းနှင့် ရှမ်းပြည်နယ်တွင် လူမှုရေးကိစ္စရပ်များလည်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရုံးများ လည်းထားရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း နောင်များတွင်မည်ကဲ့သို့ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို တင်ပြလို ကြောင်း၊ အင်းလေးဒေသကိုဆောင်ရွက်ရန်လျာထားပါသော်လည်း အင်းလေးဒေသသည် စီမံချက်များရှိပါကြောင်းနှင့် ရေဝေ ရေလဲဒေသနှင့် အခြားမြို့နယ်များကို ဆောင်ရွက်ရန်ရှိပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံအဖြစ် စီမံချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် ဒေသများတွင် လုပ်ငန်းများဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာ လာအောင် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ဇူလိုင္- ၁၇

166

၂၀၁၉ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲကို ဇူလိုင္(၁၅)ရက္ မြန္းလြဲ(၂)နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္အားကစားကြင္း၌ က်င္းပသည္။

ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲတြင္ ေတာင္ႀကီးခ႐ိုင္အသင္းႏွင့္ ေက်ာက္မဲ ခ႐ိုင္အသင္း ယွဥ္ၿပိဳင္ကစားၾကရာ ေတာင္ႀကီးခ႐ိုင္အသင္းမွ အႏိုင္ရဗိုလ္စြဲသြားၿပီး၊ အားကစားယွဥ္ၿပိဳင္ေနမႈကို ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ တာဝန္ရွိသူတို႔က ၾကည့္႐ႈ အားေပးၾကသည္။

ဆက္လက္၍ ဆုခ်ီးျမႇင့္ပြဲက်င္းပရာ ပူးတြဲတတိယဆုရရွိေသာ လား႐ႈိးခ႐ိုင္အသင္းႏွင့္ လင္းေခးခ႐ိုင္အသင္းတို႔အား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၂)သိန္းစီကို ေတာင္ႀကီးစဝ္စံထြန္းေဆး႐ုံအုပ္ႀကီး ေဒါက္တာဦးျမင့္သိန္းႏွင့္ ျပည္နယ္ စီမံကိန္းေရးဆြဲေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးဦးသန္းေဇာ္တို႔မွ ဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ဒုတိယဆုရရွိေသာ ေက်ာက္မဲ ခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၅)သိန္းကို ျပည္နယ္ရသုံးမွန္းေျခ ေငြစာရင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးႏိုင္ႏိုင္ဝင္းမွ လည္းေကာင္း၊ ပထမဆုရရွိေသာ ေတာင္ႀကီးခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၇)သိန္းကို ေတာင္ႀကီးတကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ ေဒၚခ်ိဳခ်ိဳအိမွလည္းေကာင္း၊ ေနရာအလိုက္ အေကာင္းဆုံး ေဘာလုံးကစားသမား ဆုရရွိသူမ်ားအား ဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၅)ေသာင္းစီကို အားကစားႏွင့္ ကာယပညာသိပၸံ (ေတာင္ႀကီး) ေက်ာင္းအုပ္ႀကီးဦးသက္လြင္ဦးႏွင့္ ရွမ္းျပည္နယ္ေဘာလုံးဥကၠ႒ ဦးခင္ေမာင္လြင္ႀကီးတို႔မွ အသီးသီးဆုခ်ီးျမႇင့္ေပး ၾကသည္။

ထို႔ေနာက္ ပထမဆုရရွိေသာေတာင္ႀကီးခ႐ိုင္အသင္းအား တံခြန္စိုက္ဆုဖလားကို ရွမ္းျပည္နယ္ဝန္ႀကီးခ္်ဳပ(ကိုယ္စား) ျပည္နယ္လူမႈေရးဝန္ႀကီး အားကစားႏွင့္ ကာယပညာေကာ္မတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္းကခ်ီးျမႇင့္ေပးေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ 

တောင်ကြီး ဇူလိုင်- ၁၇

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၅)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် တောင်ကြီးခရိုင်အသင်းနှင့် ကျောက်မဲ ခရိုင်အသင်း ယှဉ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရဗိုလ်စွဲသွားပြီး၊ အားကစားယှဉ်ပြိုင်နေမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲတတိယဆုရရှိသော လားရှိုးခရိုင်အသင်းနှင့် လင်းခေးခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်းစီကို တောင်ကြီးစဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာဦးမြင့်သိန်းနှင့် ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဇော်တို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော ကျောက်မဲ ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သိန်းကို ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းမှ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၇)သိန်းကို တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ချိုချိုအိမှလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံး ဘောလုံးကစားသမား ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်းစီကို အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးဦးသက်လွင်ဦးနှင့် ရှမ်းပြည်နယ်ဘောလုံးဥက္ကဋ္ဌ ဦးခင်မောင်လွင်ကြီးတို့မှ အသီးသီးဆုချီးမြှင့်ပေး ကြသည်။

ထို့နောက် ပထမဆုရရှိသောတောင်ကြီးခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချု်ပ(ကိုယ်စား) ပြည်နယ်လူမှုရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းကချီးမြှင့်ပေးကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09−250132943

 

တီက်စ္ေက်ာက္မီးေသြးသုံး ေရေႏြးေငြ႕ဓါတ္အားေပးစက္႐ုံႏွင့္ ပတ္သက္၍ ပတ္ဝန္းက်င္ ထိခိုက္မႈဆန္းစစ္ျခင္း အစီရင္ခံစာ အား အမ်ားျပည္သူဖတ္႐ႈ သုံးသပ္အႀကံျပဳႏိုင္ရန္ ေၾကျငာျခင္း။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္၊ တီက်စ္ေက်း႐ြာအုပ္စု၊ ျပင္သာေက်း႐ြာအနီးတြင္ တည္ရွိေသာ တီက်စ္ေက်ာက္မီးေသြးသုံးဓါတ္အားေပးစက္႐ုံႏွင့္ ပတ္သက္၍ ပတ္ဝန္းက်င္ထိခိုက္မႈဆန္းစစ္ျခင္းအစီရင္ခံစာအား အမ်ားျပည္သူ ဖတ္႐ႈေလ့လာ သုံးသပ္အႀကံျပဳႏိုင္ရန္အတြက္ အစီရင္ခံစာႏွင့္အတူ အမ်ားျပည္သူ၏ သုံးသပ္အႀကံျပဳခ်က္မ်ား ေရးသြင္းရန္ပုံစံကို ေအာက္ေဖာ္ျပပါေနရာမ်ားတြင္ ထားရွိၿပီးျဖစ္ပါသည္။

၁။ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး၊ ပင္ေလာင္းၿမိဳ႕နယ္

၂။ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး႐ုံး၊ ေနာင္တရားၿမိဳ႕

၃။ တီက်စ္/ ဘန္းျပင္/ ဘုရားျဖဴ/ ျမင္းတြင္း ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ား

၄။ ျပည္သူ႕ဆက္ဆံေရး႐ုံး၊ တီက်စ္ေက်ာက္မီးေသြးသုံးေရေႏြးေငြ႕ဓါတ္အားေပးစက္႐ုံ

၅။ E Guard Enviromental Services ႐ုံး၊ အမွတ္(၁၁)၊ ေလဆိပ္ရိပ္သာလမ္း၊ (၁၀)မိုင္ကုန္း၊ အင္းစိတ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

၆။ http://www.eguardservices.com/disclosure တြင္လည္း download ရယူႏိုင္ပါသည္။

 

မွတ္ခ်က္ ။ အႀကံျပဳခ်က္ပုံစံမ်ားအား အထက္ေဖာ္ျပပါေနရာမ်ားတြင္ ရယူႏိုင္ၿပီး ယခုေၾကျငာၿပီး   (၁၄)ရက္အတြင္း ေနာက္ဆုံးထား၍ သုံးသပ္အႀကံျပဳခ်က္မ်ားကို  အထက္ပါေနရာမ်ားသို႔ ေပးပို႔ႏိုင္ပါသည္။

ဆက္သြယ္ရန္ စက္႐ုံမႉး ၀၉−၄၀၁၅၈၃၂၂၁

E-mail လိပ္စာ This email address is being protected from spambots. You need JavaScript enabled to view it.

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ အား အများပြည်သူဖတ်ရှု သုံးသပ်အကြံပြုနိုင်ရန် ကြေငြာခြင်း။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ ပြင်သာကျေးရွာအနီးတွင် တည်ရှိသော တီကျစ်ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာအား အများပြည်သူ ဖတ်ရှုလေ့လာ သုံးသပ်အကြံပြုနိုင်ရန်အတွက် အစီရင်ခံစာနှင့်အတူ အများပြည်သူ၏ သုံးသပ်အကြံပြုချက်များ ရေးသွင်းရန်ပုံစံကို အောက်ဖော်ပြပါနေရာများတွင် ထားရှိပြီးဖြစ်ပါသည်။

၁။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပင်လောင်းမြို့နယ်

၂။ မြို့အုပ်ချုပ်ရေးမှူးရုံး၊ နောင်တရားမြို့

၃။ တီကျစ်/ ဘန်းပြင်/ ဘုရားဖြူ/ မြင်းတွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ

၄။ ပြည်သူ့ဆက်ဆံရေးရုံး၊ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ဓါတ်အားပေးစက်ရုံ

၅။ E Guard Enviromental Services ရုံး၊ အမှတ်(၁၁)၊ လေဆိပ်ရိပ်သာလမ်း၊ (၁၀)မိုင်ကုန်း၊ အင်းစိတ်မြို့နယ်၊ ရန်ကုန်မြို့။

၆။ http://www.eguardservices.com/disclosure တွင်လည်း download ရယူနိုင်ပါသည်။

 

မှတ်ချက် ။ အကြံပြုချက်ပုံစံများအား အထက်ဖော်ပြပါနေရာများတွင် ရယူနိုင်ပြီး ယခုကြေငြာပြီး   (၁၄)ရက်အတွင်း နောက်ဆုံးထား၍ သုံးသပ်အကြံပြုချက်များကို  အထက်ပါနေရာများသို့ ပေးပို့နိုင်ပါသည်။

ဆက်သွယ်ရန် စက်ရုံမှူး ၀၉−၄၀၁၅၈၃၂၂၁

E-mail လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.

 

 

 

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြန္ဟိန္းၿမိဳ႕ ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ကြန္ဟိန္း ဇူလိုင္   −   ၁၂

165

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါလ်က္ ဇူလိုင္(၁၁)ရက္ နံနက္ပိုင္းက လၽွပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးလုပ္ငန္း ၃၃/၁၁ ေကဗြီ ၅ အမ္ဗြီေအ ကြန္ဟိန္း(ကာလိ) ဓာတ္အားခြဲ႐ုံ တည္ေဆာက္ေရးစီမံကိန္းသို႔ ဝင္ေရာက္ၾကည့္႐ႈ စစ္ေဆးခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူမ်ားသည္ ကြန္ဟိန္းၿမိဳ႕နယ္ ဝမ္ပန္ေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ ေဒသခံျပည္သူမ်ားအတြက္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္အတြက္ ေ႐ြ႕လ်ား ဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္ေနမႈသို႔ ေရာက္ရွိလာၿပီးေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ကြန္ဟိန္း ၿမိဳ႕နယ္၊ ဝမ္ပန္ၿမိဳ႕ရွိ ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္မ်ား၊ ရင္ဖြင့္စကားသံမ်ား ၾကားနာရန္အတြက္ ေဒသခံျပည္သူမ်ားႏွင့္ လာေရာက္ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ကြန္ဟိန္းၿမိဳ႕နယ္ ဝမ္ပန္ေက်း႐ြာရွိ ေဒသခံျပည္သူမ်ား၊ ရပ္မိရပ္ဖမ်ားမွ ေဒသ၏လိုအပ္ခ်က္ျဖစ္ေသာ အမႈိက္သယ္ယာဥ္၊ မီးသၿဂႋဳလ္စက္၊ လၽွပ္စစ္မီးပုံမွန္လင္းေရး၊ ၿမိဳ႕ေျမရပ္ကြက္အသစ္တိုးခ်ဲ႕ေရး၊ ပညာေရးအတြက္လိုအပ္လ်က္ ရွိေသာ ဆရာ၊ ဆရာမမ်ားရရွိႏိုင္ရန္ တင္ျပေဆြးေႏြးၾကရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ သက္ဆိုင္ရာဌာနမ်ားမွ က႑အလိုက္အသီးသီး ျပန္လည္ေျဖၾကားၾကၿပီး ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္ မ်ားကို လာမည့္ဘ႑ာေရးႏွစ္အလိုက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားၾကသည္။

ယင္းေနာက္ ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ေဆာင္႐ြက္ၿပီးစီးေသာ ေမြးဖြားမႈပုံစံစာရင္း၊ လယ္ယာေျမပုံစံ(၇)၊ လၽွပ္စစ္အိမ္သုံး မီတာ၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ ဘီးခြန္မ်ားတို႔ကို ေဒသခံျပည္သူမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးမ်ား၊ အစိုးရအဖြဲ႕အတြင္းေရးမႉးႏွင့္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္တို႔မွ အသီးသီးေပးအပ္ခဲ့ၾကၿပီး ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ဌာနအသီးသီးမွ လာေရာက္လုပ္ငန္းေဆာင္႐ြက္ေနမႈတို႔ကို လွည့္လည္ၾကည့္႐ႈအားေပးခဲ့ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွန်ဟိန်းမြို့ ရွေ့လျားဝန်ဆောင်မှု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကွန်ဟိန်း ဇူလိုင်   −   ၁၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်(၁၁)ရက် နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကွန်ဟိန်း(ကာလိ) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့နယ် ဝမ်ပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ရွေ့လျား ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုသို့ ရောက်ရှိလာပြီးဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ကွန်ဟိန်း မြို့နယ်၊ ဝမ်ပန်မြို့ရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ ရင်ဖွင့်စကားသံများ ကြားနာရန်အတွက် ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကွန်ဟိန်းမြို့နယ် ဝမ်ပန်ကျေးရွာရှိ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများမှ ဒေသ၏လိုအပ်ချက်ဖြစ်သော အမှိုက်သယ်ယာဉ်၊ မီးသင်္ဂြိုလ်စက်၊ လျှပ်စစ်မီးပုံမှန်လင်းရေး၊ မြို့မြေရပ်ကွက်အသစ်တိုးချဲ့ရေး၊ ပညာရေးအတွက်လိုအပ်လျက် ရှိသော ဆရာ၊ ဆရာမများရရှိနိုင်ရန် တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်အသီးသီး ပြန်လည်ဖြေကြားကြပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက် များကို လာမည့်ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားကြသည်။

ယင်းနောက် ရွေ့လျားဝန်ဆောင်မှု၌ ဆောင်ရွက်ပြီးစီးသော မွေးဖွားမှုပုံစံစာရင်း၊ လယ်ယာမြေပုံစံ(၇)၊ လျှပ်စစ်အိမ်သုံး မီတာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘီးခွန်များတို့ကို ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှ အသီးသီးပေးအပ်ခဲ့ကြပြီး ရွေ့လျားဝန်ဆောင်မှု၌ ဌာနအသီးသီးမှ လာရောက်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 33 guests and no members online

Latest Updates