Articles

တိုင္းေဒသႀကီးႏွင့္ျပည္နယ္အမ်ိဳးသား/အမ်ိဳးသမီး ေဘာ္လီေဘာၿပိဳင္ပြဲ အိမ္ရွင္အျဖစ္ေအာင္ျမင္စြာ လက္ခံက်င္းပႏိုင္ေရး လုပ္ငန္းၫွိႏႈိင္းစည္းေဝး

ေတာင္ႀကီး ေမ − ၈

91

၂၀၁၉ခုႏွစ္၊ အသက္(၂၅)ႏွစ္ေအာက္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အမ်ိဳးသား/အမ်ိဳးသမီး ေဘာ္လီေဘာၿပိဳင္ပြဲ အိမ္ရွင္အျဖစ္ ေအာင္ျမင္စြာ လက္ခံက်င္းပႏိုင္ေရး လုပ္ငန္းၫွိႏႈိင္းသည့္ အစည္းအဝးကို ေမ(၈)ရက္ မြန္းလြဲ (၁)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာေကာ္မတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္းက ရွမ္းျပည္နယ္အားကစားက႑ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ရန္ႏွင့္ ရွမ္းျပည္နယ္ရွိျပည္သူမ်ား ေဘာ္လီေဘာ အားကစားနည္း က်ယ္က်ယ္ျပန္႔ျပန္႔သိရွိလိုက္စားၿပီး ထူးခၽြန္ထက္ျမက္ေသာ အားကစားသမားမ်ား ေပၚထြက္လာေစရန္ ျမန္မာ့လက္ေ႐ြးစင္အားကစားသမား အင္အားျဖည့္တင္းႏိုင္ရန္ ရွမ္းျပည္နယ္ရွိပရိတ္သတ္မ်ား မိမိေဒသတြင္ တိုင္းေဒသႀကီး ျပည္နယ္ အားကစားပြဲမ်ားကို ၾကည့္႐ႈအားေပးႏိုင္ရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ အားကစားႏွင့္ကာယပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဴပ္ ကိုယ္စား ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ဦးက ၿပိဳင္ပြဲႏွင့္ပက္သက္၍ ရွင္းလင္းတင္ျပၿပီး၊ ၿပိဳင္ပြဲေအာင္ျမင္စြာက်င္းပ ႏိုင္ေရးအတြက္ ဖြဲ႕စည္းထားေသာ လုပ္ငန္းေကာ္မတီ(၁၀)ခုျဖစ္သည့္ ၿပိဳင္ပြဲက်င္းပေရးလုပ္ငန္းေကာ္မတီ၊ ဖြင့္ပြဲ၊ ပိတ္ပြဲ အခမ္းအနားႏွင့္ ကြင္း/႐ုံျပင္ဆင္ေရးလုပ္ငန္းေကာ္မတီ၊ က်န္းမာေရးလုပ္ငန္းေကာ္မတီ၊ ျပန္ၾကားေရးလုပ္ငန္းေကာ္မတီ၊ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေကာ္မတီ၊ ဆုခ်ီးျမႇင့္ေရးလုပ္ငန္းေကာ္မတီ၊ လုံၿခဳံေရးလုပ္ငန္းေကာ္မတီ၊ ခုံသမာဓိလုပ္ငန္း ေကာ္မတီ၊ ၿပိဳင္ပြဲစည္ကားသိုက္ၿမိဳက္စြာႏွင့္ ေအာင္ျမင္စြာက်င္းပႏိုင္ေရးအေထာက္အကူျပဳလုပ္ငန္းေကာ္မတီ၊ ႀကိဳဆိုေနရာ ခ်ထားေရးႏွင့္ တည္းခိုေနထိုင္ေရးလုပ္ငန္းေကာ္မတီဥကၠ႒/အတြင္းေရးမႉးမ်ားမွ ေဆြးေႏြးတင္ျပၾကသည္။

ထို႔ေနာက္တက္ေရာက္လာသူမ်ားက အေထြေထြေဆြးေႏြးတင္ျပၾကၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရး ဝန္ႀကီး၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာေကာ္မတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္းမွ နိဂုံးခ်ဳပ္စကားေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အိမ်ရှင်အဖြစ်အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

တောင်ကြီး မေ − ၈

၂၀၁၉ခုနှစ်၊ အသက်(၂၅)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းသည့် အစည်းအဝးကို မေ(၈)ရက် မွန်းလွဲ (၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းက ရှမ်းပြည်နယ်အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် ရှမ်းပြည်နယ်ရှိပြည်သူများ ဘော်လီဘော အားကစားနည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်စားပြီး ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် မြန်မာ့လက်ရွေးစင်အားကစားသမား အင်အားဖြည့်တင်းနိုင်ရန် ရှမ်းပြည်နယ်ရှိပရိတ်သတ်များ မိမိဒေသတွင် တိုင်းဒေသကြီး ပြည်နယ် အားကစားပွဲများကို ကြည့်ရှုအားပေးနိုင်ရန် ပြောကြားသွားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ပြိုင်ပွဲနှင့်ပက်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီ(၁၀)ခုဖြစ်သည့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားနှင့် ကွင်း/ရုံပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ခုံသမာဓိလုပ်ငန်း ကော်မတီ၊ ပြိုင်ပွဲစည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာ ချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ/အတွင်းရေးမှူးများမှ ဆွေးနွေးတင်ပြကြသည်။

ထို့နောက်တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းမှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

 

 

 

 

 

 

 

 

 

 

Winner Economic Enterprise Services Co.,Ltd မွ ကုန္စည္ျပပြဲက်င္းပ

ေတာင္ႀကီး ေမ - ၈

90

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ေမ ၈ ရက္ နံနက္ ၉ နာရီက Winner Economic Enterprise Services Co.,Ltd မွ ကုန္စည္ျပပြဲက်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္၊ Winner Economic Enterprise Services Co.,Ltd မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေအာင္မ်ိဳးၫႊန္႔တို႔မွ ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ ေပးၾကသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ခန္းမအတြင္း ျပသထားေသာ ကားအေရာင္း ျပခန္း၊ တိုင္းရင္းေဆးဆိုင္ႏွင့္ ေမာ္ဒယ္႐ႈိး၊ Dancer Show တို႔ကို ၾကည့္႐ႈအားေပးၾကသည္။ အဆိုပါကုန္စည္ျပပြဲတြင္ ကုမၸဏီဆိုင္ခန္းေပါင္း (၃၀)ႏွင့္ အျခားဆိုင္ခန္းေပါင္း (၂၀)၊ စုစုေပါင္းဆိုင္ခန္း (၅၀)ေက်ာ္ လာေရာက္ျပသလ်က္ ေရာင္းခ်လ်က္ရွိသည္။ ကားအေရာင္းျပခန္း၊ စားေသာက္ကုန္၊ အိမ္သုံးကုန္၊ လူသုံးကုန္၊ လၽွပ္စစ္ပစၥည္း၊ တိုင္းရင္း ေဆးဆိုင္၊ အလွကုန္၊ အဝတ္အထည္မ်ားအား ေန႔စဥ္နံနက္ ၉ နာရီမွ ည ၉ နာရီထိ ၅ ရက္တိုင္တိုင္ ေရာင္းခ်လ်က္ ရွိေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

09250132943

 

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

Winner Economic Enterprise Services Co.,Ltd မှ ကုန်စည်ပြပွဲကျင်းပ

တောင်ကြီး မေ - ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မြို့တော်ခန်းမတွင် မေ ၈ ရက် နံနက် ၉ နာရီက Winner Economic Enterprise Services Co.,Ltd မှ ကုန်စည်ပြပွဲကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ Winner Economic Enterprise Services Co.,Ltd မန်နေဂျင်းဒါရိုက်တာ ဦးအောင်မျိုးညွှန့်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခန်းမအတွင်း ပြသထားသော ကားအရောင်း ပြခန်း၊ တိုင်းရင်းဆေးဆိုင်နှင့် မော်ဒယ်ရှိုး၊ Dancer Show တို့ကို ကြည့်ရှုအားပေးကြသည်။ အဆိုပါကုန်စည်ပြပွဲတွင် ကုမ္ပဏီဆိုင်ခန်းပေါင်း (၃၀)နှင့် အခြားဆိုင်ခန်းပေါင်း (၂၀)၊ စုစုပေါင်းဆိုင်ခန်း (၅၀)ကျော် လာရောက်ပြသလျက် ရောင်းချလျက်ရှိသည်။ ကားအရောင်းပြခန်း၊ စားသောက်ကုန်၊ အိမ်သုံးကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ တိုင်းရင်း ဆေးဆိုင်၊ အလှကုန်၊ အဝတ်အထည်များအား နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီထိ ၅ ရက်တိုင်တိုင် ရောင်းချလျက် ရှိကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

 

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ စက္ဘီးစီးၿပိဳင္ပြဲက်င္းပ

ေတာင္ႀကီး  ေမ  - ၆

89

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနႏွင့္ စက္ဘီးစီး ဝါသနာရွင္မ်ား ပူးေပါင္းက်င္းပသည့္ ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္လႈပ္ရွားမႈအစီအစဥ္ျဖင့္ စက္ဘီးစီးၿပိဳင္ပြဲကို ေမလ ၃ ရက္ေန႔ နံနက္ ၆ နာရီအခ်ိန္တြင္ စဝ္စံထြန္းျပည္သူ႕ေဆး႐ုံႀကီး ေရွ႕၌က်င္းပခဲ့သည္။

စက္ဘီးစီးၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္၊ ၿပိဳင္ပြဲဝင္ မ်ားႏွင့္ စက္ဘီးစီးဝါသနာရွင္မ်ားတို႔က တေပ်ာ္တပါးပါဝင္ဆင္ႏႊဲခဲ့ၾကသည္။

စက္ဘီးစီးၿပိဳင္ပြဲကို စဝ္စံထြန္းျပည္သူ႕ေဆး႐ုံေရွ႕မွစုရပ္ျပဳၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက စက္ဘီးစီးၿပိဳင္ပြဲကို ေသနတ္ပစ္ေဖာက္၍ စတင္ တာလႊတ္ခဲ့သည္။ 

အဆိုပါၿပိဳင္ပြဲကို စဝ္စံထြန္းျပည္သူ႕ေဆး႐ုံမွ စတင္ထြက္ခြာၿပီး၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းတစ္ေလၽွာက္မွ ေတာင္ႀကီး-ဟိုပုံးလမ္း၊ လြိဳင္ခမ္းအိမ္ရာအထိ၊ လြိဳင္ခမ္းအိမ္ရာေရွ႕တြင္ ပန္းဝင္၍ ၿပိဳင္ပြဲတြင္ဆုရရွိေသာစက္ဘီးစီး အားကစားသမားမ်ားကို တာဝန္ရွိသူမ်ားက ပထမ၊ ဒုတိယ၊ တတိယ ရရွိေသာၿပိဳင္ပြဲဝင္ အားကစားသမားမ်ားကို အသီးသီးတစ္ဦးခ်င္းစီ ဆုတံဆိပ္ႏွင့္ေငြသားဆုမ်ား ခ်ီးျမႇင့္ခဲ့ၾကသည္။

စိုင္းသန္းေက်ာ္(ေတာင္ႀကီး)

                                                                                                           ၀၉ -၃၆၀၈၀၈၉၀

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် စက်ဘီးစီးပြိုင်ပွဲကျင်းပ

တောင်ကြီး  မေ  - ၆

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စက်ဘီးစီး ဝါသနာရှင်များ ပူးပေါင်းကျင်းပသည့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်လှုပ်ရှားမှုအစီအစဉ်ဖြင့် စက်ဘီးစီးပြိုင်ပွဲကို မေလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး ရှေ့၌ကျင်းပခဲ့သည်။

စက်ဘီးစီးပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြိုင်ပွဲဝင် များနှင့် စက်ဘီးစီးဝါသနာရှင်များတို့က တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြသည်။

စက်ဘီးစီးပြိုင်ပွဲကို စဝ်စံထွန်းပြည်သူ့ဆေးရုံရှေ့မှစုရပ်ပြုပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက စက်ဘီးစီးပြိုင်ပွဲကို သေနတ်ပစ်ဖောက်၍ စတင် တာလွှတ်ခဲ့သည်။ 

အဆိုပါပြိုင်ပွဲကို စဝ်စံထွန်းပြည်သူ့ဆေးရုံမှ စတင်ထွက်ခွာပြီး၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းတစ်လျှောက်မှ တောင်ကြီး-ဟိုပုံးလမ်း၊ လွိုင်ခမ်းအိမ်ရာအထိ၊ လွိုင်ခမ်းအိမ်ရာရှေ့တွင် ပန်းဝင်၍ ပြိုင်ပွဲတွင်ဆုရရှိသောစက်ဘီးစီး အားကစားသမားများကို တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ ရရှိသောပြိုင်ပွဲဝင် အားကစားသမားများကို အသီးသီးတစ်ဦးချင်းစီ ဆုတံဆိပ်နှင့်ငွေသားဆုများ ချီးမြှင့်ခဲ့ကြသည်။

စိုင်းသန်းကျော်(တောင်ကြီး)

                                                                                                           ၀၉ -၃၆၀၈၀၈၉၀

 

(၇၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ အခမ္းအနားသို႔ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ တက္ေရာက္

ေတာင္ႀကီး ေမ − ၆

88

(၇၃)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ကို ေမ(၅)ရက္ နံနက္(၈)နာရီက ေတာင္ႀကီးခ႐ိုင္မီးသတ္စခန္း ေလ့က်င့္ေရးကြင္း၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ႏိုင္ငံေတာ္အေနျဖင့္ မီးသတ္တပ္ဖြဲ႕ကို ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္မ်ား၊ ႏိုင္ငံေတာ္အတြင္းရွိ ထုတ္ကုန္အရင္းအႏွီးမ်ားကို မီးေဘးအႏၲရာယ္မွ တားဆီးကာကြယ္ႏိုင္ေရးႏွင့္ သဘာ၀ေဘးအႏၲရာယ္ကာကြယ္ႏိုင္ေရးႏွင့္ အျခားေသာေဘးအႏၲရာယ္မ်ား က်ေရာက္သည့္အခါ အေရးေပၚရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို တာ၀န္ယူေဆာင္႐ြက္ရန္ ရည္႐ြယ္ဖြဲ႕စည္းတည္ေဆာက္ထားတာျဖစ္ၿပီး မီးေဘးလုံၿခဳံေရး သဘာ၀ေဘးအႏၲရာယ္ကာကြယ္ေရး၊ ရွာေဖြကယ္ဆယ္ေရးႏွင့္ ျပည္သူ႕အက်ိဳးျပဳေဆာင္႐ြက္ေရးစသည့္ ရည္မွန္းခ်က္တာ၀န္(၄)ရပ္ကို ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွလည္း မီးသတ္တပ္ဖြဲ႕၏ ရည္မွန္းခ်က္တာ၀န္မ်ားအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ျပည္သူလူထုအတြင္း မီးေဘးလုံၿခဳံေရးႏွင့္ သဘာ၀ေဘးအႏၲရာယ္ကာကြယ္ေရးအသိပညာေပးေရး မီးသတ္တပ္ဖြဲ႕၀င္မ်ား၏နည္းပညာႏွင့္ စြမ္းေဆာင္ရည္ျမင့္မားေရး တပ္ဖြဲ႕၀င္အင္အားမ်ားႏွင့္ မီးသတ္ယာဥ္/စက္ပစၥည္းကိရိယာမ်ားျဖည့္တင္းေရး မီးသတ္စခန္းမ်ား တိုးခ်ဲ႕ဖြဲ႕စည္းေရးစသည့္လုပ္ငန္းမ်ားကို ႏိုင္ငံတကာအဆင့္မီေအာင္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေျပာင္းလဲလာေသာ အေျခအေနမ်ားႏွင့္ အနာဂတ္စိန္ေခၚမႈမ်ားကို ရင္ဆိုင္ကိုင္တြယ္ေျဖရွင္းႏိုင္ရန္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ကို လက္ရွိအေျခအေနမ်ားႏွင့္ ေနာင္ျဖစ္တည္လာမည့္ အနာဂတ္ကာလကို ေမၽွာ္မွန္းၿပီး အသြင္သ႑ာန္အႏွစ္သာရ ျပဳျပင္ေျပာင္းလဲႏိုင္ရန္အတြက္ မီးသတ္တပ္ဖြဲ႕ကိုMen Power၊ Equipment Powerႏွင့္ Technology Powerႏွင့္တည္ေဆာက္ရာတြင္ မီးသတ္တပ္ဖြဲ႕ကို တိုင္ေဒသႀကီး/ျပည္နယ္မီးသတ္ဦးစီးမႉး႐ုံး(၁၅)႐ုံး၊ ခ႐ိုင္မီးသတ္ဦးစီးမႉး႐ုံး(၇၄)႐ုံး၊ ခ႐ိုင္မီးသတ္စခန္း(၇၄)စခန္း၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး႐ုံး(၃၃၀)႐ုံး ၊ၿမိဳ႕နယ္မီးသတ္စခန္း (၃၃၀)စခန္းႏွင့္ နယ္ေျမမီးသတ္စခန္း(၇၀၃)စခန္းႏွင့္ ခြင့္ျပဳလူအင္အား(၂၄၆၅၉)ဦးထိ တိုးခ်ဲ႕ဖြဲ႕စည္းခြင့္ရရွိခဲ့ၿပီျဖစ္ေၾကာင္း၊ ရန္ကုန္−မႏၲေလးအျမန္လမ္းမႀကီးတြင္ ခရီးသြားျပည္သူမ်ားကို ကူညီႏိုင္ရန္ မီးသတ္တပ္ဖြဲ႕စခန္း(၁၅)စခန္းကို တိုးခ်ဲ႕ဖြဲ႕စည္း ႏိုင္ခဲ့ၿပီး ရွမ္းျပည္နယ္တြင္လည္း ခ႐ိုင္မီးသတ္စခန္း(၁၃)စခန္း၊ ၿမိဳ႕နယ္မီးသတ္စခန္း(၅၅)စခန္း၊ နယ္ေျမမီးသတ္စခန္း(၇၀) စခန္း၊ စုစုေပါင္း(၁၃၈)စခန္းႏွင့္ ခြင့္ျပဳလူအင္အား(၃၄၇၅)ဦးထိရွိလာၿပီျဖစ္ေၾကာင္းႏွင့္ အနာဂတ္တြင္ရင္ဆိုင္ႀကဳံေတြ႕ လာႏိုင္မည့္ မီးေဘးႏွင့္ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စိန္ေခၚမႈမ်ားကို အႏိုင္ယူရန္ ဂုဏ္ျပဳေျပာၾကားသြားေၾကာင္းသိရသည္။

ဆက္လက္၍စစ္ေရးျပတပ္ခြဲမ်ားမွ ျပည္နယ္၀န္ႀကီးခ်ဳပ္အားအေလးျပဳကာ ျပန္လည္ထြက္ခြာသြားၾကၿပီး မီးၿငိမ္းသတ္ေရးႏွင့္ ရွာေဖြကယ္ဆယ္ေရးစြမ္းရည္ သ႐ုပ္ျပသၾကရာ အမ်ိဳးသမီးမီးသတ္တပ္ဖြဲ႕၀င္မ်ားမွ မီးသတ္တပ္ဖြဲ႕သုံး ႀကိဳးကူး၊ ႀကိဳးဆင္း ႀကိဳးတက္ နည္းစနစ္မ်ား လက္ေတြ႕သ႐ုပ္ျပသျခင္း၊ အလိုအေလ်ာက္ မီးေထာက္လွမ္းမႈ(အာ႐ုံခံစနစ္)ႏွင့္ မီးလန္႔အခ်က္ေပးကိရိယာမ်ား လုပ္ေဆာင္မႈႏွင့္ မီးသတ္ေဆးဘူး အသုံးျပဳလက္ေတြ႕ မီးၿငိမ္းသတ္မႈ သ႐ုပ္ျပသျခင္း၊ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ျဖစ္ေပၚလာေသာ ေဘးအႏၲရာယ္မ်ားႏွင့္စပ္လ်ဥ္း၍ ကယ္ဆယ္ေရးလုပ္ငန္းစဥ္မ်ား စီမံခန္႔ခြဲမႈ သ႐ုပ္ျပသျခင္း၊ အထပ္ျမင့္အေဆာက္အဦ မီးေလာင္မႈအား ၿငိမ္းသတ္ျခင္းႏွင့္ပိတ္မိေနသူမ်ားအား နည္းပညာ အေထာက္အကူျပဳ ကယ္ဆယ္သ႐ုပ္ျပသျခင္း၊ မီးသတ္ေရပက္ပိုက္ျဖင့္ Water Curtain/ Water Fun သ႐ုပ္ျပကြက္ျဖင့္ ျပသေနမႈမ်ားကို ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္၀န္ႀကီးမ်ားႏွင့္တာ၀န္ရွိသူတို႔က ၾကည့္႐ႈအားေပးၾကၿပီး မီးသတ္ျပခန္းမ်ားကိုလည္း ၾကည့္႐ႈအားေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ရှမ်းပြည်နယ်၀န်ကြီးချုပ် တက်ရောက်

တောင်ကြီး မေ − ၆

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို မေ(၅)ရက် နံနက်(၈)နာရီက တောင်ကြီးခရိုင်မီးသတ်စခန်း လေ့ကျင့်ရေးကွင်း၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်အနေဖြင့် မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ထုတ်ကုန်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာ၀ဘေးအန္တရာယ်ကာကွယ်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာ၀န်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး မီးဘေးလုံခြုံရေး သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာ၀န်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာ၀န်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေးနှင့် သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးရေး မီးသတ်တပ်ဖွဲ့၀င်များ၏နည်းပညာနှင့် စွမ်းဆောင်ရည်မြင့်မားရေး တပ်ဖွဲ့၀င်အင်အားများနှင့် မီးသတ်ယာဉ်/စက်ပစ္စည်းကိရိယာများဖြည့်တင်းရေး မီးသတ်စခန်းများ တိုးချဲ့ဖွဲ့စည်းရေးစသည့်လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသော အခြေအနေများနှင့် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို လက်ရှိအခြေအနေများနှင့် နောင်ဖြစ်တည်လာမည့် အနာဂတ်ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဍာန်အနှစ်သာရ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ကိုMen Power၊ Equipment Powerနှင့် Technology Powerနှင့်တည်ဆောက်ရာတွင် မီးသတ်တပ်ဖွဲ့ကို တိုင်ဒေသကြီး/ပြည်နယ်မီးသတ်ဦးစီးမှူးရုံး(၁၅)ရုံး၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး(၇၄)ရုံး၊ ခရိုင်မီးသတ်စခန်း(၇၄)စခန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး(၃၃၀)ရုံး ၊မြို့နယ်မီးသတ်စခန်း (၃၃၀)စခန်းနှင့် နယ်မြေမီးသတ်စခန်း(၇၀၃)စခန်းနှင့် ခွင့်ပြုလူအင်အား(၂၄၆၅၉)ဦးထိ တိုးချဲ့ဖွဲ့စည်းခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း၊ ရန်ကုန်−မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသွားပြည်သူများကို ကူညီနိုင်ရန် မီးသတ်တပ်ဖွဲ့စခန်း(၁၅)စခန်းကို တိုးချဲ့ဖွဲ့စည်း နိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင်လည်း ခရိုင်မီးသတ်စခန်း(၁၃)စခန်း၊ မြို့နယ်မီးသတ်စခန်း(၅၅)စခန်း၊ နယ်မြေမီးသတ်စခန်း(၇၀) စခန်း၊ စုစုပေါင်း(၁၃၈)စခန်းနှင့် ခွင့်ပြုလူအင်အား(၃၄၇၅)ဦးထိရှိလာပြီဖြစ်ကြောင်းနှင့် အနာဂတ်တွင်ရင်ဆိုင်ကြုံတွေ့ လာနိုင်မည့် မီးဘေးနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူရန် ဂုဏ်ပြုပြောကြားသွားကြောင်းသိရသည်။

ဆက်လက်၍စစ်ရေးပြတပ်ခွဲများမှ ပြည်နယ်၀န်ကြီးချုပ်အားအလေးပြုကာ ပြန်လည်ထွက်ခွာသွားကြပြီး မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသကြရာ အမျိုးသမီးမီးသတ်တပ်ဖွဲ့၀င်များမှ မီးသတ်တပ်ဖွဲ့သုံး ကြိုးကူး၊ ကြိုးဆင်း ကြိုးတက် နည်းစနစ်များ လက်တွေ့သရုပ်ပြသခြင်း၊ အလိုအလျောက် မီးထောက်လှမ်းမှု(အာရုံခံစနစ်)နှင့် မီးလန့်အချက်ပေးကိရိယာများ လုပ်ဆောင်မှုနှင့် မီးသတ်ဆေးဘူး အသုံးပြုလက်တွေ့ မီးငြိမ်းသတ်မှု သရုပ်ပြသခြင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ စီမံခန့်ခွဲမှု သရုပ်ပြသခြင်း၊ အထပ်မြင့်အဆောက်အဦ မီးလောင်မှုအား ငြိမ်းသတ်ခြင်းနှင့်ပိတ်မိနေသူများအား နည်းပညာ အထောက်အကူပြု ကယ်ဆယ်သရုပ်ပြသခြင်း၊ မီးသတ်ရေပက်ပိုက်ဖြင့် Water Curtain/ Water Fun သရုပ်ပြကွက်ဖြင့် ပြသနေမှုများကို ပြည်နယ်၀န်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်၀န်ကြီးများနှင့်တာ၀န်ရှိသူတို့က ကြည့်ရှုအားပေးကြပြီး မီးသတ်ပြခန်းများကိုလည်း ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 33 guests and no members online

Latest Updates