Articles


တောင်ကြီး နိုဝင်ဘာ - ၂၉

220





အစရ(ရှမ်း)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

တောင်ကြီးမြို့၌ လူငယ်ဘောလုံးပွဲတော်ကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၂၉

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT၊ အခြေခံပညာဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ်အဆင့် ၂၀၁၈ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ အဖွင့် အမှာစကားပြောကြားပြီး မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်မှ မြန်မာဘောလုံးအားကစား အနာဂတ်တွင် ခြေစွမ်းထက်မြက်သည့် လူငယ်မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ကျောင်းသားလူငယ်များအကြားတွင် ကျန်းမာသန်စွမ်းစေရေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ MPT-Ksgm Joint Operations မှ Marketing Director ဦးခင်မောင်မြင့်က နှုတ်ခွန်း ဆက်အမှာစကားပြေကြားပြီး ပြည်နယ်လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူတို့က ဘောလုံးများအား ဘောလုံးကွင်း အတွင်းသို့ တပြိုင်ထဲကန်သွင်း၍ လူငယ်ဘောလုံးပွဲတော်အား ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် အဖွဲ့ဝင်များသည် MPT လူငယ်ဘောလုံး ပွဲတော်နှင့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ အားကစားသမားများနှင့် နည်းပြဆရာတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

အစရ(ရှမ်း)


တောင်ကြီး နိုဝင်ဘာ ၂၈

219








၀၉၂၅၀၁၃၂၉၄၃

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လူထုအခြေပြု ခရီးသွာလုပ်ငန်းဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၈

ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာအုပ်စု၊ လွယ်ပန်းစုံကျေးရွာ၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လွယ်ပန်းစုံကျေးရွာ၊ ကျေးရွာကော်မတီနှင့် ဖယ်ခုံမြို့နယ်ရှိ ဒေသခံအစုအဖွဲ့တို့မှ ပူးပေါင်းပါဝင်ဖော်ဆောင်လျှက်ရှိသော လွယ်ပန်းစုံလူထုအခြေပြု ခရီးသွားလုပ်ငန်းဖွင့်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့က အဆိုပါကျေးရွာ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ လွယ်ပန်းစုံလူထုအခြေပြု ခရီးသွားလုပ်ငန်းဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လွယ်ပန်းစုံကျေးရွာ၊ ကျေးရွာကော်မတီနှင့် ဖယ်ခုံမြို့နယ်ရှိ ဒေသခံအစုအဖွဲ့တို့မှ ပူးပေါင်းပါဝင်ဖော်ဆောင် လျှက်ရှိသော လွယ်ပန်းစုံလူထုအခြေပြု ခရီးသွားလုပ်ငန်း (Lwal Pann Sone Community Based Tourism) ဖွင့်ပွဲအခမ်းအနား ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) ၁၆ နေရာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုလွယ်ပန်းစုံ CBT သည် ၁၇ ခုမြောက် CBT ဖြစ်ပါကြောင်း၊ CBT ၁၇ ခုမြောက်ရှိသည့်အနက် မိမိတို့ ရှမ်းပြည်နယ်တွင် ဖော်ဆောင်ထားသည့် လွယ်ပန်းစုံCBT သည် (၃)ခုမြောက် ဖြစ်ပါကြောင်း၊ ပအိုဝ်းဒေသ CBT ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် အင်းနီကျေးရွာ၊ လွယ်ခေါ်ကျေးရွာ၊ ထီးနဲ့ကျေးရွာနှင့် ကက္ကူကျေးရွာများတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပအိုဝ်းဒေသ CBT သည် ၂၀၁၇ ခုနှစ်တွင် ကျင်းပသည့် ASEAN Tourism Forum (ATF)နှင့် ၂၀၁၇ ခုနှစ်၊ မတ်လတွင် ကျင်းပသည့် ITB Barlin ပွဲများတွင် နိုင်ငံတကာဆုများ ရယူနိုင်သည်အထိ အောင်မြင်လျှက်ရှိပါကြောင်း၊ ဓနုဒေသ CBT ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖြစ်သည့် ဆီးကျအင်းကျေးရွာနှင့် ပင်စိမ်းပင်ကျေးရွာတို့တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိပါကြောင်း၊ ယခု လွယ်ပန်းစုံကျေးရွာတွင် CBT ကို ထပ်မံဖွင့်လှစ်နိုင်သဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ CBT ဖွင့်လှစ်ရခြင်းအားဖြင့် ညောင်ရွှေ-အင်းလေးကန်-စကားအင်း-ဖယ်ခုံအင်း- မိုးဗြဲဆည်-ကယားပြည်နယ်၊ လွိုင်ကော်မြို့အထိ ရေလမ်းကြောင်းဖြင့် ဧည့်သည်များသွားရောက်လည်ပတ်ရင်း ရေလမ်းကြောင်းရှိ ကျေးရွာများ၊ အိုးလုပ်ငန်းများ၊ ကြာချည်ယက်လုပ်ငန်းများ၊ ရေပေါ်စိုက်ခင်းများအပြင် ဘီလူးချောင်းတစ်လျှောက်ရှိ ရှေးဟောင်းစေတီးပုထိုးများသဘာဝအလှအပများကို တွေ့မြင်ခံစားရမှာဖြစ်ပါကြောင်း၊ ဖယ်ခုံမြို့နယ်အတွင်း ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေမည့် သင်တန်းများအနေဖြင့်လည်း ခရီးစဉ်ဒေသ ကြီးမှူးကွပ်ကဲသည့် Controller သင်တန်းအား (၁၂.၉.၂၀၁၈) ရက်နေ့နှင့် (၁၃.၉.၂၀၁၈) ရက်အထိ ပင်လောင်းမြို့၊ ဟိုတယ်ပင်လောင်း၌ သင်တန်းသား (၃၀)ဦးဖြင့်လည်းကောင်း၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၃)မျိုးကို (၁၄.၁၀.၂၀၁၈) ရက်နေ့မှ (၃၁.၁၀.၂၀၁၈) ရက်နေ့အထိ ဖယ်ခုံမြို့၊ မြတ်စေတနာဧည့်ရိပ်သာ၌ သင်တန်းသား (၆၅)ဦးဖြင့်လည်းကောင်း ဖွင့်လှစ်ပေးခဲ့ပြီး ကောင်းမွန်သောဝန်ဆောင်မှုများပေးရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု နှင့်အတူ မိမိတို့ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ရှမ်းပြည်နယ်၏ ရေ၊ မြေ၊ တောတောင်သဘာဝအလှများ၏ စွဲမက်ဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုများကို ကမ္ဘာကသိရှိအောင် နယ်မြေအခြေအနေပေါ်မူတည်ပြီး CBT စီမံချက်များ ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်မှ အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းစဉ် နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ လွယ်ပန်းစုံ CBT လုပ်ငန်း မန်နေဂျာ ဦးဇေယျာဖြိုးနှင့် လွယ်ပေါအုပ်စု၊ လွယ်ပန်းစုံကျေးရွာကိုယ်စား ကျေးရွာတာဝန်ခံ ဦးအေးမောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် CBTအားလှည့်လည်ကြည့်ရှု၍ အမှတ်တရ သစ်ပင် စိုက်ပျိုးခြင်း၊ ငါးလွှတ်ခြင်းနှင့် နှစ်ယောက်တွဲကနူးလှေပြိုင်ပွဲအား ကြည့်ရှုအားပေးကာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

 


တောင်ကြီး နိုဝင်ဘာ ၂၈

217






(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၈

အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းအတွင်းရှိ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က အဖွင့်အမှာစကားပြောကြားရာ အခြေခံပညာကျောင်းများ၏ ဆောင်ပုဒ်တစ်ခုဖြစ်သော စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ဆောင်ပုဒ်အရ ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ စိတ်ဓာတ်သည် များစွာအရေးကြီးပါကြောင်း၊ ကလေးပညာကောင်းရန်အတွက် မိဘနှင့် ဆရာပူးပေါင်း၍ နိုင်ငံတော်ကို ပြုစုပျိုးထောင်လိုသော၊ နိုင်ငံတော်ကို အလုပ်အကျွေးပြုလိုသောကလေးများ ဖြစ်လာအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တတ်သူများ၊ မိမိတို့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းတန်ဖိုးထားတတ်သူများ၊ စုပေါင်း ဆောင်ရွက်တတ်သူများ၊ တစ်ဦးနှင့်တစ်ဦးလေးစားစွာ ဆက်ဆံတတ်သူများဖြစ်အောင် အခြေခံပညာကျောင်းများမှ လေ့ကျင့်သင်ကြားပေးနေပြီဖြစ်ပါကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် ပြည့်စုံသော လူငယ်များဖြစ်အောင် မိမိတို့နှင့်အတူ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်နှင့် မိဘဆရာအသင်း အလုပ်အမှုဆောင် နာယက ဦးစိုင်းဇော်ဇော်တို့က ပညာသင်ကြားမှုများနှင့် ကျောင်းဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေအောင်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း၊ ထို့နောက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၅ ဘာသာ ၁ ဦး၊ ၄ ဘာသာ ၄ ဦး၊ ၃ ဘာသာ ၂ ဦး၊ ၂ ဘာသာ ၁၁ ဦး၊ ၁ ဘာသာ ၁၉ ဦးတို့နှင့် အားကစား ကဏ္ဍများတွင် ထူးချွန်သူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အခြေခံပညာကျောင်းများတွင် ၂၀၁၇ - ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ ၅ ဘာသာ ၅၂ ဦး၊ ၄ ဘာသာ ၈၅ ဦး၊ ၃ ဘာသာ ၁၁၈ ဦး၊ ၂ ဘာသာ ၂၉၂ ဦး၊ ၁ ဘာသာ ၁၆၉၃ ဦး၊ စုစုပေါင်းဂုဏ်ထူးရရှိသူ ၂၂၆၅ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၂၉ ဒဿမ ၇၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)


တောင်ကြီး နိုဝင်ဘာ - ၂၈

218



အစရ(ရှမ်း)

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တိုင်းဒေသကြီး/ပြည်နယ် အသက် (၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၂၈

၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်း ဒေသကြီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် (ဂိုး)အကောင်းဆုံးအားကစားဆုရရှိခဲ့သူ ရှမ်းပြည်နယ် အသင်းမှ မထွေးထွေးချိုအား ပြည်သူ့လွှတ်တော်ဒုဥက္ကဌ၏ ဇနီး ဒေါ်ရင်အေးမှ ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သူ ရှမ်းပြည်နယ်အသင်းမှ နန်းဟွမ်လှိုင်း အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ တတိယဆုရရှိခဲ့သော မန္တလေးတိုင်းဒေသကြီးအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်မှ ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ ပထမဆုရရှိခဲ့သော ရှမ်းပြည်နယ်အသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယ ပညာကော်မတီ ဥက္ကဌ ဒေါက်တာမျိုးထွန်းမှ ဆုတံဆိပ်နှင့် ငွေသားဆုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ဆုများအသီးသီးပေးခဲ့ကြောင်း သိရသည်။

 

အစရ(ရှမ်း)

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 52 guests and no members online