Articles

ကမၻာ့က်န္းမာေရးေန႔အထိမ္းအမွတ္အခမ္းအနားႏွင့္ စံျပဆုမ်ား ေပးအပ္

ေတာင္ႀကီး ဧၿပီ ၂၆

79

၂၀၁၉ ခုႏွစ္ (၇၁)ႏွစ္ေျမာက္ ကမၻာ့က်န္းမာေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို ဧၿပီလ ၂၆ ရက္ နံနက္ ၈ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ သစ္ေတာရပ္ကြက္ရွိ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပေၾကာင္း သိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက အဖြင့္ အမွာစကားေျပာၾကားရာတြင္ ျပည္သူလူထုအက်ိဳးကို ေရွး႐ႈရန္ဆိုသည့္ ခိုင္မာေသာ သႏၶိဌာန္ခ်မွတ္ထား ပါက ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ေအာင္ျမင္မႈမ်ားကို မလဲမေသြရရွိမွာျဖစ္ပါေၾကာင္း၊ သတင္းအခ်က္ အလက္ႏွင့္ ေခတ္မီနည္းပညာမ်ားကို လက္လွန္းမီလာျခင္းမွာလည္း ျပည္သူလူထုထံသို႔ က်န္းမာေရးႏွင့္ သက္ဆိုင္ေသာ သတင္းအခ်က္အလက္မ်ား ပိုမိုေရာက္ရွိေစၿပီး ျပည္သူလူထုပူေပါင္းပါဝင္မႈကို ျမင့္မား ေအာင္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ပါေၾကာင္း၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ Mobile Tablet မ်ားကို ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ၇ ခုမွ က်န္မာေရးဝန္ထမ္းမ်ားသို႔ ျဖန္႔ေဝထားၿပီး မၾကာခင္ ရွမ္းျပည္နယ္ကိုလည္း ျဖန္႔ေဝေပးမည္ဟု ၾကားသိရပါေၾကာင္း၊ Mobile Tablet မ်ားႏွင့္ နည္းပညာသစ္မ်ား ကို ေလ့လာႏိုင္ယုံသာမက ဗဟိုမွ ေက်းလက္အထိ ဆက္သြယ္ေရးလမ္းေၾကာင္း ပိုမိလြယ္ကူသြားမည္ ျဖစ္ပါေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ ျပည္နယ္ဦးစီးမႉး ေဒါက္တာ သူဇာခ်စ္တင္က က်န္းမာေရးလုပ္ငန္းမ်ား စြမ္းေဆာင္ရည္ထူးခၽြန္ဆု ခ်ီးျမႇင့္ရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားသြားသည္။

ထို႔ေနာက္ ၂၀၁၉ ခုႏွစ္ စံျပၿမိဳ႕နယ္ေဆး႐ုံဆုရ ပင္ေလာင္းၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ ကြတ္ခိုင္ၿမိဳ႕ ျပည္သူ႕ ေဆး႐ုံ၊ မိုင္းတုံၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ စံျပတိုက္နယ္ေဆး႐ုံဆုရ ရပ္ေစာက္ၿမိဳ႕နယ္၊ ေက်ာက္ဂူတိုက္နယ္ေဆး႐ုံ၊ ကြတ္ခိုင္ၿမိဳ႕နယ္ တာမိုးညဲတိုက္နယ္ေဆး႐ုံ၊ မိုင္းေယာင္းၿမိဳ႕နယ္ မိုင္းယုတိုက္နယ္ေဆး႐ုံ၊ လုပ္ငန္းခြင္ စြမ္းေဆာင္ရည္ေကာင္းမြန္ေသာ ၿမိဳ႕နယ္ဆုရရွိေသာ ႐ြာငံၿမိဳ႕နယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ အတိုးတက္ဆုံး ၿမိဳ႕နယ္ဆုရရွိေသာ လဲခ်ားၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ ပန္ဆန္း (ပန္ခမ္း) ျပည္သူ႕ေဆး႐ုံ၊ မိုင္းခတ္ ၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ အတိုးတက္ဆုံး တိုက္နယ္ေဆး႐ုံဆုရရွိေသာ ကေလာၿမိဳ႕နယ္ ေဘာ္ဆိုင္းတိုက္နယ္ ေဆး႐ုံ၊ သိႏၷီၿမိဳ႕နယ္ နမ့္စလပ္တိုက္နယ္ေဆး႐ုံ၊ တာခ်ီလိတ္ၿမိဳ႕နယ္ တာေလတိုက္နယ္ေဆး႐ုံ၊ ေဆးကုသမႈ လုပ္ငန္းေဆာင္႐ြက္မႈထူးခၽြန္သည့္ ၿမိဳ႕နယ္ေဆး႐ုံဆုရရွိေသာ ဖယ္ခုံၿမိဳ႕ ျပည္သူ႕ေဆး႐ုံ၊ ကြမ္းလုံၿမိဳ႕ ျပည္သူ႕ ေဆး႐ုံ၊ မိုင္းေယာင္းၿမိဳ႕ျပည္သူ႕ေဆး႐ုံ၊ ေဆးကုသူမႈ လုပ္ငန္းေဆာင္႐ြက္မႈထူးခၽြန္သည့္ တိုက္နယ္ေဆး႐ုံဆု ရရွိေသာ ပင္းတယၿမိဳ႕နယ္ မိုင္းအင္တိုက္နယ္ေဆး႐ုံ၊ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖက္ကာတိုက္နယ္ေဆး႐ုံ၊ မိုင္းပ်ဥ္းၿမိဳ႕နယ္ တုံတာတိုက္နယ္ေဆး႐ုံတို႔အား ျပည္နယ္စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ တာဝန္ရွိသူတို႔က ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ၾကၿပီး ၂၀၁၉ ခုႏွစ္ ကမၻာ့က်န္းမာေရးေန႔အထိမ္းအမွတ္ျပခန္းမ်ားအား ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က လွည့္လည္ၾကည့္႐ႈခဲ့ေၾကာင္း သိရသည္။

အစရ(ရွမ္း)

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် စံပြဆုများ ပေးအပ်

တောင်ကြီး ဧပြီ ၂၆

 

၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဧပြီလ ၂၆ ရက် နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့် အမှာစကားပြောကြားရာတွင် ပြည်သူလူထုအကျိုးကို ရှေးရှုရန်ဆိုသည့် ခိုင်မာသော သန္ဓိဌာန်ချမှတ်ထား ပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများကို မလဲမသွေရရှိမှာဖြစ်ပါကြောင်း၊ သတင်းအချက် အလက်နှင့် ခေတ်မီနည်းပညာများကို လက်လှန်းမီလာခြင်းမှာလည်း ပြည်သူလူထုထံသို့ ကျန်းမာရေးနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ ပိုမိုရောက်ရှိစေပြီး ပြည်သူလူထုပူပေါင်းပါဝင်မှုကို မြင့်မား အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် Mobile Tablet များကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုမှ ကျန်မာရေးဝန်ထမ်းများသို့ ဖြန့်ဝေထားပြီး မကြာခင် ရှမ်းပြည်နယ်ကိုလည်း ဖြန့်ဝေပေးမည်ဟု ကြားသိရပါကြောင်း၊ Mobile Tablet များနှင့် နည်းပညာသစ်များ ကို လေ့လာနိုင်ယုံသာမက ဗဟိုမှ ကျေးလက်အထိ ဆက်သွယ်ရေးလမ်းကြောင်း ပိုမိလွယ်ကူသွားမည် ဖြစ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ သူဇာချစ်တင်က ကျန်းမာရေးလုပ်ငန်းများ စွမ်းဆောင်ရည်ထူးချွန်ဆု ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသွားသည်။

ထို့နောက် ၂၀၁၉ ခုနှစ် စံပြမြို့နယ်ဆေးရုံဆုရ ပင်လောင်းမြို့ ပြည်သူ့ဆေးရုံ၊ ကွတ်ခိုင်မြို့ ပြည်သူ့ ဆေးရုံ၊ မိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၊ စံပြတိုက်နယ်ဆေးရုံဆုရ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ဆေးရုံ၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲတိုက်နယ်ဆေးရုံ၊ မိုင်းယောင်းမြို့နယ် မိုင်းယုတိုက်နယ်ဆေးရုံ၊ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကောင်းမွန်သော မြို့နယ်ဆုရရှိသော ရွာငံမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ အတိုးတက်ဆုံး မြို့နယ်ဆုရရှိသော လဲချားမြို့ ပြည်သူ့ဆေးရုံ၊ ပန်ဆန်း (ပန်ခမ်း) ပြည်သူ့ဆေးရုံ၊ မိုင်းခတ် မြို့ ပြည်သူ့ဆေးရုံ၊ အတိုးတက်ဆုံး တိုက်နယ်ဆေးရုံဆုရရှိသော ကလောမြို့နယ် ဘော်ဆိုင်းတိုက်နယ် ဆေးရုံ၊ သိန္နီမြို့နယ် နမ့်စလပ်တိုက်နယ်ဆေးရုံ၊ တာချီလိတ်မြို့နယ် တာလေတိုက်နယ်ဆေးရုံ၊ ဆေးကုသမှု လုပ်ငန်းဆောင်ရွက်မှုထူးချွန်သည့် မြို့နယ်ဆေးရုံဆုရရှိသော ဖယ်ခုံမြို့ ပြည်သူ့ဆေးရုံ၊ ကွမ်းလုံမြို့ ပြည်သူ့ ဆေးရုံ၊ မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၊ ဆေးကုသူမှု လုပ်ငန်းဆောင်ရွက်မှုထူးချွန်သည့် တိုက်နယ်ဆေးရုံဆု ရရှိသော ပင်းတယမြို့နယ် မိုင်းအင်တိုက်နယ်ဆေးရုံ၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတိုက်နယ်ဆေးရုံ၊ မိုင်းပျဉ်းမြို့နယ် တုံတာတိုက်နယ်ဆေးရုံတို့အား ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်ပြခန်းများအား ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အစရ(ရှမ်း)

ခ႐ိုင္အလိုက္ အသက္(၂၅)ႏွစ္ေအာက္ ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲဖြင့္ပြဲအခမ္းအနားက်င္းပ

ေတာင္ႀကီး ဧၿပီ - ၂၃

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္ အလိုက္ ၂၅ ႏွစ္ေအာက္ အမ်ိဳးသား/ အမ်ိဳးသမီး ၾကက္ေတာင္႐ိုက္ၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၂၂ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ျပည္နယ္မိုးလုံေလလုံအားကစား႐ုံ၌ က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၊ အားကစားသမားမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္ အားကစားႏွင့္ ကာယပညာေကာ္မတီ ဥကၠဌ ေဒါက္တာ မ်ိဳးထြန္းက အဖြင့္အမွာစကားေျပာၾကား၍ ဖြင့္လွစ္ ေပးခဲ့ၿပီး ၿပိဳင္ပြဲအား ၂၂.၄.၂၀၁၉ ရက္ေန႔မွ ၂၆.၄.၂၀၁၉ ရက္ေန႔ထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ရာ ရွမ္းျပည္နယ္အတြင္းရွိ ခ႐ိုင္ ၁၀ ခ႐ိုင္မွ အုပ္ခ်ဳပ္သူ၊ နည္းျပႏွင့္ အားကစားသမား စုစုေပါင္း ၁၂၀ ဦး ပါဝင္ ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။ 

အစရ(ရွမ္း)

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး ဧပြီ - ၂၃

 

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင် အလိုက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၂ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ပြည်နယ်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဒေါက်တာ မျိုးထွန်းက အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ် ပေးခဲ့ပြီး ပြိုင်ပွဲအား ၂၂.၄.၂၀၁၉ ရက်နေ့မှ ၂၆.၄.၂၀၁၉ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် ၁၀ ခရိုင်မှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား စုစုပေါင်း ၁၂၀ ဦး ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ 

အစရ(ရှမ်း)

ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွဘန္းကန္စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ အသက္ေမြးမႈအတတ္သင္စခန္းအားျမန္မာႏွစ္သစ္ကူးအလႉ သြားေရာက္လႉဒါန္း

ေတာင္ႀကီး ဧၿပီ - ၁၈

75

ရွမ္းျပည္နယ္အစိုးရအဖြဲ႕အဖြဲ႕ဝင္မ်ား၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၏ ျမန္မာႏွစ္သစ္ကူးအလႉကိုျပည္ထဲေရး ဝန္ႀကီးဌာန၊ အက်ဥ္းဦးစီးဌာန ဘန္းကန္စိုက္မ်ိဳးေမြးျမဴေရးႏွင့္ အသက္ေမြးမႈအတတ္သင္စခန္းသို႔ ဧၿပီ(၁၇)ရက္ နံနက္(၈)နာရီခြဲက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္လၽွပ္စစ္စြမ္းအင္ႏွင့္စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉးႏွင့္ တာဝန္ရွိသူ မ်ားသြားေရာက္လႉဒါန္းေပးၾကေၾကာင္း သိရသည္။ 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ျမန္မာႏွစ္သစ္ကူးစကားေျပာၾကားရာ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔မွာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕အဖြဲ႕ဝင္မ်ား မိတ္ေဆြတို႔ထံလာေရာက္ျခင္းသည္ စားေသာက္ ေနထိုင္ေရးတြင္အခက္အခဲရွိေနသည့္ မိတ္ေဆြတို႔ကို တတ္ႏိုင္သမၽွကူညီျဖည့္ဆည္းလႉဒါန္းေပးမယ္ဆိုသည့္ ေစတနာျဖင့္ လာေရာက္ျခင္းျဖစ္ေၾကာင္း၊ အလုပ္ မွား၊ အေျပာမွား၊ အေတြးမွား၊ အႀကံမွား၊ အေနမွားစသျဖင့္တစ္ခုခုေသာ အမွားတို႔ကို မိတ္ေဆြတို႔ျပဳမိသည့္အတြက္ ထိုက္သင့္ေသာျပစ္ဒဏ္မ်ားကိုတရား႐ုံးက စီရင္ခ်မွတ္ခဲ့ၿပီး ေထာင္ႏွင့္စခန္းအသီးသီးတြင္ ဒီျပစ္ဒဏ္မ်ားကိုမိတ္ေဆြတို႔ေပးဆပ္လ်က္ရွိၿပီး ျပစ္ဒဏ္ခံအက်ဥ္းသားေတြသည္ႏိုင္ငံသားမ်ားျဖစ္၍ ျပစ္ဒဏ္ကာလ ၿပီးဆုံးသည့္အခါ လူမႈ႔ပတ္ဝန္းက်င္တြင္ ျပန္လည္ေနထိုင္ရွင္သန္လႈပ္ရွားၾကမည့္သူမ်ားျဖစ္သည့္အတြက္ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားက မိတ္ေဆြတို႔အတြက္ေနထိုင္ဝတ္စား စားေသာက္ေရးတြင္အေကာင္းဆုံးျဖစ္ေအာင္ စီစဥ္ေပးထားပါေၾကာင္း၊ ျပစ္ဒဏ္ က်ခံျခင္းဆိုသည့္သေဘာသဘာဝအရ ေနေရးစားေရးတြင္အခက္ႀကဳံ ေနရသည့္မိတ္ေဆြတို႔ကို ျဖည့္ဆည္းလႉဒါန္း ေပးမႈသည္တစိတ္တပိုင္းေတာ့ အေထာက္အပံ့ျဖစ္ေစမည္ဟုယုံၾကည္ပါေၾကာင္း၊ အက်ိဳးလိုလို႔လႉတာမ်ိဳး မဟုတ္ေပမယ့္ မိတ္ေဆြမ်ားက သီလဂုဏ္၊ သမာဓိဂုဏ္ျမင့္မားေအာင္က်င့္ႀကံ ေနထိုင္မည္ဆိုပါကလႉရသူအတြက္ကု သိုလ္ထူးၿပီး စခန္းတြင္ရွိေနစဥ္ စခန္းကခ်မွတ္သည့္စည္းကမ္း လိုက္နာမည္၊ ေပးသည့္တာဝန္ေက်ေအာင္ထမ္းေဆာင္မည္၊ အသက္ေမြး ပညာ ရသေလာက္သင္ယူသြားမည္၊ ျပစ္ဒဏ္ကာလၿပီးဆုံးလို႔အိမ္ျပန္ေရာက္သြားပါက တရားဥပေဒကိုေလးစာလိုက္နာ၍ ေကာင္းေရာင္းေကာင္းဝယ္အသက္ေမြးျခင္း၊ ႏိုင္ငံသားတစ္ေယာက္၏ တာဝန္ေက်ပြန္မည္ဆိုပါက မိတ္ေဆြတို႔ဂုဏ္ျမင့္မား ေနၿပီးလႉသူမ်ား ကုသိုလ္အက်ိဳးထူးမည္ျဖစ္ေၾကာင္း၊ တစ္ႀကိမ္တစ္ခါမွားခဲ့သည့္ျပစ္ဒဏ္ကို ေပးဆပ္ၿပီးသည့္အခါထပ္မမွား ၾကရန္ႏွင့္လူေကာင္းသူေကာင္းအျဖစ္ႏွင့္ ဆက္လက္ရွင္သန္အသက္ေမြးၾကရန္ ေျပာၾကားသြားေၾကာင္းသိရသည္။ 

ဆက္လက္၍ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက အက်ဥ္းသား မ်ားအားစားေသာက္စရာမ်ား၊ ေဆးပစၥည္းမ်ား၊ ေရသုံးဆပ္ျပာ၊ ဘာလေခ်ာင္တို႔ကိုေပးအပ္လႉဒါန္းေပးၾကၿပီး၊ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူမ်ားမွ ဘန္းကန္စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ အသက္ေမြးမႈအတတ္သင္စခန္းမ်ား ေဆးပစၥည္းမ်ား၊ စားစရာမ်ားလႉဒါန္းေပးၾကရာ အက်ဥ္းဦးစီးမွတာဝန္ရွိသူမ်ားက လက္ခံရယူၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ ရွိသူမ်ားကအက်ဥ္းသားမ်ား၊ အိပ္ေဆာင္မ်ားမီးဖိုေဆာင္မ်ားႏွင့္ အစားအေသာကေကၽြးေမြးမႈ တို႔ကိုလွည့္လည္ၾကည့္႐ႈ ၾကေၾကာင္းသိရွိရသည္။

 ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09 250132943

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှဘန်းကန်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအားမြန်မာနှစ်သစ်ကူးအလှူ သွားရောက်လှူဒါန်း

တောင်ကြီး ဧပြီ - ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ မြန်မာနှစ်သစ်ကူးအလှူကိုပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ဘန်းကန်စိုက်မျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသို့ ဧပြီ(၁၇)ရက် နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူ များသွားရောက်လှူဒါန်းပေးကြကြောင်း သိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနှစ်သစ်ကူးစကားပြောကြားရာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အဖွဲ့ဝင်များ မိတ်ဆွေတို့ထံလာရောက်ခြင်းသည် စားသောက် နေထိုင်ရေးတွင်အခက်အခဲရှိနေသည့် မိတ်ဆွေတို့ကို တတ်နိုင်သမျှကူညီဖြည့်ဆည်းလှူဒါန်းပေးမယ်ဆိုသည့် စေတနာဖြင့် လာရောက်ခြင်းဖြစ်ကြောင်း၊ အလုပ် မှား၊ အပြောမှား၊ အတွေးမှား၊ အကြံမှား၊ အနေမှားစသဖြင့်တစ်ခုခုသော အမှားတို့ကို မိတ်ဆွေတို့ပြုမိသည့်အတွက် ထိုက်သင့်သောပြစ်ဒဏ်များကိုတရားရုံးက စီရင်ချမှတ်ခဲ့ပြီး ထောင်နှင့်စခန်းအသီးသီးတွင် ဒီပြစ်ဒဏ်များကိုမိတ်ဆွေတို့ပေးဆပ်လျက်ရှိပြီး ပြစ်ဒဏ်ခံအကျဉ်းသားတွေသည်နိုင်ငံသားများဖြစ်၍ ပြစ်ဒဏ်ကာလ ပြီးဆုံးသည့်အခါ လူမှု့ပတ်ဝန်းကျင်တွင် ပြန်လည်နေထိုင်ရှင်သန်လှုပ်ရှားကြမည့်သူများဖြစ်သည့်အတွက် အုပ်ချုပ်ရေး တာဝန်ရှိသူများက မိတ်ဆွေတို့အတွက်နေထိုင်ဝတ်စား စားသောက်ရေးတွင်အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးထားပါကြောင်း၊ ပြစ်ဒဏ် ကျခံခြင်းဆိုသည့်သဘောသဘာဝအရ နေရေးစားရေးတွင်အခက်ကြုံ နေရသည့်မိတ်ဆွေတို့ကို ဖြည့်ဆည်းလှူဒါန်း ပေးမှုသည်တစိတ်တပိုင်းတော့ အထောက်အပံ့ဖြစ်စေမည်ဟုယုံကြည်ပါကြောင်း၊ အကျိုးလိုလို့လှူတာမျိုး မဟုတ်ပေမယ့် မိတ်ဆွေများက သီလဂုဏ်၊ သမာဓိဂုဏ်မြင့်မားအောင်ကျင့်ကြံ နေထိုင်မည်ဆိုပါကလှူရသူအတွက်ကု သိုလ်ထူးပြီး စခန်းတွင်ရှိနေစဉ် စခန်းကချမှတ်သည့်စည်းကမ်း လိုက်နာမည်၊ ပေးသည့်တာဝန်ကျေအောင်ထမ်းဆောင်မည်၊ အသက်မွေး ပညာ ရသလောက်သင်ယူသွားမည်၊ ပြစ်ဒဏ်ကာလပြီးဆုံးလို့အိမ်ပြန်ရောက်သွားပါက တရားဥပဒေကိုလေးစာလိုက်နာ၍ ကောင်းရောင်းကောင်းဝယ်အသက်မွေးခြင်း၊ နိုင်ငံသားတစ်ယောက်၏ တာဝန်ကျေပွန်မည်ဆိုပါက မိတ်ဆွေတို့ဂုဏ်မြင့်မား နေပြီးလှူသူများ ကုသိုလ်အကျိုးထူးမည်ဖြစ်ကြောင်း၊ တစ်ကြိမ်တစ်ခါမှားခဲ့သည့်ပြစ်ဒဏ်ကို ပေးဆပ်ပြီးသည့်အခါထပ်မမှား ကြရန်နှင့်လူကောင်းသူကောင်းအဖြစ်နှင့် ဆက်လက်ရှင်သန်အသက်မွေးကြရန် ပြောကြားသွားကြောင်းသိရသည်။ 

ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အကျဉ်းသား များအားစားသောက်စရာများ၊ ဆေးပစ္စည်းများ၊ ရေသုံးဆပ်ပြာ၊ ဘာလချောင်တို့ကိုပေးအပ်လှူဒါန်းပေးကြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဘန်းကန်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ ဆေးပစ္စည်းများ၊ စားစရာများလှူဒါန်းပေးကြရာ အကျဉ်းဦးစီးမှတာဝန်ရှိသူများက လက်ခံရယူပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူများကအကျဉ်းသားများ၊ အိပ်ဆောင်များမီးဖိုဆောင်များနှင့် အစားအသောကကျွေးမွေးမှု တို့ကိုလှည့်လည်ကြည့်ရှု ကြကြောင်းသိရှိရသည်။

 မောင်မောင်သန်း(တောင်ကြီး) 

09 250132943

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

kayanရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အများဆုံး နေထိုင်ကြပါသည်။

We have 31 guests and no members online

Latest Updates