Articles

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆံု

နမၼတူ မတ္ - ၃

36

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ သက္ဆိုင္ရာျပည္နယ္အဆင့္ တာဝန္ ရွိသူမ်ားႏွင့္အတူ မတ္လ(၂)ရက္ေန႔ ညေန(၃)နာရီအခ်ိန္ကေက်ာက္မဲခ႐ိုင္၊ နမၼတူၿမိဳ႕နယ္ခန္းမတြင္ ေဒသ ဖြ႕ံၿဖိဳးေရး အတြက္ျပည္သူမ်ားႏွင့္ေတြ႕ဆံုေၾကာင္းသိရသည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ကအဖြင့္အမွာစကား ေျပာၾကားၿပီးျပည္နယ္ဝန္ႀကီးမ်ားႏွင့္ေဒသခံျပည္သူမ်ားကိုမိတ္ဆက္ေပးသည္။ ထို႔ေနာက္ နမၼတူၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးသိန္းစိန္ကေဒသဆိုင္ရာအခ်က္အလက္မ်ားရွင္းလင္းၿပီးၿမိဳ႕မိၿမိဳ႕ဖဦးသန္းလြင္မွ သတၱဳတြင္း ကိစၥရပ္မ်ား၊ က်ဴးေက်ာ္ေျမကိစၥမ်ား၊ အသင္းအဖြဲ႕အတြက္ေျမရရွိရန္ႏွင့္ကြန္ကရစ္တံတား(၂)စင္းကိုအစိုးရအဖြဲ႕မွ ေဆာင္ရြက္ေပးသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္းေျပာၾကားေဆြးေႏြးၿပီး၊ ေဘာ္တြင္းသတၱဳတြင္းတာဝန္ခံ ဦးျမင့္ဦးမွဆက္သြယ္ေရးကိစၥရပ္မ်ား၊ ေျမကြက္ကိစၥမ်ား၊ တရားဥပေဒစိုးမိုးေရးကိစၥရပ္မ်ား၊ လူမႈဖူလံုေရး အသင္းဝင္ကိစၥရပ္မ်ားႏွင့္ ထပ္ဆင့္လႊင့္တာဝါတိုင္ တည္ေဆာက္ေပးႏိုင္ရန္ကိစၥရပ္မ်ားကို ရွင္းလင္းတင္ျပ ေဆြးေႏြးသည္။

ဆက္လက္၍ျပည္သူမ်ား၏လိုအပ္ခ်က္မ်ားတင္ျပေဆြးေႏြးမႈကို ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားက ျပန္လည္ေျဖရွင္းျဖည့္ဆည္းေျပာၾကားၿပီး ရွမ္းျပည္နယ္အစိုးရ အဖြဲ႕မွ စာသင္ေက်ာင္းမ်ားအတြက္ ဗလာစာအုပ္၊ အားကစားပစၥည္းမ်ား၊ ေက်ာင္းအတြက္အမႈိက္ပံုးမ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီး၊ ဗမာတိုင္းရင္းလူမ်ိဳးေရးရာဝန္ႀကီးတို႔ကေပးအပ္ရာ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူ တို႔ကလက္ခံရယူၾကသည္။

ထို႔ေနာက္ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတို႔သည္ နမၼတူၿမိဳ႕နယ္တြင္ဖြင့္လွစ္ထားေသာ စစ္ေဘးေရွာင္ ျပည္သူမ်ားအားသြားေရာက္အားေပးစကား ေျပာၾကားကာေက်ာက္မဲခ႐ိုင္ နမၼတူၿမိဳ႕နယ္(သီေပါ-မန္စံ-နမၼတူလမ္း) တံတားတည္ေဆာက္ေနမႈႏွင့္နမၼတူသတၱဳတြင္းသို႔သြားေရာက္ၾကည့္႐ွဳစစ္ေဆးခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ျပန္/ဆက္

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးအတွက်ဒေသခံပြည်သူများနှင့်တွေ့ဆုံ

နမ္မတူ မတ် - ၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် တာဝန် ရှိသူများနှင့်အတူ မတ်လ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်ကကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ခန်းမတွင် ဒေသ ဖွံ့ဖြိုးရေး အတွက်ပြည်သူများနှင့်တွေ့ဆုံကြောင်းသိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကအဖွင့်အမှာစကား ပြောကြားပြီးပြည်နယ်ဝန်ကြီးများနှင့်ဒေသခံပြည်သူများကိုမိတ်ဆက်ပေးသည်။ ထို့နောက် နမ္မတူမြို့နယ် အုပ်ချုပ်ရေးမှူးဦးသိန်းစိန်ကဒေသဆိုင်ရာအချက်အလက်များရှင်းလင်းပြီးမြို့မိမြို့ဖဦးသန်းလွင်မှ သတ္တုတွင်း ကိစ္စရပ်များ၊ ကျူးကျော်မြေကိစ္စများ၊ အသင်းအဖွဲ့အတွက်မြေရရှိရန်နှင့်ကွန်ကရစ်တံတား(၂)စင်းကိုအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားဆွေးနွေးပြီး၊ ဘော်တွင်းသတ္တုတွင်းတာဝန်ခံ ဦးမြင့်ဦးမှဆက်သွယ်ရေးကိစ္စရပ်များ၊ မြေကွက်ကိစ္စများ၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ လူမှုဖူလုံရေး အသင်းဝင်ကိစ္စရပ်များနှင့် ထပ်ဆင့်လွှင့်တာဝါတိုင် တည်ဆောက်ပေးနိုင်ရန်ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

ဆက်လက်၍ပြည်သူများ၏လိုအပ်ချက်များတင်ပြဆွေးနွေးမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်းဖြည့်ဆည်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ စာသင်ကျောင်းများအတွက် ဗလာစာအုပ်၊ အားကစားပစ္စည်းများ၊ ကျောင်းအတွက်အမှိုက်ပုံးများကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းလူမျိုးရေးရာဝန်ကြီးတို့ကပေးအပ်ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ တို့ကလက်ခံရယူကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် နမ္မတူမြို့နယ်တွင်ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ပြည်သူများအားသွားရောက်အားပေးစကား ပြောကြားကာကျောက်မဲခရိုင် နမ္မတူမြို့နယ်(သီပေါ-မန်စံ-နမ္မတူလမ်း) တံတားတည်ဆောက်နေမှုနှင့်နမ္မတူသတ္တုတွင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်ပြန်/ဆက်

 

ကြတ္ခိုင္ၿမိဳ႕ ျပည္သူ႕ေဆး႐ုံတည္ေဆာက္ေရးလုပ္ငန္းမ်ား ကြင္းဆင္းစစ္ေဆး

ကြတ္ခိုင္ မတ္ - ၁

35

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ ကုသေရးႏွင့္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉး (လား႐ႈိး) ေဒါက္တာဝင္းႏိုင္ႏွင့္အဖြဲ႕သည္ မတ္လ ၁ ရက္ နံနက္ပိုင္းတြင္ ကြတ္ခိုင္ၿမိဳ႕ ျပည္သူ႕ေဆး႐ုံ ၂ ထပ္လူနာေဆာင္ ၄ ခန္းတြဲ ၄ ထပ္၊ ဝန္ထမ္းအိမ္ရာ ၃ ခန္းတြဲ ၃ ထပ္ႏွင့္ ဆရာဝန္ေနအိမ္ တည္ေဆာက္ေနမႈမ်ားအား ကြင္းဆင္းၾကည့္႐ႈစစ္ေဆးၿပီး လိုအပ္သည္မ်ားမွာၾကားခဲ့ေၾကာင္းသိရွိရသည္။

အစရ(ရွမ္း)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံတည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကွတ်ခိုင် မတ် - ၁

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (လားရှိုး) ဒေါက်တာဝင်းနိုင်နှင့်အဖွဲ့သည် မတ်လ ၁ ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံ ၂ ထပ်လူနာဆောင် ၄ ခန်းတွဲ ၄ ထပ်၊ ဝန်ထမ်းအိမ်ရာ ၃ ခန်းတွဲ ၃ ထပ်နှင့် ဆရာဝန်နေအိမ် တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရှိရသည်။

အစရ(ရှမ်း)

 

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တည္ေဆာက္ေရးလုပ္ငန္းမ်ားကြင္းဆင္းစစ္ေဆး

လား႐ႈိး မတ္ - ၁

32

  ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းႏွင့္ အဖြဲ႕သည္ ျပည္နယ္ကုသေရးႏွင့္ ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ လား႐ႈိးတကၠသိုလ္၊ လား႐ႈိနည္းပညာ တကၠသိုလ္တို႔ရွိ တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈကို ေဖေဖာ္ဝါရီ (၂၈)ရက္ နံနက္ပိုင္းတြင္ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္းသိရသည္။ 

အဆိုပါတည္ေဆာက္ေရးလုပ္ငန္းခြင္မ်ားအတြင္း လွည့္လည္စစ္ေဆးၾကည့္႐ႈၿပီး၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ တည္ေဆာက္ေရးကုမၸဏီမ်ားမွ တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားကို ေပါင္းစပ္ ၫွိႏႈိင္းေပးကာ အေဆာက္အဦမ်ား အရည္အေသြး ျပည့္မီေရး၊ သတ္မွတ္ကာလအတြင္း ၿပီးစီးေရး အတြက္ ေဆာင္႐ြက္သြားၾကရန္ မွာၾကားခဲ့ေၾကာင္း  သိရသည္။

အစရ(ရွမ္း)

(unicode)+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်(မြောက်ပိုင်း) တည်ဆောက်ရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

လားရှိုး မတ် - ၁

  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် အဖွဲ့သည် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လားရှိုးတက္ကသိုလ်၊ လားရှိုနည်းပညာ တက္ကသိုလ်တို့ရှိ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ (၂၈)ရက် နံနက်ပိုင်းတွင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ 

အဆိုပါတည်ဆောက်ရေးလုပ်ငန်းခွင်များအတွင်း လှည့်လည်စစ်ဆေးကြည့်ရှုပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တည်ဆောက်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းပေးကာ အဆောက်အဦများ အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အတွက် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း  သိရသည်။

အစရ(ရှမ်း)

 

အေျခခံပညာေက်ာင္းေပါင္းစုံ အသက္အုပ္စုအလိုက္ က်ား/မ ေဘာလုံး ၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေနာင္ခ်ိဳ မတ္ - ၁

31

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕ ဘန္ေဘြး အေျခခံပညာအထက္တန္းေက်ာင္း တြင္ အေျခခံပညာေက်ာင္းေပါင္းစုံ အသက္အုပ္စု အလိုက္အသက္ ၇/ ၉/ ၁၁/ ၁၃/ ၁၅ ႏွစ္ေအာက္ က်ား/မ ေဘာလုံး ၿပိဳင္ပြဲကို ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔၌က်င္းပရာ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးေဒါက္တာညီညီေအာင္၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ဦးခြန္ရဲေထြး တို႔တက္ေရာက္အားေပးခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ အခမ္းအနားတြင္ ဆုရရွိသူမ်ားအား ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးေဒါက္တာ ညီညီေအာင္၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးတို႔မွ ဆုဖလားႏွင့္ ေ႐ႊတံဆိပ္ဆုတို႔ကို အသီးသီးခ်ီးျမႇင့္ေပးခဲ့ေၾကာင္းသိရွိရသည္။

အစရ(ရွမ္း)

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အခြေခံပညာကျောင်းပေါင်းစုံ အသက်အုပ်စုအလိုက် ကျား/မ ဘောလုံး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

နောင်ချို မတ် - ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ ဘန်ဘွေး အခြေခံပညာအထက်တန်းကျောင်း တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်အုပ်စု အလိုက်အသက် ၇/ ၉/ ၁၁/ ၁၃/ ၁၅ နှစ်အောက် ကျား/မ ဘောလုံး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့၌ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး တို့တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် အခမ်းအနားတွင် ဆုရရှိသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါက်တာ ညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့မှ ဆုဖလားနှင့် ရွှေတံဆိပ်ဆုတို့ကို အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်။

အစရ(ရှမ်း)

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

inn-thar

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်တဝိုက်တွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online