Articles

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (စတုတၳေန႔)က်င္းပ

ေတာင္ႀကီး ဇြန္   -   ၁၃

130

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (စတုတၳေန႔)ကို ၂၀၁၉ခုႏွစ္ ဇြန္(၁၃) ရက္ နံနက္(၁၀)နာရီက ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးခန္းမ၌က်င္းပေၾကာင္းသိရသည္။

အစည္းအေဝးတြင္ ျပည္နယ္လႊတ္ေတာ္႐ုံး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚနန္းမိုခမ္းက အခမ္းအနားမႉး အျဖစ္ေဆာင္႐ြက္ၿပီး၊  ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ဦးစိုင္းလုံးဆိုင္က အစည္းေဝးတြင္ တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ ကိုယ္စားလွယ္(၁၄၀)ဦးရွိသည့္အနက္ ခြင့္ပန္ၾကားသူ(၁၃)ဦးရွိၿပီး အစည္းအေဝးသို႔(၁၂၇)ဦးတက္ေရာက္သျဖင့္ (၉၀.၇၁)%  ရွိေသာေၾကာင့္ အစည္းအေဝးအထေျမာက္ေၾကာင္းႏွင့္ (စတုတၳေန႔) အစည္းအေဝးစတင္က်င္းပေၾကာင္းေၾကညာသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္(၁၃)ဦးတို႔အတြက္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စိစစ္ေရးေကာ္မတီဥကၠ႒၊ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ဦးလင္းေအာင္ေဆြက ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္မွသေဘာတူေၾကာင္းႏွင့္ အစည္းအေဝး အထေျမာက္မႈကို လႊတ္ေတာ္မွအတည္ျပဳေၾကာင္းေၾကညာသည္။

ထို႔ေနာက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္(၈)ဦးမွ ၾကယ္ပြင့္ျပေမးခြန္း(၁၄)ခုေမးျမန္းျခင္း ေဆာင္႐ြက္ရာတြင္ မိုင္း႐ႉးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးစိုင္းလင္းျမတ္ က “မိုင္း႐ႉးၿမိဳ႕၊ ၿမိဳ႕မေဂါက္ကြင္း သာယာလွပေရးအတြက္ အသစ္ျပန္လည္တည္ေဆာက္မည့္ ဆိုင္ခန္းမ်ားကိစၥ” ႏွင့္ စပ္လ်ဥ္းသည့္ေမးခြန္းအား ေမးျမန္းရာ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီးဦးစိုင္းစြံဆိုင္း(ကိုယ္စား) ျပည္နယ္လၽွပ္စစ္၊ စြမ္းအင္ႏွင့္စက္မႈဝန္ႀကီး  ဦးစိုင္းရွဲန္တစ္လုံ မွလည္းေကာင္း၊ ေက်ာက္မဲၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းထြန္းဉာဏ္က “အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ လယ္/ယာ ထြက္ကုန္သီးႏွံမ်ား တင္ပို႔ေရာင္းခ်ရာတြင္ အစိုးရအေနျဖင့္ ကူညီေဆာင္႐ြက္ေပးရန္ အစီအစဥ္ရွိ/မရွိ” ႏွင့္ စပ္လ်ဥ္းသည့္ေမးခြန္းအားေမးျမန္းရာ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဦးစိုးၫြန္႔လြင္မွ လည္းေကာင္း၊ သီေပါၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းခမ္းေအာင္ က “သီေပါၿမိဳ႕နယ္ မီးသတ္စခန္းအတြက္ ရွာေဖြကယ္ဆယ္ေရးပစၥည္း(၄)မ်ိဳးပါဝင္ေသာ Hydraulic Rescue Tools Complete Setတစ္စုံအား ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္ အစီအစဥ္ရွိ/မရွိ” ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအားေမးျမန္းရာ ျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မႉးႀကီးလွဦးမွလည္းေကာင္း၊ “သီေပါၿမိဳ႕နယ္၊ လုံေတာင္းေက်း႐ြာအုပ္စု၊ ပုံလ်န္း ေက်း႐ြာရွိနမ့္လာေခ်ာင္းေပၚတြင္ ကြန္ကရစ္ဆည္ တည္ေဆာက္ေပးရန္အစီအစဥ္ရွိ/မရွိ” ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းအား ေမးျမန္းရာ ျပည္နယ္စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္မွလည္းေကာင္း အသီးသီးျပန္လည္ ေျဖၾကားၾကသည္။

၎ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ တင္သြင္းခဲ့ေသာ ၂၀၁၈-၂၀၁၉ခု၊ ဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္၏ ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသုံးစြဲေရးဥပေဒၾကမ္းႏွင့္ စပ္လ်ဥ္း၍ ရွမ္းျပည္နယ္လႊတ္ေတာ္ ေဒသႏၲရစီမံကိန္းႏွင့္ ဘ႑ာေငြအရအသုံးဆိုင္ရာ စိစစ္ေရးေကာ္မတီဥကၠ႒၊ တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ဦးခင္ေမာင္တင့္က စိစစ္သုံးသပ္တင္ျပၿပီး၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥပေဒျပဳေရးဆိုင္ရာ ေကာ္မတီအဖြဲ႕ဝင္ နမ့္ဆန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ထြဏ္းက ေကာ္မတီ အစီရင္ခံစာကို လႊတ္ေတာ္သို႔ ဖတ္ၾကားတင္ျပၿပီးေနာက္ ျပည္နယ္စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္မွ ယင္း ဥပေဒၾကမ္းအား  အတည္ျပဳေပးႏိုင္ပါရန္ လႊတ္ေတာ္၏အဆုံးအျဖတ္ရယူရာ လႊတ္ေတာ္က သေဘာတူသျဖင့္ ဥပေဒၾကမ္း ကိုအတည္ျပဳေၾကာင္း ျပည္နယ္လႊတ္ေတာ္ဥကၠ႒ကေၾကညာသည္။

ယင္းေနာက္ ျပည္နယ္လႊတ္ေတာ္ဥကၠ႒က တိုင္ၾကားစာမ်ားစိစစ္ေရးေကာ္မတီ၊ ရွမ္းျပည္နယ္အစိုးရ၏ အာမခံခ်က္မ်ား၊ ကတိမ်ားႏွင့္ တာဝန္ခံခ်က္မ်ားစိစစ္ေရးေကာ္မတီႏွင့္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေရးႏွင့္ လၽွပ္စစ္ေရးရာ ေကာ္မတီတို႔၏ အဖြဲ႕ဝင္တိုးခ်ဲ႕ဖြဲ႕စည္းျခင္းကို ျပည္နယ္လႊတ္ေတာ္သို႔ တင္ျပျခင္းႏွင့္  အတည္ျပဳခ်က္ရယူရာ လႊတ္ေတာ္က အတည္ျပဳေၾကာင္း ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ကေၾကညာၿပီး ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ေဆာင္႐ြက္ခ်က္မ်ား အပါအဝင္ လႊတ္ေတာ္လုပ္ငန္းဆိုင္ရာမ်ားအား ျပည္နယ္လႊတ္ေတာ္ဥကၠ႒မွ ရွင္းလင္းတင္ျပသည္။

အဆိုပါအစည္းအေဝးသို႔ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဒုတိယဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ေလ့လာသူမ်ားတက္ေရာက္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပ

တောင်ကြီး ဇွန်   -   ၁၃

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ၂၀၁၉ခုနှစ် ဇွန်(၁၃) ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပကြောင်းသိရသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူး အဖြစ်ဆောင်ရွက်ပြီး၊  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က အစည်းဝေးတွင် တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၁၄၀)ဦးရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၃)ဦးရှိပြီး အစည်းအဝေးသို့(၁၂၇)ဦးတက်ရောက်သဖြင့် (၉၀.၇၁)%  ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် (စတုတ္ထနေ့) အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးတို့အတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှသဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်းကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၄)ခုမေးမြန်းခြင်း ဆောင်ရွက်ရာတွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းလင်းမြတ် က “မိုင်းရှူးမြို့၊ မြို့မဂေါက်ကွင်း သာယာလှပရေးအတွက် အသစ်ပြန်လည်တည်ဆောက်မည့် ဆိုင်ခန်းများကိစ္စ” နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း(ကိုယ်စား) ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး  ဦးစိုင်းရှဲန်တစ်လုံ မှလည်းကောင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “အိမ်နီးချင်းနိုင်ငံများနှင့် လယ်/ယာ ထွက်ကုန်သီးနှံများ တင်ပို့ရောင်းချရာတွင် အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးညွန့်လွင်မှ လည်းကောင်း၊ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင် က “သီပေါမြို့နယ် မီးသတ်စခန်းအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်း(၄)မျိုးပါဝင်သော Hydraulic Rescue Tools Complete Setတစ်စုံအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးမှလည်းကောင်း၊ “သီပေါမြို့နယ်၊ လုံတောင်းကျေးရွာအုပ်စု၊ ပုံလျန်း ကျေးရွာရှိနမ့်လာချောင်းပေါ်တွင် ကွန်ကရစ်ဆည် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်က စိစစ်သုံးသပ်တင်ပြပြီး၊ ရှမ်းပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက ကော်မတီ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီးနောက် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ယင်း ဥပဒေကြမ်းအား  အတည်ပြုပေးနိုင်ပါရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ဥပဒေကြမ်း ကိုအတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကကြေညာသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တိုင်ကြားစာများစိစစ်ရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် လျှပ်စစ်ရေးရာ ကော်မတီတို့၏ အဖွဲ့ဝင်တိုးချဲ့ဖွဲ့စည်းခြင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်းနှင့်  အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကကြေညာပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများတက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (တတိယေန႔)က်င္းပ

ေတာင္ႀကီး ဇြန္   -   ၁၂

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (တတိယေန႔)ကို ၂၀၁၉ခုႏွစ္ ဇြန္(၁၂) ရက္ နံနက္(၁၀)နာရီက ရွမ္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။

အစည္းအေဝးတြင္ ျပည္နယ္လႊတ္ေတာ္႐ုံး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚနန္းမိုခမ္းကအခမ္းအနားမႉးအျဖစ္ ေဆာင္႐ြက္ၿပီး၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒က အစည္းအေဝးတြင္တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ကိုယ္စားလွယ္(၁၄၀)ဦး ရွိသည့္အနက္ ခြင့္ပန္ၾကားသူ(၁၃)ဦးရွိၿပီး အစည္းအေဝးသို႔(၁၂၇)ဦးတက္ေရာက္သျဖင့္ (၉၀.၇၁)% ရွိေသာေၾကာင့္ အစည္းအေဝးအထေျမာက္ေၾကာင္းႏွင့္ (တတိယေန႔) အစည္းအေဝး စတင္က်င္းပေၾကာင္းေၾကညာသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္(၁၃)ဦးတို႔အတြက္ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား စိစစ္ေရးေကာ္မတီဥကၠ႒၊ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြက ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္မွ သေဘာတူေၾကာင္းႏွင့္ အစည္းအေဝး အထေျမာက္မႈကို လႊတ္ေတာ္မွအတည္ျပဳေၾကာင္းေၾကညာသည္။

ထို႔ေနာက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္(၁၁)ဦးမွ ၾကယ္ပြင့္ျပေမးခြန္း (၁၆)ခု ေမးျမန္းျခင္း ေဆာင္႐ြက္ရာတြင္ သီေပါၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းခမ္းေအာင္ က “သီေပါၿမိဳ႕နယ္၊ လုံေတာင္း ေက်း႐ြာအုပ္စု၊ ခိုင္းမြန္ႏွင့္ ပန္ေလာင္ေက်း႐ြာခ်င္းဆက္လမ္း အရွည္(၃)မိုင္ေက်ာ္အား ေျမသားလမ္းအျဖစ္ ေဖာက္လုပ္ေပးရန္ အစီအစဥ္ရွိ/မရွိ” ေမးခြန္း၊ “သီေပါၿမိဳ႕နယ္၊ လုံေတာင္းေက်း႐ြာအုပ္စု၊ ပန္ေလာင္ေက်း႐ြာအနီးရွိ နမ့္ပန္ေခ်ာင္းကူးသစ္သား တံတားအား ကြန္ကရစ္တံတားအျဖစ္ တည္ေဆာက္ေပးရန္ အစီအစဥ္ ရွိ/မရွိ” ေမးခြန္းႏွင့္ “သီေပါၿမိဳ႕နယ္၊ လုံေတာင္းေက်း႐ြာ အုပ္စု၊ ပန္ေလာင္ႏွင့္ ပုံလ်န္းေက်း႐ြာအၾကားရွိ နမ့္ပါခ်ီးသစ္သားတံတားအား ကြန္ကရစ္တံတားအျဖစ္ တည္ေဆာက္ေပးရန္ အစီအစဥ္ရွိ/မရွိ” ႏွင့္စပ္လ်ဥ္းသည့္ေမးခြန္းတို႔အားေမးျမန္းရာ ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးလွဦးမွ လည္းေကာင္း ျပန္လည္ေျဖၾကားၾကသည္။

အဆိုပါအစည္းအေဝးသို႔ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္၊  ျပည္နယ္လႊတ္ေတာ္ဒုတိယဥကၠ႒၊ ျပည္နယ္ဥပေဒခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ေလ့လာသူမ်ားတက္ေရာက္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)ကျင်းပ

တောင်ကြီး ဇွန်   -   ၁၂

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၁၉ခုနှစ် ဇွန်(၁၂) ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းကအခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၁၃)ဦးရှိပြီး အစည်းအဝေးသို့(၁၂၇)ဦးတက်ရောက်သဖြင့် (၉၀.၇၁)% ရှိသောကြောင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် (တတိယနေ့) အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၃)ဦးတို့အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်မှုကို လွှတ်တော်မှအတည်ပြုကြောင်းကြေညာသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၁၆)ခု မေးမြန်းခြင်း ဆောင်ရွက်ရာတွင် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင် က “သီပေါမြို့နယ်၊ လုံတောင်း ကျေးရွာအုပ်စု၊ ခိုင်းမွန်နှင့် ပန်လောင်ကျေးရွာချင်းဆက်လမ်း အရှည်(၃)မိုင်ကျော်အား မြေသားလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်း၊ “သီပေါမြို့နယ်၊ လုံတောင်းကျေးရွာအုပ်စု၊ ပန်လောင်ကျေးရွာအနီးရှိ နမ့်ပန်ချောင်းကူးသစ်သား တံတားအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် “သီပေါမြို့နယ်၊ လုံတောင်းကျေးရွာ အုပ်စု၊ ပန်လောင်နှင့် ပုံလျန်းကျေးရွာအကြားရှိ နမ့်ပါချီးသစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းတို့အားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ လည်းကောင်း ပြန်လည်ဖြေကြားကြသည်။

အဆိုပါအစည်းအဝေးသို့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများတက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ အသက္(၂၅)ႏွစ္ေအာက္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ဇြန္   −   ၁၀

129

၂၀၁၉ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္အသက္(၂၅)ႏွစ္ေအာက္ ပိုက္ေက်ာ္ ျခင္းၿပိဳင္ပြဲဗိုလ္လုပြဲႏွင့္ ဆုခ်ီးျမႇင့္ပြဲကို ဇြန္လ(၉)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕သစ္ေတာရပ္ကြက္ရွိ ျပည္နယ္ ေလ့က်င့္ေရးအားကစား႐ုံ၌ က်င္းပခဲ့ေၾကာင္းသိရသည္။ 

ဗိုလ္လုပြဲသို႔ ေတာင္ႀကီးၿမိဳ႕နယ္အသင္းႏွင့္ လား႐ႈိးၿမိဳ႕နယ္အသင္းတို႔ယွဥ္ၿပိဳင္ေနမႈကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ရွမ္းျပည္နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္သိန္း၊ ဒုတိယၫြန္ၾကားေရးမႉးႏွင့္ လက္ေထာက္ၫြန္ၾကားေရးမႉးမ်ား၊ ဝန္ထမ္းမ်ား၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္ေပါင္းစုံမွ ၿပိဳင္ပြဲဝင္အသင္းအုပ္ခ်ဳပ္သူမ်ားႏွင့္ အားကစားသမားမ်ား၊ အားကစားဝါသနာရွင္မ်ားမွ ၾကည့္႐ႈအားေပးၾကရာ ေတာင္ႀကီးၿမိဳ႕နယ္အသင္းကႏွစ္ပြဲျပတ္ျဖင့္ အႏိုင္ရရွိသြားသည္။ ဆက္လက္၍ ဆုခ်ီးျမႇင့္ပြဲက်င္းပရာ ပထမဆုရရွိေသာေတာင္ႀကီးၿမိဳ႕နယ္အသင္းအားဆုတံဆိပ္၊ ေငြသားက်ပ္(၅)သိန္း၊ ပထမတစ္ခြန္စိုက္ဆုဖလား၊ ဒုတိယဆုရရွိေသာ လား႐ႈိးၿမိဳ႕နယ္အသင္းအားဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၃)သိန္း၊ ပူးတြဲတတိယ ဆုရရွိေသာ သိႏၷီၿမိဳ႕နယ္အသင္းႏွင့္ ကေလာၿမိဳ႕နယ္အသင္းတို႔အား ဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၁)သိန္း(၅)ေသာင္းစီႏွင့္ ပြဲစဥ္ တစ္ေလၽွာက္လုံး အေကာင္းဆုံးဆုရရွိေသာ ေတာင္ႀကီးၿမိဳ႕နယ္အသင္းမွ ေက်ာနံပါတ္(၅)ေမာင္မ်ိဳးေဇာ္ခိုင္အား ဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၅)ေသာင္းတို႔ကို ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းႏွင့္ တာဝန္ရွိသူမ်ားက အသီးသီးခ်ီးျမႇင့္ေပးအပ္ ၾကသည္။

ၿပိဳင္ပြဲတြင္ဆုရရွိသူမ်ားႏွင့္ အေကာင္းဆုံးအားကစားသမားမ်ားအား ေ႐ြးခ်ယ္၍ ေနျပည္ေတာ္တြင္ ဇြန္လ(၂၅)ရက္ေန႔ မွဇူလိုင္(၅)ရက္ေန႔ထိ က်င္းပျပဳလုပ္မည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္ကိုယ္စားျပဳ လက္ေ႐ြးစင္အသင္းအေနျဖင့္ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း သိရွိရသည္။  

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္သယံဇာတႏွင့္သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ရွမ္းျပည္နယ္အားကစား ႏွင့္ကာယပညာဦးစီးဌာန ၫြန္ၾကားေရးမႉးဦးေက်ာ္ေက်ာ္သိန္းႏွင့္ အဖြဲ႕ဝင္မ်ားသည္ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ အတြင္းရွိ ဘတ္စကက္ေဘာၿပိဳင္ပြဲကြင္းပါေကးျပားခင္းခ်င္းလုပ္ငန္းေဆာင္႐ြက္ေနမႈႏွင့္ ျပည္နယ္ေဘာလုံးအားကစား ကြင္းႀကီးျပဳျပင္ၿပီးစီးမႈအေျခအေနမ်ား လိုက္လံၾကည့္႐ႈကာ လိုအပ္သည္မ်ားမွာၾကားခဲ့ေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇွန်   −   ၁၀

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက်(၂၅)နှစ်အောက် ပိုက်ကျော် ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန်လ(၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ ပြည်နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။ 

ဗိုလ်လုပွဲသို့ တောင်ကြီးမြို့နယ်အသင်းနှင့် လားရှိုးမြို့နယ်အသင်းတို့ယှဉ်ပြိုင်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွန်ကြားရေးမှူးနှင့် လက်ထောက်ညွန်ကြားရေးမှူးများ၊ ဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များမှ ကြည့်ရှုအားပေးကြရာ တောင်ကြီးမြို့နယ်အသင်းကနှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုရရှိသောတောင်ကြီးမြို့နယ်အသင်းအားဆုတံဆိပ်၊ ငွေသားကျပ်(၅)သိန်း၊ ပထမတစ်ခွန်စိုက်ဆုဖလား၊ ဒုတိယဆုရရှိသော လားရှိုးမြို့နယ်အသင်းအားဆုတံဆိပ်နှင့် ငွေသားကျပ်(၃)သိန်း၊ ပူးတွဲတတိယ ဆုရရှိသော သိန္နီမြို့နယ်အသင်းနှင့် ကလောမြို့နယ်အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်း(၅)သောင်းစီနှင့် ပွဲစဉ် တစ်လျှောက်လုံး အကောင်းဆုံးဆုရရှိသော တောင်ကြီးမြို့နယ်အသင်းမှ ကျောနံပါတ်(၅)မောင်မျိုးဇော်ခိုင်အား ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်းတို့ကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ် ကြသည်။

ပြိုင်ပွဲတွင်ဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားများအား ရွေးချယ်၍ နေပြည်တော်တွင် ဇွန်လ(၂၅)ရက်နေ့ မှဇူလိုင်(၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။  

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးဦးကျော်ကျော်သိန်းနှင့် အဖွဲ့ဝင်များသည် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ အတွင်းရှိ ဘတ်စကက်ဘောပြိုင်ပွဲကွင်းပါကေးပြားခင်းချင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်နယ်ဘောလုံးအားကစား ကွင်းကြီးပြုပြင်ပြီးစီးမှုအခြေအနေများ လိုက်လံကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

း႐ိုးမဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ ရွမ္း႐ိုးမဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးေရာက္ရွိ အလႉေငြလႉဒါန္းးေရာက္ရွိ အလႉေငြလႉဒါန္း

ကေလာ ဇြန္- ၈

128

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး ေဒၚနန္းေ႐ႊျမင့္ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္ႏွင့္ တာဝန္ရွိသူမ်ားသည္ ဇြန္(၈)ရက္ နံနက္ပိုင္းက ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကေလာၿမိဳ႕နယ္ရွိ ရွမ္း႐ိုးမဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးစခန္းသို႔ ေရာက္ရွိၿပီး ေငြက်ပ္(၁၀)သိန္း လႉဒါန္းခဲ့ေၾကာင္းသိရသည္။ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ရွမ္းျပည္နယ္အမ်ိဳးသမီးေရးရာနာယကေဒၚနန္းေ႐ႊျမင့္ႏွင့္ တာဝန္ ရွိသူမ်ားက ရွမ္း႐ိုးမဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးစခန္းရွိ ဝန္ထမ္းမိသားစုမ်ားအား အာဟာရစားဖြယ္ရာမုန္႔ႏွင့္ ကေလး အဝတ္အစားမ်ား၊ ေက်ာင္းသုံးပစၥည္းမ်ားလႉဒါန္းေပးခဲ့ေၾကာင္းသိရသည္။ 

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး တာဝန္ရွိသူမ်ားသည္ ရွမ္း႐ိုးမဆင္စခန္းအတြင္း ဆင္စာမ်ားေကၽြးျခင္း၊ ဆင္စခန္းအား လွည့္လည္ၾကည့္႐ႈခဲ့ၾကၿပီး ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားက ရွမ္း႐ိုးမဆင္ထိန္းသိမ္း ေစာင့္ေရွာက္ေရးစခန္းအတြက္ အလႉေငြက်ပ္(၁၀)သိန္းကို ဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးစခန္းတာဝန္ခံ ဦးစိုင္းသန္းႏိုင္ထံ ေပးအပ္ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် ရှမ်းရိုးမဆင်ထိန်းသိမ်းစောင့်ရှောက်ရေးရောက်ရှိ အလှူငွေလှူဒါန်း

ကလော ဇွန်- ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူများသည် ဇွန်(၈)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်ရှိ ရှမ်းရိုးမဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ ရောက်ရှိပြီး ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ကြောင်းသိရသည်။ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာနာယကဒေါ်နန်းရွှေမြင့်နှင့် တာဝန် ရှိသူများက ရှမ်းရိုးမဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းရှိ ဝန်ထမ်းမိသားစုများအား အာဟာရစားဖွယ်ရာမုန့်နှင့် ကလေး အဝတ်အစားများ၊ ကျောင်းသုံးပစ္စည်းများလှူဒါန်းပေးခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ရှမ်းရိုးမဆင်စခန်းအတွင်း ဆင်စာများကျွေးခြင်း၊ ဆင်စခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းရိုးမဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းအတွက် အလှူငွေကျပ်(၁၀)သိန်းကို ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတာဝန်ခံ ဦးစိုင်းသန်းနိုင်ထံ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

lishaw
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ မြို့နယ်တွင် အများစုနေထိုင်ကြပြီး၊ လွိုင်လင်၊ မိုးမိတ်၊ မဘိမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ ညောင်ရွှေနှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်။

We have 63 guests and no members online